Pages

September 27, 2006

Rose Colors and their "Meaning"


မနေ့ က သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ အီမေးထဲမှာ ပါလာတဲ့ နှင်းဆီပန်းပုံလေးပါ။ ဒီပို့ စ်ကိုတွေရင်.. နင်နဲ့  ပန်းနဲ့ ဘာဆိုင်လဲလို့  ပြောချင်တဲ့ သူတွေလဲ ရှိချင်လည်း ရှိနေမှာပေါ့။ အင်း... ဘာမှ မဆိုင်ပါဘူး.. ဒါပေမယ့် ဒီ နှင်းဆီပန်းပုံလေးက လှတယ်လေ။ လှတဲ့ အရာလေးတွေဆိုရင် သဘောကျလေ့ရှိတာ လူ့ သဘာဝပဲ မဟုတ်လား။

ဒီနှင်းဆီပန်းလေးကိုကြည့်ပြီး.. တစ်ချို့ လူတွေက နှင်းဆီပန်းတွေကို အရောင်တွေပေါ် မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုးခွဲခြားလေ့ ရှိကြတယ်ဆိုတော တွေးမိ လိုက်လို့  လိုက်ရှာကြည့်တာ.. ဒါလေးတွေ တွေ့ တယ်..
  • Black Roses signify Death
  • Coral Rose conveys desire
  • Lavender Roses symbolize love at first sight and enhancement
  • Orange Roses indicate enthusiasm, desire and fascination
  • Pink (Deep) says Thank You
  • Pink (Light) Rose conveys admiration, gentleness, grace, gladness, joy and sweetness
  • Pink Rose carry the message of happiness, gracefulness and gentleness
  • Red Roses symbolize sincere Love, Respect, Courage & Passion
  • Red (Dark) Rose reveals unconscious beauty
  • Red (Single) means "I Love You"
  • Red & White Roses together signify unity
  • Single Rose in any color expresses simplicity and gratitude
  • White Roses express Purity/heavenly, secrecy, silence, innocence and charm
  • White (Bridal) Rose symbolizes a happy love
  • Yellow Roses indicate joy, gladness, friendship and "I Care"
  • Yellow Rose with Red Tip indicates friendship falling in Love
  • Rose leaves are a symbol of hope.
ကျွန်မ သူငယ်ချင်း တစ်ချို့  သူတို့ ကြိုက်နေတဲ့ ကောင်မလေးတွေကို ပန်းတွေ ပို့ ပေးပြီး သူတို့ စိတ်ထဲမှာ ရှိတာလေးတွေ ကို သွယ်ဝိုက်ပြောတာတွေ့ ဘူးတယ်။ (ကြောင်လိုက်တာလို့ ကျွန်မ သူတို့ ကို အမြဲအားပေးလေ့ ရှိပါတယ်။) သူတို့ မှာ ပန်းတွေ မပို့ ခင် ဘယ်လို့  ပန်းမျိုး၊ ဘယ်နှစ်ပွင့်၊ ဘာအရောင်တွေ နဲ့ ကို ဘယ်လို အဓိပ္ပါယ် ဖြစ်သွားအောင် ပို့ မယ်ဆိုပြီးတော့ စဉ်းစား လိုက်ရတာ။ ပန်းတွေ ပို့ ပေးချင်တာ အထိ လက်ခံနိုင်ပါတယ်။ အရောင် နဲ့  ပန်း အမျိုး အစားကလည်း လှလှပပ မွှေးတဲ့ ပန်းဖြစ်ရင် တော်ပြီပေါ့။ ကျန်တာတွေ လို လို့ လား။ တဖက်က ကောင်မလေးတွေ သူတို့  ပြောချင်တာကို နားလည်မလည်တော့ မသိဘူး၊ ကျွန်မ အနေ နဲ့ ကတော့ လုံးဝ နားမလည်တာ အမှန်ပါပဲ။

1 comment:

Nay Nay Naing said...

ကျွန်တော်လဲ အဲ့ဒီနေ့ ကမှ သိတာ။ ဒီမှာ ရေးသာ ရေးထားလိုက်တာ၊ စိတ်ထဲမှာ မှတ်မိမနေဘူး။ မမှတ်မိလည်း ကိစ္စတော့မရှိဘူး ပါဘူး။ ကျွန်တော်ကိုလည်း ဘယ်သူကမှ ပန်းတွေလာပေးမှာမှ မဟုတ်တာ။ :D