Pages

September 02, 2006

Wake Me Up When September Ends

အလုပ်ပိတ်ရက် ရောက်ပြန်ပြီ။ ဒီလမှာ မလုပ်မဖြစ် လုပ်ရမဲ့ အလုပ်တွေ ရှိနေတယ်။ မလုပ်လို့  မရမှန်း သိပေမယ့် မလုပ်ပဲ နေချင်တယ်။ ငါ့ရဲ့ စိတ်ကလည်း တော်တော့်ကို မဟုတ်တာပဲ။ မလုပ်မဖြစ်လို့  အမည်တပ်လာရင် နဂိုက လုပ်ချင်တဲ့စိတ်လေး ရှိနေခဲ့ဦးတောင်မှ အဲ့ဒီစိတ်လေး ဘယ်ပျောက်သွားမှန်မသိ၊ ဘာမှ မလုပ်ပဲသာ နေလိုက် ချင်တော့တယ်။

ခုချိန်မှာ စိတ်ထဲရောက်လာတဲ့ သီချင်းက
Green Day's Wake Me Up When September Ends

တစ်လလုံး အိပ်ပျော်နေပြီး လကုန်မှပဲ နိုးလာရင်ကောင်းမယ်။ သြော် ငါ တော်တော်လေးကို အပျင်းထူလာ ပါလား။ ဆေးမမှီတော့ဘူး ထင်ပါရဲ့။

2 comments:

AwLanMg said...

ကျွန်တော်ကအဲဒီသီချင်းကလေး ကိုတော်တော်ကြိုက်တာဗျ။
အဲဒီသီချင်းကလေးကိုတည်ပြီး ပို့စ်တစ်ခုရေးဘို့စဉ်းစားမိသေးတယ်။ စက်တင်ဘာလကုန်ရင် ငါ့ကိုနှိုးပါ။ ဘာလို့လဲဆိုတော့ စက်တင်ဘာလကုန်ရင် ၀ါကျွတ်ပြီလေ။ဟား ဟား။ လူပျိုကြီး အပျိုကြီးတွေ အတွက်ပါဗျာ။

Nay Nay Naing said...

ဝါတွေသာ အခါခါကျွတ်ကုန်တယ်... မပြောင်းလဲတဲ့သူတွေက မပြောင်းလဲပါဘူးဗျာ။ ဟီး..။. ဒီဝါကျွတ်တော့ စားပွဲတော်တော်များမယ် ကြားတယ်ဗျ။ လိုက်စား လိုက်ဦးမယ်။