Pages

September 03, 2006

03 September 2006 - ဖတ်မိသော ကဗျာ အပိုင်းအစလေး

သိလည်း သိလျက်၊
မသိရက်သို့ ၊
သိုဝှက်ရင်တွင်း၊
အံကိုတင်း၍၊
သက်ပြင်းရှိုက်ကာ။

ဒီနေ့  ဖတ်မိတဲ့ ဝတ္တုတစ်ပုဒ်ထဲက ကဗျာ အပိုင်း အစလေးတစ်ခုပါ။ ဘယ်သူရေးတဲ့ ဘယ်ကဗျာကလည်း ဆိုတာကိုတော့ ပြောမထားပါဘူး။ ဒါလေးဖတ်မိမိချင်း စိတ်ထဲမှာ တွေးမိတာက ကျွန်မတို့  ဘဝမှာ ဒီကဗျာထဲကလို သက်ပြင်းရှိုက်ပြီး နေခဲ့ရတဲ့ အကြိမ်တွေ ဘယ်လောက်များနေခဲ့ပြီလဲ ဆိုတာကိုပါ။

တချို့ ကိစ္စတွေမှာ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်မယ်ဆိုရင်တော့ သက်ပြင်းရှိုက် အသာလေး နေလိုက်တာ ပိုကောင်းမှန်းသိပေမယ့်၊ တခါတလေတော့လည်း စိတ်ထဲ ရှိတာတွေ ထုတ်ပြောလိုက်ချင်သား။

9 comments:

mg myo aung said...

Hello
M N N NAING

ကောင်းတယ်ဗျ

THU HNIN SEE said...

lovely poem

Dreamz said...

ထိန်း၍ပေါက်ာသည်
သူခိုးအီး...

သီဟရေးခိုင်းလို့ရေးတာပါ..နော်ညီမလေး...ဟီးဟီး

Thiha Kyaw Zaw said...

Modified version of that poem. It should be like that..

သိလည်း သိလျက်၊
မသိရက်သို့ ၊
သိုဝှက်ရင်တွင်း၊
အံကိုတင်း၍၊
သက်ပြင်းရှိုက်ကာ
ထိန်း၍ပေါက်သည်။
သူခိုးအီး…

Thiha Kyaw Zaw said...

Another version.. :D

သိလည်း သိလျက်၊
မသိရက်သို့ ၊
သိုဝှက်ရင်တွင်း၊
အံကိုတင်း၍၊
သက်ပြင်းရှိုက်ကာ
အဆုတ်ထိတိုင်
ရှူသွင်းရသည်
လက်သည်မပေါ်သည့်
သူခိုးအီး….

ko ye said...

အန်ကြု ကဗျာထက် Comment ကို ပိုကြိုက်တယ် ဟီးဟီးဟီးဟီးဟီး

Thet Naing said...

ကောင်းတယ်

N3 said...

အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟို ကဗျာအစပ်ကောင်းသော ကိုသီဟကျော်ဇောနဲ့  သူ့ အားကူညီ ပန့် ပိုးပေးသော ကိုဇာနည်မင်းထက်ကို အထူး ကျေးဇူးတင်ရှိပါကြောင်း...:P

seinmyoutmyout said...

အနော် လည်းပေါက်မယ် ချန်မထားနဲ့……
ဘူ