Pages

September 18, 2008

Google Phone - gPhone

နောက်လကုန်မှာ Google ရဲ့ new mobile software ဖြစ်တဲ့ Android ကို သုံးထားတဲ့ ဖုန်းထွက်မယ်လို့  ဖတ်လိုက်ရတယ်။ Google ရဲ့ OpenSource ဖြစ်တဲ့ Mobile Software - Android ကို သုံးပြီး ဖုန်း ထွက်မယ်ဆိုတာ ကြားနေတာတော့ ကြာပြီ။ အခုတော့ T-Mobile ကနေပြီး HTC ဖုန်းတွေမှာ ပထမဆုံး အနေနဲ့  Android ကို သုံးထားတဲ့ gPhone ဖြန့် တော့မယ်။

HTC နဲ့  T-Mobile က Android သုံးထားတဲ့ ဖုန်းကို လာမယ် စက်တင်ဘာ ၂၃ မှာ နယူးယောက်မှာလုပ်မယ့် conference မှာ စပြီး မိတ်ဆက်မှု့ တွေလုပ်မယ် ပြောတယ်။ အပြင်ကို ဖြန့် မယ် ရက်ကိုတော့ တရာဝင် မပြောသေးဘူး။ အဲဒီဖုန်းဖြန့် တဲ့အခါ ယူအက်စ်မှာ ပဲအရင်ဖြန့် မှာလား၊ တခြားနိုင်ငံတွေမှာပါ တပြိုင်နက်ဖြန့် မှာလား .. ဘယ်ဈေးနဲ့  ဘယ်လို ဖြန့် မယ်ဆိုတဲ့ အသေးစိတ်သတင်းတွေ ဘာမှ မထုတ်ပြန်သေးဘူး။

Sept 16 - Google Developer Day London လုပ်တဲ့ Conference မှာ အဲဒီ ဖုန်းကို ပြသွားတာကို YouTube မှာကြည့်နိုင်တယ်။
Android Demo at Google Developer Day London 2008


YouTube မှာ ကြည့်ရသလောက်တော့ iPhone ပုံစံမျိုးပဲ။ iPhone နဲ့  အပြိုင်ဖြစ်မယ်လို့  မျှော်မှန်းထားကြတဲ့ ဖုန်းပဲလေ။ YouTube ကြည့်ပြီး စိတ်ထဲမှာ အဲဒီဖုန်းက ပိုပြီး မိုက်သလိုပဲ။ :D ကိုယ့်မှာ မရှိသေးတဲ့၊ မရသေးတဲ့ အသစ်မို့ လို့  အဲလို ထင်မိတာလားတော့ မသိဘူး။ Google ဆို သဘောကျတဲ့ အခံကလည်း ရှိနေတာတယ်လေ။ ဖြစ်နိုင်ရင် Google ရဲ့ Mobile Software Android ကိုသုံးထားတဲ့ gPhone လေး တစ်လုံးတော့ လိုချင်သား။ အင်း.. iPhone နဲ့  gPhone တို့ ရဲ့ အားပြိုင်မယ့် ပွဲကို ကြည့်ဖို့ အလွန်အမင်းကို စိတ်ဝင်စားနေမိတယ်။

No comments: