Pages

September 30, 2008

Pork Ribs or Grilled Chicken

၆ နာရီထိုးပြီ.. မနက်ဖြန် ရုံးပိတ်ရက်.. အိမ်စောစောပြန်မယ်စဉ်းစားတာ အခုတော့ ပြန်ရမှာ ပျင်းနေတယ်။ ဗိုက်လည်း ဆာတယ်။ အိမ်တန်း ပြန်ရင်ကောင်းမလား၊ တစ်ခုခု သွားစားပြီးမှ ပြန်ရင်ကောင်းမလား မသိဘူး။ ဆုံးဖြတ်လို့ မရသေးဘူး။ ဒီတော့ ဒီညစာအတွက် ဘာစားရင်ကောင်းမလဲ စဉ်းစားရင် အရင်ဓာတ်ပုံရိုက်ထားတဲ့ အစားအသောက်တွေထဲက စားချင်တဲ့ အစားသောက်ပုံတွေ တင်ပြီး စားချင်တာလေးတွေ ရေးလိုက်အုံးမယ်။

ဓာတ်ပုံတွေ ပြန်ကြည့်ရင်း The Cafe' Cartel က အစားအသောက်တွေ စားချင်လာတယ်။ အဲဒီက နာမည်ကြီး St. Louis Pork Ribs (905) ဒါမှမဟုတ် Grilled Chicken (921) တစ်ခုခု စားချင်တယ်။ အဲဒီဆိုင်မှာ သွားစားတဲ့ အခါ ဗိုက်အရမ်း မဆာရင်တော့ Club Sandwiches (360+) ထဲက တစ်မျိုးမျိုးမှာ စားဖြစ်တယ်။ ဗိုက်ဆာရင်တော့ အပေါ်က ပြောထားတဲ နှစ်မျိုးထဲ က တစ်ခုခု မှာ စားလေ့ရှိတယ်။ Complete Meal ဖြစ်ဖို့  ( Soup of the day+ ပေါင်မုန့်  နဲ့  အအေးတစ်ခုခု) အတွက် S$ 3.90 ထပ်ပေးရတာဆိုတော့ Meal မှာစားတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက် ကတော့ အဲဒီက Sirloin Steak ကို သွားစားတဲ့ အခါတိုင်း နီးပါးစားတယ်။ ကောင်းတယ်ပြောတာပဲ။ ဒီထက်ပိုစားနိုင်သေးတယ် ထင်တဲ့ အခါမျိုးတွေမှာ Snackers တစ်မျိုးမျိုးလည်း ထပ်မှာ စားတတ်တယ်။ အဲဒီက Sea Food Combo တွေကို မစားဖူးသေးဘူး။ အကြော်တွေကို ကြိုက်တယ်။ စားကြည့်မယ် စိတ်ကူးပေမယ့် စားတိုင်း ဟိုနှစ်မျိုးပဲ စားဖြစ်နေတယ်။ ဗိုက် အတော်လေး ဆာလာပြီ။ အခုနေသွားစားရင် Complete Meal + Snack စားဖြစ်မှာ သေချာတယ်။ ဓာတ်ပုံရိုက်ထားတာ Pork Ribs ပုံ ရှိတယ်။ Grilled Chicken ပုံမရှိဘူး။ ရှိတဲ့ ပုံလေးတွေပဲ တင်လို့  ဘယ်သူမှ စိတ်ဆိုးမယ် မထင်ပါဘူး။ အဲဒီမှာ ရတဲ့ တခြား အစားအသောက်ပုံတွေ ကြည့်ချင်တယ်၊ ဘာတွေရလဲ သိချင်တယ်ဆို The Cafe Cartel - Menu မှာ သွားကြည့်လိုက်ပါ။
St. Louis Pork Ribs (905)

Complete Meal - St. Louis Pork Ribs

Chicken & Fish Combo (922)

St. Louis Prok Ribs + Chicken & Fish Combo
မှတ်မှတ်ရရ.. ဒီပုံတွေက ကျွန်မ အခုလက်ရှိသုံးနေတဲ့ ဖုန်းနဲ့  ပထမဆုံး ရိုက်ဖြစ်တဲ့ အစားအသောက်ပုံတွေပါ။ အခု ဖုန်းထဲမှာ ပုံပေါင်း ၅၀၀ ကျော်ရှိနေတယ်။ ခရီးထွက်ဖြစ်သွားလို့  ပုံတွေ အများကြီး ရိုက်ဖြစ်သွားတယ်။ ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အကြောင်းတိုက်ဆိုင်မှ၊ အားမှပဲ အေးအေးဆေးဆေး ကြွားတော့မယ်။ အခု ဒီရက်ပိုင်းမှာတော့ ကျွန်မအတွက် အစားအသောက်က နံပါတ် ၁ ဦးစားပေး အရာ ဖြစ်နေတာကြောင့် အစားအသောက်ပုံတွေပဲ တင်ဖြစ်နေဦးမယ် ထင်ပါတယ်။

September 29, 2008

Converse Warehouse Sales - Oct 2008

Converse ကြိုက်နှစ်သက်သူများ စိတ်ဝင်စားရင် သွားလို့ ရအောင် သတင်းပေးလိုက် ပါတယ်။
1st Oct (Web) to 5th Oct (Sun) အထိ ။
အခု လာမယ့် ၁ ရက်နေ့ ( ဗုဒ္ဓဟူးနေ့ ) က ဒီနိုင်ငံမှာ အလုပ်ပိတ်ရက် ဆိုတော့ စိတ်ဝင်စားတဲ့သူတွေ အဲဒီနေ့ သွားကြည့်လို့ ရနိုင်တယ်။

Location:
Alantic Sports Pte Ltd, 27 Harrison Road Singapore 369647

Date:
1st Oct 08 (Wednesday) to 5th Oct 08 (Sunday)

Time:
10:00 AM - 8:30 PM

How to go - Bus Service
From Paya Lebar MRT Station: 24, 28, 43, 70, 76
From Aljunied MRT Station: 62, 80, 158
Other Bus Service: 22, 58, 93

September 26, 2008

ရေလိုက် ငါးလိုက် - စိုင်းထီးဆိုင်

ဒီသီချင်းကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တယ်.. အခုလည်း ကြိုက်နေတုန်းပဲ...

ရေလိုက် ငါးလိုက် - စိုင်းထီးဆိုင်
အဆင်ပြေသလိုသာ နေလာခဲ့ တို့ မှာ အစဉ်အလာခိုင်မြဲလို့ 
ကြာလာတာ့ ချောင်းကို မြစ်ဖြစ်တော့မယ်
ရှင်သန်ရုံသာ ရှင်သွားရင် .. ဘ၀ရေတိမ်မှာနစ်မွန်းပေါ့
ကိုယ်နဲ့မင်းပြောင်းပြန်လုပ်ရဲ မှာလား

တော်ရုံတန်ရုံ သတ္တိသွေး တွေးယူရုံနဲ့ မရဘူးဟေ
ရင်ကမွေး လက်ကကျွေး ချစ်ပြီး မှ..
မောင်သာ ဖုံထူ ချောင်တစ်ခုမှာ
ပစ်ကာ ပေရေသံချေးတတ်
ပြန်ဖော်စမ်း တို့ ဟိုတုန်းကအိပ်မက်

နေခြည်ဝင်းသလို ရှင်းရှင်းပဲ လျှပ်ရောင်ပျက်သို့ တက်ကနဲ့ ပဲ
အဆင်းနဲ့ အချင်းနီးစပ်ရင်း ကွဲကွာလာ
နောက်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ ရွှေချည်ကြိုးဆွဲရာ မကပါရစေနဲ့ 

ကြည်ဖြူစွာလေ လက်တွဲခဲ့ ခုလည်းပြေလည်နေဆဲပဲ..
ဒါပေမယ့် ချစ်ရုံနဲ့  မပြီးဘူးကွယ်
ကြင်နာစွာလေ ဆိုဖူးတဲ့.. ဂတိတွေပြန်လည်ကာကြားရင်
နာကျင်ခြင်း အသိတွေနဲ့  ရှက်နေမယ်
ဘယ်အရာလွန်တာ ဘယ်သူ့ အပြစ် .. မရရင် ကံသာပုံချလိုက်
အယုံလွန်သူကို ချော့ရင်တော့ ပျော့စမြဲပေါ့
တကယ်ဆို ကိုယ်ဟာ ယောက်ျားပါ..
အားမာန်တွေလည်း ပြည့်စွမ်းတုန်း ဆင်ခြေပေးတဲ့ လူစားမဟုတ်ရဘူး

ဒီတစ်ခါ နောက်မကျသေးဘူးဟေ့ ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း
ကိုယ့်ရဲ့ နှလုံးသွေးတွေ စွေးစွေးနီစေ
နောင်ကိုကြုံလာမယ့် အခက်အခဲ ကြိတ်ကာ ရင်ဆိုင်ဖြေရှင်းမယ်
ရေလိုက်ငါးလိုက် ဘ၀မျိုးမကတော့ဘူး

နေခြည်ဝင်းသလို ရှင်းရှင်းပဲ လျှပ်ရောင်ပျက်သို့ တက်ကနဲ့ ပဲ
အဆင်းနဲ့ အချင်းနီးစပ်ရင်း ကွဲကွာလှ
နောက်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ ရွှေချည်ကြိုးဆွဲရာ မကပါရစေနဲ့ 

ငယ်ငယ်တုန်းက ပထမဆုံး ကြိုက်ခဲ့တဲ့ အဆိုတော်ကို ပြောပါဆို စိုင်းထီးဆိုင်လို့ ပြောရမယ်။ ကျွန်မ အစ်ကိုက စိုင်းထီဆိုင် ကြိုက်တော့ ထွက်သမျှ အခွေဝယ်တယ်။ သူလုပ်သမျှ လိုက်လုပ်တတ်တဲ့ကျွန်မ သူနားထောင်သမျှ သီိချင်းအကုန် လိုက်နားထောင်တယ်။ အစ်ကိုလိုပဲ မိန်းကလေး ဆိုတဲ့ သီချင်းကို လုံးဝ နားမထောင်တာ အတော်အသက်ကြီးတဲ့ အထိပဲ။ ငယ်ငယ်တုန်းက စိုင်းထီဆိုင် သီချင်းအတော်များများကို ကြားသမျှ လိုက်အော်ဆိုနေကြပေါ့။ နောက်နည်းနည်း အသက်ကြီးလာတော့ သီချင်းဆို လုံးဝ မဆိုတော့ဘူး။ လိုက်တောင် မအော်တော့ဘူး။ သီချင်းလိုက်အော်မိတိုင်း အဖေက သမီး မဆိုရင် မုန့် ဖိုး ဘယ်လောက်ပေးရမလဲတဲ့. မောင်နှမတွေကလည်း တော်ပါတော့ ဆိုပြီး ၀ိုင်းအားပေးကြတယ်လေ။ အမေတစ်ယောက်တည်းကသာ ရီနေတယ်။ နောက်ပိုင်းလည်း တခါတလေ ယောင်ပြီး သီချင်းနည်းနည်း လိုက်ဆိုမိရင်.. အားပေးတဲ့ သူတွေ ရှိနေတယ်။ ဘယ်သူတွေလဲတော့ မပြောတော့ဘူး။

အခု ဒီသီချင်း ဒီမှာတင်မယ် စိတ်ကူးမှ အသေအချာလိုက်နားထောင်ပြီး ချရေးတဲ့ အခါမှ ကိုယ်ငယ်ငယ်က ဆိုခဲ့တာတွေက နည်းနည်းလွဲနေတယ်ဆိုတာ သိလိုက်ရမယ်။ အခုရေးသမျှလည်း ဘယ်လောက်မှန်မလဲ မသိဘူး။ မှားတာတွေ့ ရင် ပြင်ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ဟိုတစ်ခါပြောဖူးသလို သီချင်းဆိုသံကို နားထောင်ပြီး လိုက်ချရေးရတဲ့ အထဲမှာ စိုင်းထီဆိုင်ဆိုတဲ့ သီချင်းတွေက အခက်ဆုံးပဲ။ ကိုယ်ကပဲညံ့ တာလားမသိ... သီချင်းစာသား အတိအကျကို နားမလည်ခဲ့တာလား၊ ဂရုတစိုက် နားမထောင်ခဲ့တာလား... ဘာကြောင့်မှန်းတော့ မသိဘူး.. ဒီအတိုင်း နားထောင်နေတုန်းကတော့ ဟုတ်နေသလိုပဲ။

September 25, 2008

Soya Sauce Chicken Rice

ဟိုနေ့ က နေ့ လယ်စား စားချိန်မှာ စားလေ့ရှိတဲ့ Prawn Noodle အကြောင်းကို ပုံနဲ့ တကွ ဒီမှာ ရေးဖြစ်တယ်။ အခု နောက်တမျိုးအကြောင်း ရေးမယ်။ Soya Sauce Chicken Rice အကြောင်းပါ။ နေ့ လယ်စာ အတူ သွားစားလေ့ရှိတဲ့ သူတွေထဲက တစ်ယောက်က အဲဒီ Chicken Rice ကို အရမ်းကြိုက်တဲ့အတွက် တစ်ပတ် ၁ ရက်တော့ အမြဲသွားစားဖြစ်တယ်။ အများအားဖြင့် အင်္ဂါနေ့ ။ ဒါကြောင့် ကျွန်မတို့  အလုပ်က သူငယ်ချင်းတွေကြားမှာ အင်္ဂါနေ့ ကို လူမသိအောင်ပြောမယ်ဆို လျှို့ ဝှက်ကုဒ်ကို သုံးပြီး Chicken Rice Day လို့ ပြောလေ့ရှိတယ်။

Chicken Rice တစ်ပွဲချင်းမှာ ရင်တော့ အအေး မပါ၊ ထမင်း/ခေါက်ဆွဲ နဲ့ ကြက်သား တပွဲကို S$3 ပဲရှိတယ်။ ဈေးသက်သာ တယ်လို့  ထင်ပါတယ်။ ဒါပေမယ့် အသားနည်းတယ်။ ကျွန်မတို့ က အသားများများစားချင်တော့ တစ်ယောက် တစ်ပွဲမမှာပဲ အားလုံးစုမှာပြီး စားလေ့ရှိတယ်။ ထမင်း နဲ့  ခေါက်ဆွဲကတော့ ကိုယ်ကြိုက်တာ ကိုယ် မှာလေ့ရှိတယ်။ ကြက်သားတစ်ပွဲ နဲ့  အရွက်တစ်ပွဲ အမြဲမှာစားတယ်။ အအေးတစ်ယောက်တစ်ခွက် လည်းမှာတယ်။ တချို့ သူတွေက ထမင်အပိုယူလေ့ရှိတယ်။ လူအရေအတွက်အလိုက် ဈေးက နည်းနည်း ပြောင်းလဲတယ်။ အဲလို ရှယ်ယာလုပ်စားတာ စားမယ်ဆို တစ်ယောက်ကို S$ 5-6 ပေးရပါတယ်။

Chiew Kee Chicken Noodle House
32 Upper Cross Street
Phone : 62213531
8 am to 7 pm
Alt Wednesday off





Upper Cross Street မှာ Soya Sauce Chicken ဆိုင်က နှစ်ဆိုင်တောင်ရှိတယ်။ Chiew Kee နဲ့  Chew Kee လို့ ခေါ်တယ်။ အဲဒီဆိုင်နှစ်ဆိုင်ရဲ့ နောက်မှာ ဇာတ်လမ်းရှိတယ်။ အရင်က Upper Cross Street ရဲ့ Coffee Shop တစ်ဆိုင်မှာ မောင်နှမ (Big Sis and Bro) တွေ အတူတကွ Soya Sauce Chicken Rice နဲ့  Soya Sauce Chicken Noodle ဆိုပြီး ရောင်းတယ် လို့ သိရတယ်။ နောက်ပိုင်း ပြဿနာတစ်ခု တတ်ပြီး ဆိုင်နှစ်ဆိုင် သီးခြားဖွင့်ဖို့  ဆုံးဖြတ်လိုက်ကြတယ်တဲ့။ ဘယ်သူက မူလနာမည်နဲ့  ဆိုင်ကို ရမလဲ ဆုံးဖြတ်ရမှာ အစ်မကြီးက အနိုင်ရသွားပြီး၊ မူလနေရာမှာ မူလနာမည်နဲ့  ဆိုင်ဆက်ဖွင့်တယ်။ မောင်အငယ်ကတော့ မလှမ်းမကန်း Upper Cross Street ပေါ်မှာပဲ တခြားနာမည်နဲ့  ဆိုင် ဖွင့်ခဲ့တယ်လို့ သိရတယ်။

ကျွန်မတို့  အမြဲသွားစားလေ့ရှိတဲ့ ဆိုင်နာမည်က Chiew Kee (Little Brother) ရဲ့ ဆိုင်ပါ။ သွားစားမယ်ဆို နာမည်မမှားပါနဲ့ ။ Chew Kee က Big Sister ရဲ့ဆိုင်။ Chew Kee (Big Sis) မှာလည်း စားဖူးတယ်။ သိပ်မကြိုက်ဘူး။ အဲဒီ ဆိုင်နှစ်ဆိုင်က ကြက်သားက တူသလိုလို နဲ့  မတူဘူး။ ထမင်းကိုတော့ သတိမထားမိဘူး၊ ခေါက်ဆွဲ အရောင် နဲ့  ကြက်သာအရောင်၊ အရသာကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင် အတော်လေးကွဲတယ်။ ကျွန်မတို့ စားလေ့ရှိတဲ့ Little Brother ရဲ့ ဆိုင်က ကြက်သားက အရောင်နည်းနည်းဖျော့ပြီး ပိုနူးညံ့ပြီး ပိုစားကောင်းတယ်။ ခေါက်ဆွဲကလည်း နည်းနည်း အလုံး ပိုသေးတယ်။ ပိုလည်း သန့် ရှင်းတယ်။ နေ့ လယ်ဆိုရင် 12 PM နဲ့  2 PM အကြား သွားစားမယ်ဆို အပေါ်ထပ်က အခန်းကို ဖွင့်ပေးထားတဲ့အတွက် အပေါ်မှာ စားလို့  ရတယ်။ အောက်မှာ ထိုင်စားမယ်ဆိုရင် လူသွားလူလာများပြီး ရှုပ်တယ်။ ဒါပေမယ့် လူ ၄ ယောက်အထပ်မှ အပေါ်ခန်းမှာ စားလို့ ရပါတယ်။ လူများတယ်ဆို ကြိုပြီး ဖုန်းဆက်ပြီး မှာထားလို့ ရတယ်။ ပုံတွေကြည့်ပြီး စားချင်စိတ်ပေါ်သွားတယ်ဆို အပေါ်မှာ လိပ်စာပါ အတိအကျပေးထားပါတယ်။ သွာပြီး မြည်းစမ်းကြည့်ကြပါ။

Chiew Kee - Bro (left) and Chew Kee - Sis (Right)
ဒါက အင်တာနက်ပေါ်မှာ လိုက်ရှာထားတာ။ အဲဒီ ဆိုင်နှစ်ဆိုင်က Soya Sauce Chicken Noodle ကို ယှဉ်ပြ ထားတာပါ။ နှိုင်းယှဉ်စားကြည့်ချင်တယ်ဆို ကြည့်လို့ ရအောင် ဒီပုံနဲ့ အတူ လိပ်စာနှစ်ခုကိုပါ ရေးပေး လိုက်ပါတယ်။
























Chiew Kee Chicken Noodle House
(little bro)
Chew Kee Eating House (big sis)
32 Upper Cross Street8 Upper Cross Street
Ph: 62213531 Ph: 62220507
8am to 7pm9am - 7pm
Alt Wednesday offClosed every Friday except on Public Holiday

September 24, 2008

သံယောဇဉ်

သံယောဇဉ်

မတွေးချင်လည်း ပြန်တွေးနေမိ
မေးရင်လည်း ပြန်သတိရပြီ
အမှတ်မရှိ အသည်းလို့ ငါဒီလိုဆို

ဖြစ်ချင်ခဲ့တာ မဖြစ်တော့မီး
မှားနေလည်း ငါ ဆက်မှားပြီ
ဒုက္ခများကို သတိ.. ရ

ရုန်းထွက်ပြေးမယ် ဆက်ဆက်နဲ့ခက်
ဖြတ်တောက်တိုင်းလည်း ဖြတ်ဖို့ ခက်တဲ့
သံယောဇဉ်

သံယောဇဉ်.. သံယောဇဉ်.. ကြာပြီ အပျက်အပျက်နဲ့ သွေးထွက်ခဲ့
သံယောဇဉ်.. သံယောဇဉ်.. လူကို အရူးတစ်ပိုင်း ဖြစ်စေတယ်
သံယောဇဉ်.. သံယောဇဉ်.. ငါလေ မင်းအတွက် အရူးရင့်ခဲ့တယ်..

သံယော...ဇဉ်.. သံယော.. ဇဉ်.. သံယော...ဇဉ်.. သံယော...ဇဉ်..
သံယောဇဉ်

မကြားချင်လည်း ငါ ကြားယောင်မိ
မသွားချင်လည်း ငါ ဆက်သွားပြီ
အဆုံးများဆက်တော့ ငါ.. ခက်ပြီ

မဝေးချင်ပဲ ငါဝေးရပြီ
မတိုးချင်ပဲ ငါ ဆက်တိုးမိ
အိုး.. ငါ့ဘ၀တောက်လောင် မီးးးးးးးပွား

Native Myanmar Forum ရဲ့ Iron Cross အကြောင်းပြောရအောင် တော့ပစ်မှာ Juno က ရှယ်ယာ လုပ်ထားတာပါ။ သီချင်း စာသား၊ YouTube အကုန် အဲဒီက ကူးထားတာပါ။ ဒီသီချင်းက နောက်ထွက်မယ့် ခွေသစ်မှာ ပါမယ့် သီချင်းလို့  သိရပါတယ်။ အခွေသစ်က ဘယ်တော့ ထွက်မလဲ မသိဘူး။ နားထောင်ချင်တယ်။ ဒီနေ့ အိပ်တော့မလို့ ဟာ လေးဖြူ အပေါ်ထားတဲ့ သံယောဇဉ် အရ လိပ်ထက်နှေးတဲ နှုန်းနဲ့  Loading လုပ်နေတဲ့ YouTube က သီချင်းကို စိတ်ရှည်လက်ရှည်ပြီးအောင် နားထောင် ဖြစ်ခဲ့တယ်။ သိတဲ့ အတိုင်း ဒီအချိန်ဆို ဒီနိုင်ငံမှာ အင်တာနက် ကွန်နက်ရှင်က အရမ်း နှေးတယ်။ ဒီသီချင်းကို နားထောင်ပြီး ကြိုက်တယ်။ ဘာလို့ ကြိုက်တာလဲလား... ကြိုက်လို့  ကြိုက်တယ်သာ မှတ်လိုက်ပါ။

~~~~ သံယောဇဉ်.. သံယောဇဉ်.. သံယော...ဇဉ်.. သံယော.....ဇဉ်..~~~~



YouTube မှာ သီချင်းတင်ပေးသူ၊ ပဒုံမာဖိုရမ်မှ မူလမျှဝေသူ၊ နေးတစ်ဖိုရမ်မှာ ထပ်ဆင့်မျှဝေတဲ့ မဂျူနို နဲ့  သတင်းပေးတဲ့ အစ်ကိုကြီး ကိုဘွိုင်းဇ်ကို ကျေးဇူးတင်ပါတယ်..

September 23, 2008

ပုဇွန် ၀က်နံရိုး ခေါက်ဆွဲ

ဒီနေ့  သွားစားဖြစ်တဲ့ နေ့ လယ်စာ။ စားလို့ ကောင်းပြီး အလုပ်နဲ့ လည်း နီးတာကြောင့် အဲဒီ ဆိုင်မှာ ခနခန စားဖြစ်တယ်။ အရင်ကဆို တစ်ပတ်ကို ၃ ခါလောက်သွား စားဖြစ်တယ်။ အမြဲစားလေ့ရှိတော့ ဆိုင်ကလူတွေက မှတ်မိနေပြီး မလာတာကြာရင် ဘာလို့ ပျောက်နေတာလဲဆို မေးလေ့ရှိတယ်။ အဲဒီမှာ ခေါက်ဆွဲကို Dry နဲ့  Soup ကိုယ်ကြိုက်တာ မှာလို့  ရတယ်။ ကျွန်မကတော့ Dry ပဲ စားလေ့ ရှိတယ်။ ခေါက်ဆွဲ အမျိုးအစားလည်း ၄-၅ မျိုး ကြိုက်တာ မှာလို့ ရတယ်။ Size ကတော့ Small/Medium/Larger ဆိုပြီး သုံးမျိုးရှိတယ်။ ပါတဲ့ ခေါက်ဆွဲ ပမာဏက တူတူပါပဲ၊ အသား နည်းတာများတာသာ ကွာသွားတာပါ။ အသားကတော့ ပုဇွန်၊ ၀က်သား၊ ၀က်နံရိုး ကြိုက်တာ မှာလို့ ရတယ်။ အဲဒီက ခေါက်ဆွဲက အရမ်း အစားကြီးတဲ့ သူတွေအတွက်ဆို ၂ ပွဲလောက် စားမှ ၀လောက်မယ် ထင်တယ်။ ကျွန်မကတော့ ခေါက်ဆွဲတစ်ပွဲ နဲ့  အအေးတစ်ခွက် ဆို နေ့ လယ်စာ အတွက် လုံလောက်ပြီ။ တစ်ခါတလေလဲ Black Carrot Cake တစ်ပွဲမှာပြီး တခြားသူတွေနဲ့  မျှစားလေ့ရှိတယ်။ Black Carrot Cake ကလည်း စားလို့ ကောင်းတယ်။ Carrot Cakeမှာလည်း အစပ်နဲ့  ပုံမှန် ၂ မျိုး မှာလို့  ရတယ်။ အစပ်ဆိုပေမယ့် သိပ်မစပ်တာကြောင့် စားတဲ့အခါတွေမှာ အစပ်ပဲမှာ စားလေ့ရှိတယ်။ အဲဒီမှာ ပေါက်စီ၊ ၀က်သားပေါင်း၊ ကြက်ဥနဲ့  ခရုကြော်၊ အီကြာကွေးကျော်ကို အချိုရေတွေစမ်းထားတာ ( ဘယ်လိုခေါ်လဲတော့ မသိဘူး၊ မကြိုက်လို့  နာမည် မမှတ်မိဘူး)၊ တခြား အကြော်တွေ ရတယ်။

ဆိုင်နာမည်ရေးမယ် စဉ်းစားတဲ့အခါ စဉ်းစားမရဘူး။ တရုတ်နာမည်ဆိုတော့ မမှတ်မိတော့ဘူး။ မေ့သွားပြီ။ နောက်နေ့ မှ သွားပြန် ကြည့်လိုက်အုံးမယ်။ ဆိုင်က အတော်လေးကြီးတော့ ရှာရလွယ်ပါတယ်။ အဲဒီ Prawn Noodle ဆိုင်က နာမည်ကြီးတယ်လို့  ပြောကြတာပဲ။ ဖွင့်တာလဲ အတော်ကြာပြီ။ နေရာက China Square Food Centre နဲ့  လမ်းမပဲ ခြားတယ်။ China Square Food Centre အခု ပိတ်သွားတာ အတော်ကြာပြီ။ Renovations တွေလုပ်နေပြီး Office Buliding လုပ်မယ် ကြာတယ်။ ဒီ ခေါက်ဆွဲဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ Toast Box လည်းရှိတယ်။ အဲဒီ Prawn Noodle ဆိုင်က တစ်နေကုန် ဖွင့်တဲ့ ဆိုင်ဖြစ်ပါတယ်။


ဒီနေ့ တော့ ဗိုက်ဆာနေတာကြောင့် ခေါက်ဆွဲတပွဲနဲ့  မ၀လို့  နောက်ထပ် ကော်ပြန့် ကြော်နဲ့  ဘာတွေ မှန်းမသိတဲ့ အကြော်နှစ်ခု ထပ်စားလိုက်သေးတယ်။ ဓာတ်ပုံကတော့ ခေါက်ဆွဲ နဲ့  အအေးကိုပဲ ရိုက်ဖြစ်လိုက်တယ်။ ခေါက်ဆွဲလေး စားလိုက်၊ ၀က်ဆီဖတ်ကြော်လေး နည်းနည်းစားလိုက်၊ ပုဇွန် နဲ့  ၀က်နံရိုးကို ငံပြာရည်နဲ့ တို့ ပြီးစားလိုက်၊ ငရုတ်သီး နီနီသေးသေးလေးတွေကို စားလိုက်တဲ့ အခါ စပ်သွားလိုက်၊ အအေးလေးသောက်လိုက်နဲ့  စားလို့  အတော် ကောင်းတယ်။ ပုံမှန် ငရုတ်သီး မကြိုက်ပေမယ် လက်ဖက်သုတ်စားတဲ့ အခါနဲ့  Prawn Noodle စားရင်တော့ ငရုတ်သီး နီနီလေးတွေ စားဖြစ်တယ်။ မှတ်မှတ်ရရ ဒီဆိုင်က ခေါက်ဆွဲစားဖြစ်တာကနေ ကျွန်မ တူနဲ့  နည်းနည်းစားတတ်လာခဲ့တာ။ အရင်ကဆို တူနဲ့ လုံးဝ မစားတတ်ခဲ့ဘူး။

အဲမျိုးတွေက ကိုယ့်ဟာကို လုပ်စားဖို့ လွယ်မယ် ထင်တယ်။ အခုတော့ မလုပ်တတ်သေးဘူး။ လုပ်တတ်ဖို့ လဲ မလိုသေးဘူးလေ။ အခုအခြေအနေက ဆိုင်မှာ လွယ်လွယ်ကူကူ သွားဝယ် စားလို့ ရနေတာကို။ စားကလည်း စားချင်၊ ရောင်းတဲ့ဆိုင်မရှိလို့  ၀ယ်စားလို့ မရတဲ့ အခြေအနေမျိုးတွေ ကြုံလာရင်တော့ ချက်တောင်အောင် လုပ်ပြီး စမ်းချက်စားဖြစ်မယ် ထင်ပါတယ်။ ပြောသာ ပြောတာ ကိုယ်ဟာကိုယ် ချက်စားမှ စားရမယ်ဆို ၊ ပေါ်လာတဲ့ စားချင်စိတ်လေးဟာ တခြားစိတ်ဝင်စားတာတွေ နဲ့  နှိုင်းယှဉ်လိုက်ရင် မှေးမှိန်ပြီး ပျောက်သွား နိုင်တယ်။ တစုံတစ်ယောက်က စားချင်တယ်ဆိုရင်တော့ ကြိုးစား ချက်ကျွေးမိမလား။ ဒါလည်း မသေချာဘူး။ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်...

September 22, 2008

Life goes on...

အမှတ်တရ
၂၂ စက်တင်ဘာ
၈ နှစ်ပြည့်ခဲ့ပြီ...

A continuous journey!!!!!

အဆုံးသေးသောခရီးတစ်ခုကို ရှေ့ ဆက်လျှောက်ဖို့  အားမာန်တင်းရင်း
မိသားစုနဲ့  သူငယ်ချင်းယောင်းရင်းများသို့  သတိရလျှက်

Related Post:
7th Year , 6th Year
သတိတရရှိနေမယ့် အကြောင်း အရာများ

September 19, 2008

New Blog (ကြုံခဲ့ရ နဗနဘ၀)

Native Myanmar Forum မှာ အမြဲဖတ်ဖြစ်တဲ့ တော့ပစ်က MYSELF2005 ID နဲ့  ရေးသားတဲ့ ကိုနဗန ရဲ့ Myself တော့ပစ်ပါ။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ နေးတစ်ဝင်ကြည့်လို့  အဲဒီတော့ပစ်မှာ အသစ်တတ်တယ်ဆို မရမက အချိန်ယူပြီး ဖတ်ဖြစ်အောင် ဖတ်တယ်။ အဲဒီမှာနေရာမှာ ကိုနဗနက သူရဲ့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ ဘ၀ အတွေ့ အကြုံတွေကို ရေးထားတာပါ။ အရေးအသား အလွန်ကောင်းပြီး၊ ဟာသလေးနှော ရေးတတ်တဲ့ အတွက် နေးတစ်ဖိုရမ် မန်ဘာတိုင်းနီးပါး သဘောကျနှစ်သက်ကြတဲ့ တော့ပစ် တစ်ခုပါ။ BaganNET forum မှာ ကတည်းက စတင်ရေးသားခဲ့တာလို့  သိရတယ်။ ကျွန်မ Bagan Forum ခေတ်ကောင်းစဉ်က ၀င်လေ့မရှိတော့ မသိဘူး၊ နေးတစ်ရောက်မှ စပြီး ဖတ်ဖူးခဲ့တယ်။ စဖတ်ကတည်းက နှစ်သက်ပြီး ရင်းနှီးတဲ့သူတွေကို ဖိုရမ်မှာ မန်ဘာဝင်ပြီး အဲဒီတော့ပစ်ကို ဖတ်ကြည့်ဖို့  ညွန်းလေ့ရှိခဲ့ပါတယ်။
Believe it or not! This is my life.. my real life.. by Navana

အခု Blog တစ်ခုအနေနဲ့  အသက်သွင်းလာတဲ့အတွက် ဘလော့ဖတ်လေ့ရှိတဲ့ သူတွေ ဖတ်ကြည့်နိုင်အောင် သတင်းပေး လိုက်ပါတယ်။ စာကောင်းပေကောင်း ဖတ်လေ့ရှိသူတွေ ကြိုက်ကြမှာ သေချာပါတယ်။ (မကြိုက်လျှင် မကြိုက်သူဟာ စာကောင်းပေကောင်း မဖတ်တတ်သူလို့  ပြောလိုချင် မဟုတ်ပါဘူး :D ) စာဖတ်သူကို အရသာစုံလင်ပေးနိုင်တဲ့ နေရာတစ်ခု အမှန်တကယ် သေချာလို့ သာ ညွန်းလိုက်ရခြင်း ဖြစ်ပါတယ်။

ဖတ်ကြည့်ပြီး သဘောကျလွန်းလို့ အများကြီးတစ်ခါတည်း ဖတ်ချင်တယ်ဆို နေးတစ်မှာ မန်ဘာဝင်ပြီး သွားဖတ်လည်းရပါတယ်။ ဟိုမှာတော့ အတော်များမျာ တင်ထားပြီး ရှိနေပါတယ်။

September 18, 2008

ရယ်စရာ ကာတွန်းများ

"IT cartoons" from MyanmarCupid forum နဲ့  "Myanmar Internet Jokes" by Hla Htut Oo ဆိုပြီး အီးမေးက လက်ခံရရှိတဲ့ ကာတွန်းတွေပါ။ ရီရတယ်။ အဲ့ဒီလို တစ်ကွက် ကာတွန်းလေးတွေ ဖတ်ရတာ ကြိုက်လွန်းလွန်းလို့  ပျောက်ပျက် မသွားရအောင် PDF files လုပ်ပြီး သိမ်းထား လိုက်တယ်။ ဖြစ်နိုင်ရင် ကာတွန်းစာအုပ်တွေနဲ့  တစ်မျက်နှာ ကာတွန်းတွေကို ၀ယ်ပြီး စုထား ချင်တာပါ။ အခုအခြေအနေနဲ့ က မလွယ်ဘူး။ တချို့ လည်း ဒီကာတွန်းတွေကို ဖတ်ပြီးကြမယ် ထင်ပါတယ်။ မဖတ်ရသေးလို့  ဖတ်ချင်တယ်ဆို အောက်က လင့်တွေမှာ ဖတ်လို့ ရပါတယ်။ ကာတွန်းတွေ ဖတ်ပြီး မရီဖြစ်တောင် အနည်းဆုံးပြုံးဖြစ်သွားမှာ သေချာပါတယ်။


Credit to May11 and Original Uploaders

ဒီရက်ပိုင်းက အင်တာနက်ပေါ်မှာ သတင်းတွေလောက် ကလွဲရင် တခြားဟာတွေ လိုက်မကြည့်ဖြစ်ဘူး။ မနက်စောစော စိတ်ကြည်လင်မှု့ကို ဖြစ်စေခဲ့တဲ့ မမေကို အထူးကျေးဇူးတင်ပါတယ်။

Google Phone - gPhone

နောက်လကုန်မှာ Google ရဲ့ new mobile software ဖြစ်တဲ့ Android ကို သုံးထားတဲ့ ဖုန်းထွက်မယ်လို့  ဖတ်လိုက်ရတယ်။ Google ရဲ့ OpenSource ဖြစ်တဲ့ Mobile Software - Android ကို သုံးပြီး ဖုန်း ထွက်မယ်ဆိုတာ ကြားနေတာတော့ ကြာပြီ။ အခုတော့ T-Mobile ကနေပြီး HTC ဖုန်းတွေမှာ ပထမဆုံး အနေနဲ့  Android ကို သုံးထားတဲ့ gPhone ဖြန့် တော့မယ်။

HTC နဲ့  T-Mobile က Android သုံးထားတဲ့ ဖုန်းကို လာမယ် စက်တင်ဘာ ၂၃ မှာ နယူးယောက်မှာလုပ်မယ့် conference မှာ စပြီး မိတ်ဆက်မှု့ တွေလုပ်မယ် ပြောတယ်။ အပြင်ကို ဖြန့် မယ် ရက်ကိုတော့ တရာဝင် မပြောသေးဘူး။ အဲဒီဖုန်းဖြန့် တဲ့အခါ ယူအက်စ်မှာ ပဲအရင်ဖြန့် မှာလား၊ တခြားနိုင်ငံတွေမှာပါ တပြိုင်နက်ဖြန့် မှာလား .. ဘယ်ဈေးနဲ့  ဘယ်လို ဖြန့် မယ်ဆိုတဲ့ အသေးစိတ်သတင်းတွေ ဘာမှ မထုတ်ပြန်သေးဘူး။

Sept 16 - Google Developer Day London လုပ်တဲ့ Conference မှာ အဲဒီ ဖုန်းကို ပြသွားတာကို YouTube မှာကြည့်နိုင်တယ်။
Android Demo at Google Developer Day London 2008


YouTube မှာ ကြည့်ရသလောက်တော့ iPhone ပုံစံမျိုးပဲ။ iPhone နဲ့  အပြိုင်ဖြစ်မယ်လို့  မျှော်မှန်းထားကြတဲ့ ဖုန်းပဲလေ။ YouTube ကြည့်ပြီး စိတ်ထဲမှာ အဲဒီဖုန်းက ပိုပြီး မိုက်သလိုပဲ။ :D ကိုယ့်မှာ မရှိသေးတဲ့၊ မရသေးတဲ့ အသစ်မို့ လို့  အဲလို ထင်မိတာလားတော့ မသိဘူး။ Google ဆို သဘောကျတဲ့ အခံကလည်း ရှိနေတာတယ်လေ။ ဖြစ်နိုင်ရင် Google ရဲ့ Mobile Software Android ကိုသုံးထားတဲ့ gPhone လေး တစ်လုံးတော့ လိုချင်သား။ အင်း.. iPhone နဲ့  gPhone တို့ ရဲ့ အားပြိုင်မယ့် ပွဲကို ကြည့်ဖို့ အလွန်အမင်းကို စိတ်ဝင်စားနေမိတယ်။

September 17, 2008

Life is a journey of taste & travel!

ဗိုက်ဆာတယ်။ အလုပ်လုပ်စရာလေးတွေ လည်းရှိတယ်။ ဗိုက်ဆာနေတော့ အလုပ်လုပ်ဖို့  စိတ်မပါဘူး။ စိတ်ထဲမှာ ဒီနေ့  နေ့လယ်စာ စားရင် ဘယ်နေရာမှာ၊ ဘာသွား စားရင်ကောင်းမလဲ ဆိုတာကိုပဲ စဉ်းစားနေတယ်။ တွေးရင်း ဟိုးအရင် နေ့ လယ်စာ စားတဲ့ အချိန်တွေမှာ ရိုက်ထားတဲ့ စားသောက်စရာ ပုံတွေကို သတိရသွားတယ်။ အဲဒီပုံတွေ ရိုက်ထားတာ ၁ လ လောက်တော့ ရှိတော့မယ် ထင်တယ်။ တိုးတက်လာတယ် ပြောရမယ်၊ အရင်က ထက်စာရင် အစားအသောက် စားဖို့ ကို ပိုပြီး စိတ်ပါလာပြီ။ ခုနောက်ပိုင်း ကျန်းမာရေးနဲ့  ညီညွတ်အောင် ညစာကို လျှော့စား၊ မနက်စာကို မှန်မှန်စားပြီး၊ နေ့ လယ်စားစားတဲ့ အချိန်တွေမှာ ပိုပြီး များများ စားဖြစ်နေတယ်။

Life is a journey of taste & travel. Everyhing else is a waste of time.
Deli-Vege Restaurant မှာ သားသတ်လွတ်သွားစားရင်း အဲဒီက စာသားလေးကိုကြိုက်လို့ ရိုက်ဖြစ်သွားတာ။ အစားအသောက်တွေကို ရိုက်ဖို့  စိတ်ကူးမပေါ်လိုက်ဘူး။ အဲဒီက Cheese ကို ကြော်ထားတာ ကြိုက်တယ်။

HK Kim Gary Restaurant (VivoCity)
HK Kim Gary က ၀က်နံရိုး နဲ့  ထမင်း ..
အချိန်ရတယ်ဆို နေ့ လယ်စာစားချိန်မှာ VivoCity အထိသွားပြီး စားဖြစ်တယ်။ စားတိုင်း အိမ်ကို သတိရတယ်။ ၀က်နံရိုးကြော် ကြိုက်တတ်လို့  အိမ်ပြန်တိုင်း အမြဲကြော်ကျွေး သလို၊ လူကြုံရှိရင်လည်း ထည့်ပေးလေ့ရှိတဲ့ အမေ့ကိုလည်း သတိရတယ်။ အိမ်ကို သတိရလို့  သွားသွားစားဖြစ်တာပါ။ :D

အဲဒီနေ့ က အတူသွားစားတဲ့ သူငယ်ချင်းတွေက တမျိုးတည်းကို လိုက်မှာကြတော့ ဓာတ်ပုံရိုက်တဲ့အခါ အောက်ကပုံ ထွက်လာတယ်။
မိုးတွေအရမ်းရွာတဲ့ နေ့ က မိုးစိုမှာ စိုးတာနဲ့  နီးနီးနားနားရှိတဲ့ ဆိုင်မှာပဲ စားဖြစ်သွားတယ်။ ဒီအလုပ်မှာ ဒီဆိုင်ထက် နီးတဲ့ဆိုင် မရှိတော့ဘူး။

Irrawaddy Myanmar Resturant
ကြေးအိုး၊ ၀က်သားဟင်းနှင့် ထမင်း - ကြေးအိုးကတော့ မဆိုးပါဘူး စားလို့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီနေ့ က ကြာဇံဖတ်က နည်းနည်းမှာသလိုပဲ။ ပထမ တခါက ပိုအဆင်ပြေတယ်။ ၀က်သားဟင်းက ကောင်းပါတယ်။ ဒါပေမယ့် အစပ်ချက် ချက်ထားတာဆိုတော့ ကျွန်မအကြိုက် မဟုတ်ဘူး။ ကျွန်မက ၀က်သားဟင်းဆို အချိုချက်၊ ဒါမှမဟုတ် အိမ်ကချက်ပေးသလို အအီပြေ အချဉ်လေး နည်းနည်း ထက်ချက်ထားတာမျိုးကိုပဲ ကြိုက်တယ်။
Bumbu Thai-Indonesian Resturant
အလုပ်ကလူတွေနဲ့  Team Lunch အနေနဲ့ သွားစားဖြစ်တာ။ စားပြီးမှပဲ ဓာတ်ပုံရိုက်ဖို့  သတိကြတော့တယ်။

Team တစ်ခုလုံး ဆိုတော့ ၁၀ ယောက်စာ ဆက်မီနူးကို နှစ်ဆက်မှာရတယ်။ အားလုံး ၂ ၀ိုင်း ထိုင်ကြတယ်။ စားလို့ ကောင်းပါတယ်။ အဲဒီဆိုင်မှာ order သွားလုပ်တော့ order ယူတဲ့ ကောင်မလေးက ကျွန်မကို မြန်မာလားလို့ မေးတယ်။ ဘယ်လို သိသလဲ စဉ်းစားမိတယ်။ သူက မြန်မာ မဟုတ်တာ သေချာပါတယ်။ တကယ် အုပ်စုလိုက် သွားစားတော့မှပဲ အစားသောက်လာ ချပေးတဲ့သူတွေ၊ အဲဒီ ဆိုင်က လူအတော်များများက မြန်မာတွေ ဖြစ်နေတာ သိလိုက်ရတယ်။ သူတို့ က ကျွန်မကို မြန်မာမှန်း ကြိုသိနေတယ်။ အရင်နေ့ တွေက ကျွန်မ ဖုန်းပြောနေတာကို ကြားဖူးတယ် ထင်တယ်။
Lunch @ Deli-Vege Restaurant

September 16, 2008

ကိုယ်မေးမယ် .. ဘာဖြစ်ဦးမလဲ

ကျွန်မ ကဗျာတွေ မစပ်တတ်ဘူး.. ဒီသီချင်းဆိုမယ်ဆို ကဗျာတွေဆိုတဲ့ နေရာမှာ ဘလော့မှာ စာတွေ လျှောက်ကာ ရေးတယ်လို့ များ ထည့်ဆိုရမလားတောင် မသိဘူး... တခြားစာသားတွေက ပြောစရာမရှိ... အင်း.. တကယ်ဆို သီချင်းလည်း မဆိုတတ်ပါဘူး.. သီချင်းတွေပဲ နားထောင်တတ်တယ်.. ဒီတော့ ဘာမှ ပြောင်းလဲစရာ မလိုတော့ပဲ .. ထွန်းအိန္ဒြာဗိုလ် ဆိုထားတဲ့ သီချင်းကိုပဲ ထပ်ခါထပ်ခါ နားထောင်နေ လိုက်တော့တယ်..

ထွန်းအိန္ဒြာဗို - ဘာတွေဖြစ်ဦးမလဲ
ထွန်းအိန္ဒြာဗို - ဘာတွေဖြစ်ဦးမလဲ (live)

အချိန်တွေကုန်အောင် ကဗျာတွေရေး
ပြောင်းလဲလွန်းတဲ့ မိနစ်နေ့တိုင်းကို .. ကိုယ့်ရဲ့စိတ်တွေ မြုပ်နှံ
နေ့နဲ့ည ရေရင်လေ ၂၈နှစ် (အမြဲ)
ပြတင်းပေါက်ရဲ့ တံခါးများကို ဖွင့်တဲ့ မနက်တိုင်းမှာ
မနက်ဖြန်ဟာ အရင်အတိုင်းလေ

ယုံကြည်တယ် ဘုရားဟောထားတဲ့ ကျမ်းများလို
ကိုယ်လေ တကယ် နေထိုင်ရင်းနဲ့ .. ကိုယ် တည်ဆောက်ခဲ့
အခုများ .. ကြမ်းတမ်းတဲ့ ခရီး ၀ဋ်ကြွေးများ ချာချာလည်

ရင်ဆိုင်မယ် ကိုယ့်အတွက် နေ့သစ်များရဲ့ မနက်သစ်မှာ
ကျန်တာ မေ့ကာထားခဲ့ .. မသေချာတဲ့ နေ့များ..
ကိုယ်လေ လောကဓံကြီးကို အော်မယ်...နောက်ရက်များအတွက်

ကိုယ်မေးမယ် ... ကိုယ်မေးမယ် .. ဘာဖြစ်ဦးမလဲ
နေ့တိုင်းအတွက် ... ကိုယ်မေးမယ် ... ဘာတွေဖြစ်ဦးမလဲ

လိုချင်တယ်... ကိုယ်ဘာတွေ ရခဲ့သလဲ
အချိန်တွေပဲပြောင်း သောင်ပြင်ရယ်နေရာ မရှိတယ်
ဒီကဗျာတွေ ဒီရင်မှာ ပြည့်ကျပ်လို့ နေ
ဘယ်နားမှာ သွားသုံးမလဲ .. ဆုံးရှူံးတဲ့ နေ့...

.....
.....

ကိုယ်မေးမယ် ကိုယ်မေးမယ် ဘာတွေဖြစ်ဦးမလဲ
မနက်တိုင်းအတွက် ကိုယ်မေးမယ် အနှောင့်အယှက်များထဲ
ကိုယ်မေးမယ် ကိုယ်မေးမယ် ဘာတွေဖြစ်ဦးမလဲ
ကိုယ်မေးမယ် နာရီတွေ ဘာဖြစ်ဦးမလဲ

အချိန်ကုန်ခံကာ ကဗျာတွေရေး
ရိုးသားခြင်းဟာ ဒုက္ခရောက်လွန်းလို့
မနက်ဖြန် ကိုယ်ဘာဖြစ်မလဲ

ဒီနေ့ မနက်.. ဒီသီချင်းကို နားထောင်ချင်စိတ်ပေါက်တာနဲ့  အတော်လေး လိုက်ရှာလိုက်ရတယ်။ လိုချင်တာ အရင်ဆိုထားတဲ့ ဗားရှင်းအဟောင်း။ အင်တာနက်ပေါ်မှာ ရှာလို့ မတွေ့ ဘူး။ ဒီတော့ တွေ့ တာလေးပဲ တင်လိုက်တယ်။ ထွန်းအိန္ဒြာဗို - ဒိုင်ယာရီ Live Show 2 (mp3.mmblogs.net) သီချင်း နာမည်က ဘာတွေဖြစ်မလဲလား.. ဘာတွေဖြစ်ဦးမလဲလား...

Update
: သီချင်းနာမည် အမှန်က "ဘာတွေဖြစ်ဦးမလဲ"
မမွန် နဲ့  ကိုဘွိုင်းဇ်ကို ကျေးဇူးတင်ပါတယ်။ :)

September 12, 2008

Hug a Developer (We’re In Pain)

ဒါလေးကြည့်ပြီး သဘောကျသွားလို့  မကြည့်ဖူးတဲ့သူတွေ ကြည့်ဖြစ်အောင် ပြန်ရှယ်ယာလုပ် လိုက်ပါတယ်။


အထက်က ပုံပေါ်မှာ Click လုပ်ပြီး vedio ကို ကြည့်လို့ ရပါတယ်။ အဲလို ကြည့်ရတာ အဆင်မပြေလို့  Youtube မှာ ကြည့်ချင်တယ်ဆိုရင် ဒီမှာ ကြည့်နိုင်ပါတယ်။

Note: Sepcial Thanks to KalvinAlexander from NativeMyanmar Forum

You Can Let Go - Crystal Shawanda

ဒီသီချင်းကို Jewel Of Jewel ဘလော့က တဆင့် စပြီးရင်းနှီးခဲ့တယ်။ ပထမဆုံးအကြိမ် စပြီး နားထောင်ကတည်းက ကြိုက်နှစ်သက်ခဲ့တယ်။ အခု အချိန်အထိလည်း အကြိမ်ပေါင်းများစွာ နားထောင် ဖြစ်ခဲ့ပါတယ်။ နောင်လည်း ဆက်ပြီး နားထောင် ဖြစ်နေအုံးမှာပါ။

You Can Let Go -Crystal Shawanda
YouTube (Music Video)



"You can let go now daddy
You can let go
Oh I think I'm ready to do this on my own
It's still a little bit scary
But I want you to know
I'll be okay now daddy
You can let go"


ဒီသီချင်း နားထောင်တိုင်း ကျွန်မကို အရမ်း ချစ်၊ အရမ်း အလိုလိုက်ပြီး၊ ကျွန်မအတွက် အမြဲ စိုးရိမ်နေတတ်တဲ့ ဖေဖေကို သတိရမိတယ်။ ကျွန်မနဲ့  ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆိုရင် မေမေထက် စာရင်တောင်မှ ဖေဖေက ပိုပြီးသိချင်သလို၊ ပိုပြီးလည်း စိတ်ပူတတ်တယ်။ ဖုန်းဆက်တိုင်း အဆင်ပြေကြရဲ့လား ဆိုတဲ့ စကားက ဖေဖေ အမြဲမေးဖို့  မမေ့တဲ့စကား တစ်ခွန်းပါ။ ကျွန်မကလည်း အဖေအလို လိုက်မှန်းသိတော့ အဖေရှိတဲ့ အချိန်တွေဆိုရင် နည်းနည်း ပိုဆိုးတယ်။ တခါတလေ စိတ်မပါဘူးဆို တစ်ခွန်းမေးရုံနဲ့  ဖြေတာ မဟုတ်ဘူး။ နောက်ဆုံး ဖုန်းချခါနီးမှသာ အဆင်ပြေတယ် ဆိုတာမျိုးကို ကပ်ပြီးပြောခဲ့ တတ်တယ်။ အဲလိုမှ မပြောရင် ကျွန်မ ဘာမှ ဖြေသွားတဲ့အတွက် သာမန်မဟုတ်ဘူး၊ ဘာများဖြစ်နေသလဲ စိတ်တွေပူပြီး မေမေကို ပြောနေရင် နောက်တစ်ခါ ကျွန်မ ဖုန်းဆက်တဲ့ အခါမှာ မေမေက ဆူနိုင်တယ်လေ။ ဖေဖေကတော့ ဘယ်တော့မှ ဆူမှာမဟုတ်ဘူး။ :D ကျွန်မ နဲ့  ကျွန်မရဲ့ အဖေ အကြောင်းပြောရမယ်ဆို အများကြီးပဲ။ ကျွန်မ ဘာလုပ်လုပ် အမြဲခွင့်လွှတ်၊ အလိုလိုက်၊ ချစ်ခင်နေတဲ့ ဖေဖေ့ ကို သတိရရင် ဒီသီချင်းလေးကို နားထောင် ဖြစ်နေတယ်။ ဒီသီချင်းကို နားထောင်တိုင်း စိတ်ထဲမှာ ၀မ်းနည်းမိတယ်။ အားအင်တွေ မရှိတော့တဲ့ အခါဆိုရင်လည်း ဒီသီချင်းကို နားထောင်ရင်း ကိုယ်လုပ်နိုင်ပါတယ် ပြောခဲ့တဲ့ စကားတွေကို အမှတ်ရပြီး ရှေ့ ခရီး ဆက်ဖို့ အားပြန်တင်းဖြစ်တယ်။

Related Post: Dawn of a New Day - Crystal Shawanda

September 11, 2008

ရောက်တက်ရာရာ အတွေးများ

ပြီးခဲ့တဲ့ရက်က Blog Template ကို ပြောင်းဖို့ ကြိုးစားကြည့်တယ်။ လုပ်ရင်း တ၀က်တ်ပျက်နဲ့  ရပ်ထား လိုက်တယ်။ ကြည့်ရင်း ခေါင်းရှုပ်လာလို့  ဘလော့ပါ ပိတ်ထား လိုက်တယ်။ အရင်ကဆို တစ်ခုခုကို စလုပ်ပြီး ဆိုတာနဲ့  မပြီးပြီးအောင် လုပ်လေ့ရှိတယ်။ အခု အဲလို အရင်ကလို စိတ်မရှည် တော့ဘူး။ အခု အသစ်လည်း ထပ်ပြောင်းချင်စိတ် မရှိတာနဲ့  အရင်အဟောင်းကိုပဲ ပြန်ပြောင်း ထားလိုက်တယ်။

ကိုယ်အကြောင်း ကိုယ်ပြန်စဉ်းစားမိတယ်။ အတော်ပြောင်းလဲ သွားသလိုပဲ။ အရင်ကလောက် စိတ်အင်အား မကြီးမားတော့ဘူး။ ဇွဲမရှိတော့ဘူး။ တခြား စိတ်ဓာတ်၊ အတွေးအခေါ်.. အင်း ပြောင်းလဲသွားတာတွေ အများကြီးပဲ။ အသက်ကြီးလာကတော့ အထူးထည့်ပြောဖို့ လိုမယ် မထင်ဘူး။ ထားပါလေ။ ပြောင်းလဲနေတယ် ဆိုတာ ပုံမှန်သဘာဝ ပါပဲ မဟုတ်လား။ တသက်မတ်တည်း ဒီလိုကြီးပဲဆိုမှ တစ်ခုခု မှားနေတယ်လို့  ဆိုရမှာ။ ပြောင်းလဲပါစေ။ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်ဖို့ သာ ကိုယ်ပိုင်အသိစိတ်နဲ့  ကြိုးစားရတော့မှာပေါ့။

ရေးရင်း ခေါင်းထဲရောက်လာပြန်တာက Blog Template။ အခုရက်ပိုင်း စိတ်ကူးပေါက်ထပ်ပြောင်းဖို့  ကြိုးစားမိအုံးမလား မသိဘူး။ လွယ်လွယ်ကူကူ ကိုယ်လည်းကြိုက်၊ ခပ်ရှင်းရှင်းလည်း ရှိတဲ့ Blogspot ရဲ့ default template ဖြစ်တဲ့ Minima ပဲပြောင်းရင် ကောင်းမလားး။ စိတ်ဆိုတဲ့ အရာကလည်း တကယ့်ကို အစိုးမရဘူး။ ဒီ Template ကို မပြောင်းလဲ ဘာမှ မဖြစ်တာ။ အဓိက ကိုယ်ရေးချင်တာ ရေးလို့ ရဖို့ က အရေးကြီးတာပဲဟာ။ ခုလို တွေးလိုက်ပြန်တော့လဲ ကိုယ့်အတွေးနဲ့  ကိုယ်တော့ ဟုတ်နေတာပဲ။ ဟိုနေ့ က ဘာလို့  Template ပြောင်းဖို့ သွားစဉ်းစားမိပါလိမ့်။ အဲဒီတုန်းကလည်း Template ပြောင်းချင်တဲ့စိတ်က ရှိနေတော့ ပြောင်းလိုက်ရင် ဘာတွေ ဘယ်လို ကောင်းသွားမှာပဲလို့  တွေးခဲ့မိမှာပဲ။ လူ့ စိတ် .. လူစိတ်.. ကိုယ်ဖြစ်ချင်တဲ့ အရာ၊ ကိုယ်လုပ်ချင်တဲ့ အရာ၊ ကိုယ်လုပ်နေတဲ့ အရာတွေဟာ ကောင်းတယ်လို့  ဖြစ်အောင် လှည့်ပတ် တွေးတတ်ပါပေတယ်။

ခုရက်ပိုင်း လုပ်ချင်တာတွေ၊ သိချင်တာတွေ ၊ စမ်းကြည့်ချင်တာတွေ အတော်များနေတယ်။ မလုပ်ချင်လို့  လှည့်မကြည့်ပဲ ထားတဲ့ လုပ်သင့်တဲ့ အရာတွေကလည်း တန်းစီလို့ ။ ဖတ်စရာ၊ လေ့လာစရာ စာတွေကလည်း နည်းတာ မဟုတ်ဘူး။ အလကား အချိန်ကုန်ခံနေလို့  မဖြစ်ဘူး။ ကဲ.. အရေးမကြီးတာတွေ ထက်စာရင် တခြား အရေးကြီးတာတွေ အရင်လုပ်ဖို့ ပဲ ကိုယ့်ကိုကိုယ် တွန်းအားပေး လိုက်တော့မယ်။ မေမေပြောသလို ... ဘယ်သူ့ အတွက်မှ မဟုတ်၊ ကိုယ့်အတွက် ကိုယ်တော့ ကိုယ်ဘာသာကိုယ် သိတတ် လိမ္မာမှ ဖြစ်မှာ။

I've got

ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဖုန်းအသစ် ၀ယ်ဖြစ်တယ်။ ဖုန်းအသစ် ပြောင်းမယ် ပြောင်းမယ်နဲ့ စဉ်းစားနေတာ အတော်လေး ကြာနေပြီ။ အခုမှပဲ အကြောင်းကြောင်းတွေ တိုက်ဆိုင်၊ အားလုံး အဆင်ပြေသွားတာကြောင့် တကယ်လဲ ဖြစ်သွားခဲ့ပါတယ်။

ဖုန်းကို crazy သိပ်မဖြစ်လို့  ခနခန မလဲဖြစ်ဘူး။ ကျွန်မ ဖုန်းခေါ်ချင်တဲ့အချိန်၊ ပြောချင်တဲ့အချိန်မှာ ပြောလို့ ရ နေဖို့ က အရေးအကြီးဆုံးပဲ။ အရင်သုံးနေတဲ့ ဖုန်းက သုံးလာတာ ၃ နှစ်ပြည့်တော့မယ်။ တခြားဟာတွေ ဘာမှ ဖြစ်ပေမယ့် ဒီလောက် အချိန်ကြာပြီဆိုတော့ ဖုန်းဘက်ထရီက မကောင်းတော့ဘူး။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က ဘက်ထရီအသစ်လဲ ပေမယ့် မခံတော့ဘူး။ ခနလေးနဲ့  အားကုန်တယ်။ ဖုန်းအသစ်ပြောင်းမှကို ဖြစ်မယ် အခြေအနေမျိုး။။ ခုနောက်ပိုင်း ဘယ်သွားသွား အိတ်ထဲမှာ Charger ထည့်ထားတယ်။ ဖုန်းပြောင်းမယ် ဆိုတော့ သုံးနေကျ Sony Ericsson ပဲယူမလား၊ Nokia ပြောင်းသုံးရင် ကောင်းမလား၊ ဘာဝယ်ရမယ် မှန်းမသိဘူး အတော်ကို စဉ်းစားရ ခက်နေခဲ့တယ်။ အရင်ဖုန်း W800i ကို ၀ယ်တုန်းက Walkman ဖုန်းကို စိတ်ဝင်စားနေတုန်း အဲ့ဒီ ဖုန်းထွက်လာတဲ့ အချိန်နဲ့  တိုက်ဆိုင်နေတာကြောင့် ၀ယ်ဖြစ်သွားခဲ့တာ။ ခုနောက်ပိုင်း ဖုန်းကို ဈေးကြီးပေး မ၀ယ်ချင်ဘူး ဖြစ်နေတာ။ ပြောဖို့ အဆင်ပြေရင်ပြီးရော ဘာ function မှမပါတဲ့ ဖုန်းတစ်လုံး ၀ယ်ရင်ကောင်းမလား စဉ်းစားမိတယ်။ ပုံစံရိုးရိုးလေးလဲ လိုချင်တယ်။Smart Phone တွေကိုလည်း မကိုင်ချင်ဘူး။ လိုချင်တာတွေ့ ရင်တော့ ၀ယ်လိုက်မယ် စိတ်ကူးပြီး သတိထား လိုက်ကြည့်နေပေမယ့် ဘာမှကို လိုချင်စိတ် သိပ်မရှိတာကြောင့် ဘာမှ မ၀ယ်ဖြစ်ခဲ့ဘူး။

အရင် သူငယ်ချင်းတွေ iPhone ကိုင်နေတာတွေ တွေ့ ပေမယ့် လိုချင်စိတ် မပေါ်ဘူး။ သူတို့ စီက ယူကြည့်ကတည်းက ပုံလေးတွေ ကို Zoom လုပ်ရတာကို မိုက်တယ်လို့  ထင်တယ်။ Apple က ထုတ်တာဆိုတော့ Graphic Quality က ကောင်းပြီးသားဖြစ်မယ်ဆိုတာ ပြောစရာမလိုဘူး၊ iPhone လိုချင်လားဆိုတော့ မလိုချင်ပြန်ဘူး။ မကြိုက်လို့ လားဆိုတော့ မဟုတ်ပြန်ဘူး။ ဘာ feeling မှ ကို မဖြစ်တာ။ ပုံမှန်လည်း အဲလိုပါပဲ၊ အရာဝတ္ထု ပစ္စည်း တစ်ခုခုကိုဆို လိုချင်တဲ့စိတ်က သိပ်မပေါ်တတ်ဘူး။ လဆန်းပိုင်းက ဒီမှာ iPhone စရောင်းတော့ အလုပ်မှာ နေ့ လယ်စာ အတူသွားစားလေ့ရှိတဲ့ ကောင်မလေးတစ်ယောက်က စရောင်းတဲ့ရက်ပဲ သွားဝယ် သုံးတယ်။ သူက June လက စာရင်းကြိုယူထားတာကို တကယ်သွားဝယ်တဲ့နေ့ မှာတောင် ၃ နာရီလောက် စောင့်လိုက်ရတယ် ဆိုပဲ။ သူ့ စီကတစ်ဆင့် Plan တွေနဲ့  ဖုန်းဈေး ကို ပိုပြီးတော့ သတိထားမိသွားတယ်။

ခုရက်ပိုင်းမှာ တိုက်တွန်းတဲ့ သူကလည်း တိုက်တွန်းတယ်လေ။ ဖုန်းဝယ်မယ်ဆို iPhone 3G ၀ယ်လိုက်တဲ့။ အဲ့ဒီဖုန်းကိုဆို ကျွန်မ စိတ်ဝင်စားမှာ သေချာတယ်တဲ့။ iPhone ကို ကျွန်မ ဘာကြောင့် ကြိုက်နိုင်တယ် ဆိုတဲ့ အချက်တွေကို ရှင်းပြတယ်။ တိုက်တွန်းတဲ့သူက အတိုက်တွန်းကောင်းလို့  မသိဘူး၊ စိတ်ဝင်စားလာပြီး ၀ယ်လိုက်ရင် ကောင်းမကောင်း၊ ၀ယ်ချင်ချင်ဖြစ်နေတဲ့ အချိန်မှာ အသိတစ်ယောက်က သတင်းပေးလာတယ်။ သင်တော်တဲ့ ဈေးနှုန်းနဲ့  လိုချင်တာကို ရနိုင်တဲ့အခြေအနေမို့  ချက်ချင်းသွား ၀ယ်ဖြစ်လိုက်တယ်။ မဟုတ်လို့  ဆက်ပြီး စဉ်းစားနေမယ်ဆို ဘာမှ ၀ယ်ဖြစ်တော့မှာ မဟုတ်ဘူးလေ။
Sperical thanks to Bro OKP and his family :)
ဒီရက်ပိုင်း ဖုန်းအသစ်ကို ဟိုကလိ ဒီကလိ လုပ်ရင်း အတော်လေး သဘောကျတယ်။ စမ်းစရာ ပစ္စည်းတစ်ခု၊ ကစားစရာတစ်ခု လက်ထဲရောက်နေ သလိုပဲ။ ဒါတောင် အချိန်သိပ်မအားလို့  ကိုယ် စမ်းချင်သလောက် မစမ်းရသေးဘူး။ ဖုန်း Plan မှာ BroadBand on Mobile Data Bundle 50GB ရတာကိုပါ တွဲယူထားတာကြောင့် Wireless မရှိလည်း အင်တာနက် အသုံးပြုလို့ ရနေတယ်။ တစ်လကို 50GB ဆိုတာ လုံလောက်မယ်လို့ တော့ မျှော်လင့်ရ ပါတယ်။ ဖုန်းကနေ Safari သုံးပြီး Suff လုပ်တဲ့အခါတွေမှာ ပုံမှန် ကွန်ပြူတာတွေ ကလိုမျိုး ရှင်းရှင်းလင်းလင်း မြင်ရတာကို အရမ်းကို သဘောကျနေတယ်။

သုံးနေတဲ့သူတွေက SMS forword လုပ်မရတာကို မကြိုက်ဘူး ပြောကြတယ်။ ကျွန်မ အတွက်တော့ အရေးမကြီးဘူး။ ကျွန်မက SMS ပို့ လေ့မှ မရှိတာ။ SMS ကို တော်ရုံ ပို့ လေ့ မရှိဘူး။ စိတ်မရှည်ဘူး။ ပြောစရာရှိရင် ဖုန်းပဲခေါ်လိုက်တာ များတယ်၊ အရင်သုံးတဲ့ ဖုန်းလိုင်း တုန်းကဆို ဖုန်း Plan မှာကို SMS ထည့်မယူထားဘူး။ အခု Plan မှာရတဲ့ free 500 SMS ကို ဘယ်လို သုံးရမယ်မှန်း မသိဘူး။ အဲဒီ 500 sms ကို ဖုန်းမိနစ်ပြောင်းလို့  ရတယ်ဆိုလဲ ကောင်းသား။ အခုတော့ အလကား ပိုနေတော့မှာပဲ။ အင်း တခြားတစ်ယောက်ကို ဒီ SMS တွေ လွှဲပေးလို့ ရတယ်ဆို လွှဲပေးလိုက်ချင်ပါတယ်။

နောက်တစ်ခုက Bluetooth ပါပေမယ့် Filetransfer နဲ့  တခြား ဟာတွေ လုပ်မရဘူး။ Headset နဲ့ ချိန်ပြီး စကားပြောတာ သီချင်းနားထောင်တာပဲ လုပ်လို့ ရတယ်။ ဒါကလည်း ကိစ္စမရှိဘူး၊ ကျွန်မ အနေနဲ့  ခွင့်လွှတ်နိုင်ပါတယ်။ ကျွန်မ အရင် ဖုန်းကို သုံးတုန်းကတောင် ၃ နှစ်အတွင်း bluetooth နဲ့  filetransfer လုပ်တဲ့အကြိမ်က ၁၀ ကြိမ်အောက်မှာပဲရှိမယ်။ ရရင်တော့ ကောင်းတာပေါ့။ မရတော့လည်း ကိစ္စမရှိဘူးပေါ့လေ။

အခုအချိန်အထိ ဒီဖုန်းမှာ အဓိက စိတ်တိုင်းမကျတာဆိုလို့  တစ်ခုပဲ ရှိသေးတယ်။ TalkTime သိပ်မခံတာပဲ။ ဖုန်းပြောမယ်ဆို 5 hours ပဲရတယ်။ တကယ် စိတ်ကုန်တယ်။ နောက်တော့လည်း စိတ်ဖြေလိုက်ပါတယ်။ ကိုယ်စမ်းချင်တာတွေ စမ်းရဖို့ တော့ TalkTime မခံတာလေးကို သည်းခံမှဖြစ်မယ်။ သည်းမခံနိုင်တဲ့ အဆုံးဖြစ်လာတော့လည်း ကြာကြာပြောလို့ ရနိုင်မယ့် ဘာ function မှ မပါတဲ့ ရိုးရိုး ဖုန်းတစ်လုံး ထပ်ဝယ် လိုက်တာပေါ့။ :D

Maximum Battery Life
3G offers up to 5 hours of talk time on 3G
5 hours of Internet use on 3G2,
6 hours of Internet use on Wi-Fi,
7 hours of video playback
24 hours of audio playback on a full charge at original capacity.
In addition, iPhone features up to 300 hours of standby time.

September 07, 2008

Live Like You Were Dying

ဒီသီချင်းကို အတော်လေး ကြိုက်တယ်။
Live Like You Were Dying - Tim McGraw

He said I was in my early forties
With a lot of life before me
When a moment came that stopped me on a dime
I spent most of the next days
Looking at the x-rays
Talking about the options, talking ’bout sweet time

And I asked him when it sank in
That this might really be the real end
How’s it hit ya’ get that kind of news
Man, what’d you do (he said)

I went sky diving
I went rocky mountain climbing
I went two point seven seconds
On a bull named FuManChu. And I loved deeper and I spoke sweeter
And gave forgiveness I’d been denying
And he said some day I hope you get the chance
To live like you were dying

He said I was finally the husband
That most the time I wasn’t
I became a friend a friend would like to have
And all ‘a sudden going fishin’
Wasn’t such an impostition
And I went three time that year I lost my dad

And I finally read the good book
And I took a good long hard look
At what I’d do if I could do it all
again….. and then

I went sky diving
I went rocky mountain climbing
I went two point seven seconds
On a bull named Flew Man Chu
And I loved deeper and I spoke sweeter
And gave forgiveness I’d been denying
And he said some day I hope you get the chance
To live like you were dying

Like tomorrow was a gift
And you’ve got eternity to think about
What you’d do with it
What did you do with it
What did I do with it
What would I do with it


Skydiving
I went rocky mountain climbing
I went two point seven seconds on a bull named Fu Man Chu
And man I loved deeper
And I spoke sweeter
And I watched an eagle as it was flyin'
And he said some day I hope you get the chance
To live like you were dying
To live like you were dying
To live like you were dying


September 06, 2008

စာဖတ်သူတစ်ဦး ၏ မှတ်စု

၀၀စား၊
ဝေးဝေးနေ၊
ဝင်မရှုပ်နဲ့ ၊
ဝရုန်းသုန်းကားတွေ
ဖြစ်ကုန်မယ်။

မင်းသိင်္ခ

အခုအိမ်မှာ မင်းသိင်္ခ ၀တ္ထုတွေ တွေ့ တာနဲ့  လျှောက်ဖတ်ကြည့်ရင်း မြနန်းနွယ် ၀တ္ထုထဲမှာပါတဲ့ ဒီစာသားလေးကို သဘောကျ သွားတယ်။ အဲဒီ စာအုပ်မရတော့ စာရေးဆရာက ကိုယ်နဲ့  မဆိုင်တဲ့ ကိစ္စတွေမှာ ၀င်မရှုပ်ရဘူး ဆိုတဲ့ အကြောင်းကို အဓိကပြောချင်တာလို့  ထင်ပါတယ်။ ထိပ်ဆုံးက စာလုံး "၀၀စား" ဆိုတာကို ဖတ်ပြီး ဒီစာသားတွေကို သဘောကျသွားတယ်။ အခု ရက်ပိုင်း အစားအသောက်ကို အချိန်မှန်နဲ့  ၀၀ စားဖို့ လို နေတယ်။ မနက်၊ နေ့ လည်၊ ညစာ တစ်နေ့  အနည်းဆုံး ၃ ခါတော့ စားမှ ဖြစ်တော့တယ်။ စားတဲ့အခါလည်း အရင်ကလုပ်သလို လွယ်လွယ် ရှိတဲ့ မုန့် လေးလောက် စားလိုက်တာမျိုး၊ ဘာမှမရှိရင် မစားပဲ နေလိုက်တာမျိုးတွေ လုပ်လို့  မရတော့ဘူး။ တစ်ခုခု မစားပဲ နေလိုက်မိရင် အဲဒီ မစားဖြစ်တဲ့ အရှိန်နဲ့  နောက်အချိန်တွေမှာ ဆက်စားလို့ မရ နေလို့ မကောင်း၊ အစားအသောက် ပျက်တာတွေ ဆက်ဖြစ်ရော။ ဘာပဲဖြစ်ဖြစ် ဒီဟာလေးကို ဘဘောကျလို့  မှတ်ထားလိုက်တယ်..

September 05, 2008

အချိန် နဲ့  နေရာ

ငါသိပ်ချစ်မိတဲ့ မင်းအနားကို ဘယ်လိုရောက်မလဲ မမြဲတမ်းတွေးလို့ ...

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)


အချိန်နဲ့  နေရာ


မင်းပြောထားတဲ့အချိန်လေးတွေ ရောက်ဖို့
အဝေးကြီးထဲက မျှော်လင့်နေလို့
ခံစားချက်တွေ အလွန်အကျွံပါ အချစ်ရာ
နှလုံးသားထဲက တစ်ယောက်တည်းသူမို့
နေနဲ့ ညတို့ စိတ်ကူးယဉ်လို့
ကိုယ့်အတွေးထဲတောင် ပျော်တာပါ အချစ်ရာ

ဘယ်အချိန်ဆုံမှာလဲ ဘယ်နေရာမှာတွေ့မလဲ
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ ဘယ်အချိန်ဆုံမှာလဲ
မရေရာပေမယ့်လည်း မျှော်လင့်ချက်အများကြီးနဲ့

ဘယ်လိုဖြစ်ဖြစ် မင်းနဲ့တွေ့နိုင်ဖို့ဆိုရင်
ဘယ်နေရာရောက်ရောက် အမြဲ ကိုယ်ကြိုးစားသွားမှာပါ

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
မရေရာပေမယ့်လည်း အိပ်မက်တို့အများကြီးနဲ့ ...


City FM Live Show (II) မှာ ပါတဲ့ မျိုးကျော့မြိုင်နဲ့  ကြည်လဲ့လဲ့ဦး သ်ီဆိုထားတဲ့ အချိန်နဲ့  နေရာ။ သီချင်းရေးသူက ဆောင်းဦးလှိုင်။ မျိုးကျော့မြိုင် နဲ့  ကြည်လဲ့လဲ့ဦး နှစ်ယောက် စုံတွဲ သီဆိုထားတဲ သီချင်းကို နားထောင်ရင်း ဒီသီချင်းကိုပဲ တခြားအဖွဲ့ တစ်ခု ဆိုထားတာ ရှိတယ်ဆိုတာ သတိရသွားတယ်။ သီချင်းက ကိုယ့်စီမှာ ရှိနေပေမယ့် ဘယ်သူတွေ ဆိုထားမှန်းမသိလို့  အတော်လိုက်ရှာ လိုက်ရတယ်။ ဟိုလူ့ မေး ဒီလူ့ မေးပေါ့။ နောက်ဆုံးမှ "ဟိုတုန်းကထက် ပိုချစ်မယ်" အခွေထဲမှာ ပါတာဖြစ်ပြီး အခွေကာဗာ အရဆို အဲဒီ အချိန်နဲ့ နေရာ သီချင်းကို မေနန်းခေါင် နဲ့  ရဝေ ဆိုထားတာမှန်း သိလိုက်ရတယ်။
အချိန် နဲ့ နေရာ (ဟိုတုန်းကထက် ပိုချစ်မယ်)

သေချာနားထောင်ကြည့်တော့ ဒီသီချင်းနှစ်ပုဒ်မှာ စာသား နည်းနည်းကွာတာ တွေ့ ရတယ်။ အဝေးကြီးက မျှော်လင့်နေလို့  .. အစောကြီးထဲက မျှော်လင့်နေလို့ ... နှစ်ခုလုံး တမျိုးစီ နားထောင်လို့ ကောင်းပါတယ်။ ဒါပေမယ့် မျိုးကျော့မြိုင်နဲ့  ကြည်လဲ့လဲ့ဦး ဆိုထားတာကို ပိုပြီးကြိုက်တယ်။

Credit to Ma May(EmotionalCorner)

Update: ရှိသမျှ ဗားရှင်း အားလုံး နှိုင်းယှဉ် နားထောင်ကြည့်လို့ ရအောင်လို့  ဆောင်းဦးလှိုင် ဆိုထားတဲ့ ဗားရှင်းကိုပါ တင်ပေးလိုက်ပါတယ်။ အချိန်နဲ့ နေရာ - ဆောင်းဦးလှိုင် ( "အဖြူရောင် သီချင်း" မှ)

September 04, 2008

Interesting Definitions of IT People’s Designations

သူငယ်ချင်း တစ်ယောက် ပို့ ပေးတဲ့ အီးမေးက တဆင့် ဖတ်ဖြစ်သွားတဲ့ IT professional တွေ ရဲ့ ရာထူးတွေနဲ့  အဓိပ္ပါယ် ရှင်းလင်းချက်တွေ။ ကိုယ်နဲ့ ဆိုင်တဲ့ အရာတွေမို့ လား မသိဘူး ဖတ်ပြီး သဘောကျသွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် အခုရက်ပိုင်း ဒီလူတွေ ကြောင့် စိတ်တွေ ရှုပ်နေရတယ်။ တစ်ယောက် တမျိုးနဲ့ ၊ ကိုယ့်နေရာကလည်း ဟိုမရောက် ဒီမရောက် သူတို့ တွေ အားလုံးကြား ထဲရောက်နေတော့ ပိုစိတ်ညစ်ရတယ်။ အလုပ်က အီးမေးကို သုံးပြီး အလုပ်မှာရှိနေတဲ့ Project Manager က အစ၊ Client အဆုံး ရှိသမျှ လူတွေ အကုန်လုံးစီကို Forward လုပ်ပေးလိုက်ရင် ဘာများ ပြောကြမလဲ။ ပို့ ဖြစ်ခဲ့ ရင်တော့ Just for fun. Don't take it serious !!!! ဆိုတာလေးကို စာလုံးမဲကြီးနဲ့  သေသေချာချာ ထည့်ပေးလိုက်မှ ဖြစ်မယ် ထင်တယ်။

1) *Project Manager* - is a Person who thinks nine women can deliver a baby in One month..

2) *Developer* - is a Person who thinks it will take 18 months to deliver a Baby.

3) *Onsite Coordinator* - is one who thinks single woman can deliver nine babies in one month.

4) *Client* - is the one who doesn't know why he wants a baby.

5) *Marketing Manager* - is a person who thinks he can deliver a baby even if no man and woman are available.

6) *Resource Optimization Team* - thinks they don't need a man or woman; they'll produce a child with zero resources.

7) *Documentation Team* - thinks they don't care whether the child is delivered, they'll just document 9 months.

8) *Quality Auditor* - is the person who is never happy with the PROCESS to produce a baby.

And last but not the least.................

9) *Tester* - is a person who always tells his wife that this is not the Right baby.

Credit to ATDW

September 03, 2008

Growing Jewelry - Flower Pot Rings

အင်တာနက်ပေါ်လျှောက်ကြည့်ရင်း တွေ့ မိတာလေး။ Growing Jewelry တဲ့။ ကိုယ်ပိုင်ဆိုင်တဲ့ Growing Jewelry အကောင်းဆုံး ဖြစ်နေဖို့ ဆိုတာ၊ ပိုင်ရှင်မှာ တာဝန်အရှိဆုံး ဖြစ်တယ်လို့  ဒီ Growing Jewlery ကို ဒီဇိုင်းထုတ်သူ ဒီဇိုင်နာက သူ့ ရဲ့ ဆိုဒ်မှာ ရေးထားတာ ဖတ်လိုက်ရတယ်။ ဒီရတနာတွေက ၀ယ်ပြီးရင် ပစ်ထားလို့ မရဘူး အမြဲ ဂရုတစိုက်နဲ့  ရေလောင်းပေး ဖို့ လိုတယ် မဟုတ်လား။
ဘယ်လိုလူတွေက ဒီလို လက်စွပ်တွေကို ၀ယ်ဝတ်ကြမလဲ မသိဘူး။ သာမန်ထက် ထူးချင်သူတွေများ ၀ယ်ဝတ်ကြမလား။ သစ်ပင်ပန်းပင် စိုက်တာ ၀ါသနာပါပြီး စိုက်ဖို့  မြေနေရာ မရှိတဲ့သူတွေများ ၀ယ်ဝတ်ကြမလား။ ဖန်အိုးသေးသေးလေးတွေ နဲ့  အပင်လေးတွေ စိုက်လေ့သလိုမျိုး ... တကယ်ဆို အပင်က အိမ်မှာ ထားခဲ့ရမှာ ဒါလေးတွေကတော့ ကိုယ်နဲ့  မကွာ ၀တ်ထားတော့ လူတိုင်း သတိထားမိတပေါ့။ စိတ်ဝင်စားတယ်ဆိုရင် ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

Growing Jewelry is a redefinition of modern values. It is a clash of jewelry an gardening; couture and organism. The collection of this hand jewelry is designed for people in metropolitan cities and is an experiment in drawing nature toward man, as nature being the presupposition of life.

ဟိုရက်က တွေ့ လိုက်မိတာက Grass filp flops၊ အခု Growing Jewelry - Flower Pot Rings.. ဘာတွေများတွေ့ အုံးမလဲဆိုပြီး နည်းနည်း Google လုပ်ကြည့်လိုက်တာ...
Pet Cactus - A Pocket Plant You Can Take With You
Tiny Putting Green Jewellery - Faux Moss Rings by ‘Adorn Jewelry’

Other Related Post :
The World's first grass flip flops

My New Default Browser in Windows

ဒီနေ့ အတွက် Internet ပေါ်မှာ Hot အဖြစ်ဆုံး သတင်းကို ပြောပါဆို ဒီနေ့  (2 Sept 200) မှာ Google ကနေ new browser (Google Chrome) ထုတ်မယ် ဆိုတဲ့ သတင်းက Hot အဖြစ်ဆုံး လို့ ပြောရမယ် ထင်တယ်။ ဖတ်နေကြ Technical နဲ့  ဆိုင်တဲ့ Websites တိုင်းမှာ ဒီသတင်းကို တွေ့ နေရတယ်။ Google က Browser လောကထဲက ၀င်လာပြန်ပြီ။
Google ဆိုတာ နဲ့  လူတိုင်းက စိတ်ဝင်စားပြီးလာပဲလေ။ Google ရဲ့ products တွေဆို လူအများစုက နှစ်သက်ကြတယ်။ Google ဆိုတာ နဲ့  ကောင်းမှာပဲ ဆိုတဲ့ positive အမြင်တစ်ခု ဖြစ်အောင် လုပ်ထားနိုင်တယ်။ လူတွေ စိတ်ဝင်စားမှု့ ကို ရအောင်၊ လူတွေ နှစ်သက်အောင်၊ အသုံးပြုချင်လာအောင်လည်း Google က စွဲဆောင်နိုင်တယ်။ အခု Google Chrome ကို စပြီး လူတွေနဲ့  မိတ်ဆက်ပေးပုံကိုပဲ ကြည့်လေ။ ထူးထူးဆန်းဆန်း Comic Book ပုံစံနဲ့ ။

စာအုပ် ထဲမှာ Chrome ရဲ့ ရည်ရွယ်ချက်၊ ပါဝင်မယ့် Features တွေ နဲ့  တခြား Technical အကြောင်းအရာ တွေကို ရှင်းပြထားတယ်။ စာတွေကြီးပဲ ပျင်းတာနဲ့  ပြီးအောင် ဖတ်ဖြစ်မှာ မဟုတ်ဘူး။ ပုံလေးတွေနဲ့ ဆိုတော့ ဖတ်ဖြစ်သွားတယ်။ အဲဒီလို ဖတ်ဖြစ်သွားတော့ Chrome Browser ကို ပိုပြီး စိတ်ဝင်စားသွားတယ်။ အခု Google Chrome ထွက်တာနဲ့  ဒေါင်းလုတ်လုပ်ပြီး စမ်းသုံးဖြစ်တယ်။ တချို့  Features တွေကို စမ်းကြည့်ဖြစ်တယ်။ Features ဆိုလို့  Google က Firefox မှာပါတဲ့ ကောင်းတဲ့ Features တွေကို Chrome မှာလည်း ထည့်ထားတယ်လို့ ပြောထားတယ်။


Chromes မှာ စိတ်ဝင်စားဖို့ ကောင်းတာတွေ အများကြီးပဲ။ အသေးစိတ်ကိုတော့ စမ်းမကြည့်နိုင်သေးဘူး။ စိတ်ဝင်စားလွန်းလို့ သာ သန်းခေါင်းကျော် တရေးနိုးလာချိန်မှာ ပြန်မအိပ်သေးပဲ Chrome Browser ကို Download လုပ် သုံးနေတာမိတာ။ ပြန်အိပ်ရအုံးမယ်။ အခု သုံးကြည့်သလောက်တော့ မြန်တယ်၊ သုံးရတာ သဘောကျတာနဲ့  Default Browser အဖြစ် ပြောင်းထား လိုက်တယ်။ ဒါမှလဲ ဘာတွေ ကောင်းသလဲ ဘာတွေမှာ ပြဿနာရှိတယ် ဆိုတာ ပိုသိနိုင်မှာ။
ဒီနေ့  ထွက်တဲ့ OpenSource Google Chrome Browser က Windows User တွေ အတွက် Version (Beta) ပါ။ Windows OSes အကုန်မှာ သုံးလို့ မရဘူး၊ Windows Vista နဲ့  Window XP နှစ်မျိုးမှာပဲ သုံးလို့ ရတယ်။ Mac နဲ့  Linux users တွေအတွက် version က မထွက်သေးဘူး။ ဘယ်တော့ထွက်မလဲ သိချင်တယ် ဆိုရင် Chrome Download Page မှာ Sign Up လုပ်ပြီး သတင်းတွေ စောင့်ဖတ်ပါလို့ ပြောထားတယ်။ အဲဒီကိစ္စနဲ့  ပတ်သက်ပြီး Mac နဲ့  Linux Users တွေက Complain တက်နေတာတွေ ဖတ်လိုက်ရတယ်။ ဟုတ်တော့ ဟုတ်ပါတယ်။ Windows အတွက်ပဲ အရင်ထုတ်မယ့် အစား Windows , Mac, Linux user အားလုံးအတွက် တပြိုက်နက် သုံးလို့ ရအောင် ထုတ်ပေးရင် ပိုပြီး ကောင်းမယ် ထင်တယ်။ အခုဆို Linux သုံးနေတဲ့အချိန်တွေဆို Chrome သုံးမရတော့ဘူး။ Mac ကတော့ ကိစ္စမရှိဘူး။ ကိုယ့်မှာမှ Mac Computer မရှိတာ။ သိပ်မကြာခင်အချိန်မှာတော့ Mac နဲ့  Linux users တွေအတွက် Chrome Browser ထွက်လာမယ်လို့  မျှော်လင့်မိပါတယ်။

Chrome Browser ကို သုံးပြီး မြန်မာဆိုဒ်တွေ လျှောက်ကြည့်ဖြစ်တယ်။ မြန်မာစာကို ကောင်းကောင်း မြင်ရတာတွေ့  ရတယ်။ Blogger မှာ Post ရေးတဲ့ Browser ကနေ တစ်ခါတည်း မြန်မာလို ရေးချင်တယ် ဒီအတိုင်း မရဘူး။ Options --> Minor Tweaks --> Change Font and Language Settings မှာ သွားပြီး ZawGyi ပြောင်းလိုက်ရင် ရေးလို့ ရတယ်။ ဒါပေမယ့် ရေးရတာ အဆင်မပြေမှု့ လေးတွေတော့ ရှိတယ်။ အခုထွက်တာက Beta version ပဲရှိသေးတယ် ဆိုတော့ နောက်ပိုင်းမှာ ပိုအဆင်ပြေလာဖို့ ပဲ ရှိတယ်လို့  ယုံကြည်ရပါတယ်။

Blog ကို Chrome Browser နဲ့  ကြည့်ပြီး SiteMeter မှာ သွားကြည့်လိုက်တော့ ဒီလို တွေပြပါတယ်။ Chromer Browser တည်ဆောက်ရာမှာ အခြေခံထားတဲ့ Components တွေထဲမှာ Apple's WebKit လဲ ပါတာကြောင့် Browser နေရာမှာ Safair 1.3 လို မြင်နေရတာ ဖြစ်မယ် ထင်တယ်။ Opeation System မှာ ဘာကြောင့် Macintoch WinXP လို့  ပြနေတာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ။

အရင်ကဆို Google က ထုတ်တဲ့ Application တွေထဲမှာ Google Search Enginer, Gmail, Gtalk , Google Reader, Picasa ကို နေ့ စဉ် သုံးဖြစ်နေခဲ့တယ်။ နောက်ပိုင်းတော့ Chrome Browser ကိုပါ နေ့ စဉ် အမြဲ အသုံးပြုဖြစ်တဲ့ စာရင်းထဲ ထည့်ရတော့မယ်လို့  ထင်နေမိတယ်။