Pages

September 19, 2006

19 September 2006

ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့... အင်း.. ဘာတွေဖြစ်မလဲ မသိဘူး။

ဘာလို့  သိမ်းတာပါလိမ့်။ သူတို့ နိုင်ငံ အခြေအနေ က အရမ်းဆိုးနေတယ်လို့ တော့ တစ်ခါမှ မကြားမိသေးပါဘူး။ ထိုင်းနိုင်ငံ အကြောင်းကို ကိုယ်ကလည်း သိပ်မသိတော့ ဘာမှ မပြောတတ်ဘူး။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ စကားလုံးကြီးကိုတော့ တော်တော် မုန်းမိတယ်။

လုပ်ပိုင်ခွင့် အာဏာဆိုတာကြီးကို... လူတိုင်းကြိုက်ကြပါလားနော်။ အာဏာနဲ့  အရာရာ အားလုံးနည်းပါးကို ဖန်တီးနိုင်တယ်တဲ့ ။ အာဏာတစ်ခု၊ လုပ်ပိုင်ခွင့်တစ်ခု ကိုယ့်လက်ထဲ ရောက်လာရင် ...လူအများစုဟာ အဲ့ဒီ အာဏာရှင်ဆိုတဲ့ နေရာလေးကို တက်မက်သွားပြီး၊ အဲ့ဒါလေးကို လက်လွတ်ရမှာ ဆိုးလို့  သူတို့  ရထားတဲ့ အာဏာလေး တည်မြဲဖို့  နည်းမျိုးစုံနဲ့  ကြိုးစားကြတယ်တဲ့။ ကြားလည်း ကြားဘူး၊ မြင်လည်း မြင်ဘူး၊ ကိုယ်တိုင်လည်း အာဏာရူးဆိုတော့ လူတွေရဲ့ ဒဏ်ကို ခံရနေ တော့ အာဏာဆိုတာ မကောင်းတဲ့သူ လက်ကို ရောက်ရင်တော့ မလွယ်ဘူးဆိုတာကို သိနေတယ်။

ကိုယ့် ဟာကို စဉ်းစားမိတာ တစ်ခုပါ။ ကျွန်မတို့ တွေ သူများတွေကို အာဏာရူးတွေလို့  သာခေါ်နေကြတာ၊ တကယ်တော့ အာဏာဆိုတာ လူတိုင်း သည်းခြေကြိုက်တဲ့ အရာတစ်ခုပဲ မဟုတ်လား။ အင်း ကိုယ့်လက်ထဲသာ အဲ့ဒီ တစ်နေရာရာမှာ လုပ်ပိုင်ခွင့်ဆိုတဲ့ အာဏာလေး တစ်ခုခုသာ ရလာလိုက်ရင်.. ကိုယ်ရော အာဏာရူးဆိုတာကြီး ဖြစ်သွားမလား။ ( ဒီနေရာမှာ နိုင်ငံရေး အာဏာတခု တည်းကို ဆိုလိုချင်း မဟုတ်ပါဘူး)... စဉ်းစား စရာပဲ။ ကိုယ်လည်း အာဏာနဲ့ တူတာဆိုလို့  တစ်ခါမှ မရဘူးတော့ ကိုယ်သာ အာဏာရခဲ့ရင် အာဏာရူး မဖြစ်ပါဘူးလို့ တော့ တရားသေ မပြောချင်၊ မပြောနိုင်ဘူး။

4 comments:

ko ye said...

"ဒုက္ခသည် ဒုက္ခဖြစ်သောကြောင့် ဒုက္ခနှင့်ကြုံတွေ့လာတိုင်း ဒုက္ခကို ဒုက္ခဟုမှတ်ပါ။"
သဗ္ဗေသတ္တာ ကမ္မသက္ကာ

ThuHninSee said...

အာနာချင်၇င်တော့ သွားကြားထိုးတံနဲ့ ထိုးလိုက်...ဟဲဟဲ

Paingthuchit said...

wanna know why they take over ?
what I think was Thaksin Shinawatra
owned them somethings like ph bills at junior high school and that mus be preety much but not sure just guess :) .. you know what now...

ITS PAY BACK TIME !!!!!

Nay Nay Naing said...

ကိုရဲ.. တရားတွေပေါက်ပြီး တောထွက်တော့မလို့ လား...

မြတ်ဆုရေ....ထိုင်းနိုင်ငံ အကြောင်း သတင်းပေးတဲ့ အတွက်ကျေးဇူးပါပဲ။

မမွန်.. ဘာပြောချင်တာလဲ မသိဘူး။ နားမလယ်ဘူး။ ရေးထားတာတော့ နားလယ်တာပေါ့နော်. ဒါပေမယ့် ဘာလို့  အဲ့လို ပြောတာလဲ မသိတာ။ ဝေးတယ်..

ပိုင်သူ.. မြန်မာလိုေ၇းစမ်းပါဟာ.. နင် ကွန်ပြူတာနဲ့  မြန်မာလို မရေးတတ်မှန်းသိလို့  ရေးခိုင်းတာ.. :P