Pages

September 01, 2006

September - စက်တင်ဘာ

ဒီနေ့  စက်တင်ဘာလ တစ်ရက်နေ့ ..
လွန်ခဲ့တဲ့ နှစ်တွေက ဒီလို စက်တင်ဘာလတွေမှာ ကျွန်မ ဘဝ အတွက် ထူးထူးခြားခြား ပြောင်းလဲ မှု့ တွေ ဖြစ်ခဲ့ဘူးတယ်။ ပြောင်းလဲမှု့  အများစုဟာ ကောင်းသောပြောင်းလဲမှု့ တွေ လို့ ပြောနိုင်ပါတယ်။

ဒီစက်တင်ဘာလရဲ့ ရက်တစ်ရက်မှာ
- ကျွန်မ ရဲ့ မိသားစုကို ခွဲခွါပြီး ဟို... အဝေးက နိုင်ငံတစ်ခုကို သွားခဲ့ ဖူးတယ်။
- မိသားစုဝင်တွေ မဟုတ်တဲ့ ကျွန်မ ဘဝမှာ အရေးပါမယ့် လူပေါင်းများစွာနဲ့  စတင်တွေရှိခဲ့ရ ဖူးတယ်။
- လောကမှာ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း စတင်သိခဲ့ရ ဖူးတယ်။
- ဘဝမှာ ထမင်းစား လက်မှတ်လို့  ပြောနိုင်တဲ့ အရာနှစ်ခုကိုလည်း ရခဲ့ဖူးတယ်။
- ပိုက်ဆံရှာရတဲ့ အလုပ်ဟာ မလွယ်ပါလား ဆိုတာကို စတင်သိခဲ့ရ ဖူးတယ်။
- လောကမှာ ပိုက်ဆံမျက်နှာ တစ်ခုတည်း ကြည့်တတ်တဲ့ သူတွေ ရှိကြောင်းကိုလည်း သိခဲ့ရ ဖူးတယ်။
- သာရာ ပေါင်းပြီး၊ နိမ့်ရာ ဖိထောင်းတတ်တဲ့ လူတွေလည်း အများကြီးရှိပါလား ဆိုတာကိုလည်း သိခဲ့ရ ဘူးတယ်။
- စကားမချိုသာပေမယ့်၊ စိတ်ထား ဖြူတဲ့ လူတွေလည်း ရှိသေးတယ်ဆိုတာကို သိခဲ့ရ ဖူးတယ်။
- အပြင်ပန်းအရ လှပပေမယ့်၊ အတွင်းမှာလှိုက်စား ပုတ်အဲ့နေတဲ့ အရာတွေ အများကြီး ရှိပါလားဆိုတာကို စတင်သိခဲ့ရ ဖူးတယ်။
- .....
- .....
- .....

2 comments:

Chan Mya Soe said...

လုံးဝ အမှန်တရားတွေပါပဲ ... လောကကြီးက .. ထူးဆန်းတယ်နော် ... အထင်မှတ်တာတွေ အများကြီးရှိတယ်

Nay Nay Naing said...

ဟုတ်တယ်ဗျ။ လောကကြီးက ထူဆန်းတယ်။

အမှန်တရားတွေတော့ အမှန်တရားတွေပေါ့။ ဒါပေမယ့် အဲ့ဒီ အမှန်တရားတွေကို စသိလိုက်ရတဲ့ အချိန်တွေကတော့ ပျော်ဖို့  တော့ သိပ်မကောင်းလှဘူးလို့ ထင်တယ်ဗျာ။