Pages

August 31, 2006

Listen to a PDF file

ဒီနေ့  သူငယ်ချင်း တစ်ယောက်ကပြောပြလို့  pdf file ထဲမှာ ရေးထားတာတွေကို နားထောင်လို့ ရတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မ အဲ့လို နားထောင်လို့  ရတယ်ဆိုတာကို အရင်က လုံးဝမသိဘူး။ ဒီနေ့ မှပဲ သိတော့တယ်။ စမ်းကြည့်တော့ မဆိုးဘူး။ တစ်ခြား ဘာမှ install လုပ်စရာ မလိုပဲ နားထောင်လို့ ရတယ် ဆိုတာ တော်တော် မိုက်တယ်။ မြန်မာလို ရေးထားကို ဆိုရင် ဘယ်လို နေမလည်းလို့  စမ်းကြည့်လိုက်သေးတယ်။ နားထောင်လို့  မရဘူး။ သူတို့  မြန်မာလို ရေးထားတာတွေကိုမှ နားမလည်တာ။ ကျွန်မ စမ်းကြည့် သလောက်တော့ အင်္ဂလိပ်လို ရေးထားတာတွေ ကိုတော့ သေချာနားထောင်လို့ ရတယ်။ စာဖတ်ပျင်းတဲ့ သူတွေ အတွက်တော့ အတော်ကောင်းတဲ့ feature တစ်ခုပဲ။ တစ်ခုတော့ရှိတယ်။ ဖတ်ပြတဲ့ သူရဲ့အသံကြီးကိုတော့ ကျွန်မ မကြိုက်ဘူး။ အသံကောင်းကောင်းလေးနဲ့  ဖတ်ပြတယ်ဆို ဘယ်လောက်များ ကောင်းလိုက်မလဲ။

ဒါလေးကို စမ်းကြည့်ပြီး၊ နောင်တစ်ချိန် ချိန်မှာ.. ဘယ်သူကများ မြန်မာလိုရေးထားတဲ့ file တွေကို နားထောင်လို့ ရအောင် တီထွင်မလဲ ဆိုတာကိုလည်း သိချင်နေပြန်တယ်။ အဲ့လို တီထွင်မယ့်လူဟာ ကျွန်မ မဟုတ်ဘူးဆိုတာ ကိုလည်း ကျွန်မ အသေအချာသိနေ ပြန်ပါတယ်။

You can listen to any PDF file instead of reading. Note that this feature works with Adobe Acrobat Reader 6.0 or 7 .0, and the short cut is:

* Ctrl+Shift+B - to hear the entire document
* Ctrl+Shift+V - to hear the page
* Ctrl+Shift+C - to resume
* Ctrl+Shift+E - to stop

If the audio is not clear for hearing/understanding or because the voice is slow or fast, you can adjust the diction using the adjustment in Voice Speed of Text to speech tab from Settings > Control Panel > Speech.

4 comments:

NLS said...

Tnx N3. I've never known that.

I think it use ms' text-to-speech prgm.
So when mm unicode finish, it will be possible to do such work.

Btw, I use Speech Center software for reading and listening practice.

Unknown said...

တီထွင်မဲ့သူထဲမှာ ကျနော်လဲမပါဘူး။ :D

Nay Nay Naing said...

ဟုတ်တယ်ကိုချို။ နားထောင်လို့  သာမကောင်းတာ၊ အသုံးတော့ ဝင်သား။

ညီလင်းဆက် ပြောတဲ့ software ကို စမ်းသုံးကြည့် ဦးမယ်။ ကျေးဇူးတင်ပါတယ်။ ဒီမှာ နေတာ နည်းနည်းကြာတော့ တရုတ် အသံတွေပဲ ကျွန်တော့် နားက ကြားနေတော့တယ်။ ဆိုးတယ်ဗျာ။

ကိုဝေဖြိုးလည်း မဟုတ်၊ ကျွန်တော်လည်းမဟုတ်။ ဒါဆို ဘယ်သူများ ဖြစ်မလဲ။

NLS said...

မမွေးသေးဘူးနဲ့ တူတယ်ဗျ :P