တစ်ယောက်တည်း အနီးအနားမှာ မိဘ၊ မောင်နှမတွေမရှိပဲ ဘဝခရီးကို စတင်ခဲ့ရတာ ဒီနေ့ ဆို ၆ နှစ်တင်တင်ပြည့်ခဲ့ပြီ..
ကိုယ့်ကိုချစ်တဲ့ မိသားစု နဲ့  ဝေးနေခဲ့တာ ၆ နှစ်ရှိပြီလို့ ဆိုရမှာပေါ့...
၆ နှစ်ဆိုတာ တစ်ကယ်တော့လည်း ဘာမှ မကြာလိုက်သလိုပါပဲလား...
ဘာတွေပဲ ဖြစ်နေပါစေ ရပ်တန့် လို့ မရ ဆက်သွားနေရမယ့် ခရီးရဲ့ ၆ နှစ်ပြည့် အမှတ်တရပေါ့...
တခါတလေတော့လဲ သိခွင့်ရနိုင်မယ်ဆို "ငါ ဘယ်လောက်ထိအောင် သွားရဦးမလဲဆိုတာကို" သိချင်တဲ့စိတ်လေးဖြစ်မိတယ်
22 September 2000 to 22 September 2006
22 September 2006 to ???????????
6 comments:
အရမ်းလေးစားပါတယ်ဗျာ ... ကျွန်တော်ကတော့ အခုမှ အစပဲ ရှိသေးတယ်
ခ၇ီးဆုံးလား........နောက်ဆုံးတော့ အချစ်၇ဲ့၇င်ခွင်ဆီ..သီချင်းလေးလိုပေါ့.
ကိုယ်စီ ကိုယ့်ရင်မောစရာနဲ့ ကိုယ်ပါလား...
cms ..အစ ဆိုတော့ ပျော်စရာကြီး.. ခုချိန်တွေမှာ များများပျော်ထားကွာ..
မြတ်စု.. ညီမလေး... ကိုယ့်တိုင်းပြည်မှာ မှ မနေနိုင်ကြတာ... ဒီလိုပဲပေါ့နော်..
မမွန်.. အဲ့ဒီ သီချင်းလေးအတိုင်း ဆို..... ...
သက်နိုင်.. ဘဝ.. ဘဝ..ဒီလိုပါပဲ..
This post reminds me of that lyrics...
"..life is a road that I wanna keep going..."
We have to move on since we've started it! Until that time........
Dewy >> လာလည်သွားတာနဲ့  comment ချန်သွားပေးတာ အတွက် ကျေးဇူးပါပဲ.. သီချင်းနာမည်က "Life Is The Road" နဲ့ တူတယ်.. နားထောင်ကြည့်လိုက်ပါဦးမယ် .. ဒီစာကြောင်းလေးလည်း ကြိုက်တယ်. "We have to move on since we've started it! Until that time........"
Post a Comment