ခုရက်ပိုင်းမှာ တိုက်တွန်းတဲ့ သူကလည်း တိုက်တွန်းတယ်လေ။ ဖုန်းဝယ်မယ်ဆို iPhone 3G ၀ယ်လိုက်တဲ့။ အဲ့ဒီဖုန်းကိုဆို ကျွန်မ စိတ်ဝင်စားမှာ သေချာတယ်တဲ့။ iPhone ကို ကျွန်မ ဘာကြောင့် ကြိုက်နိုင်တယ် ဆိုတဲ့ အချက်တွေကို ရှင်းပြတယ်။ တိုက်တွန်းတဲ့သူက အတိုက်တွန်းကောင်းလို့  မသိဘူး၊ စိတ်ဝင်စားလာပြီး ၀ယ်လိုက်ရင် ကောင်းမကောင်း၊ ၀ယ်ချင်ချင်ဖြစ်နေတဲ့ အချိန်မှာ အသိတစ်ယောက်က သတင်းပေးလာတယ်။ သင်တော်တဲ့ ဈေးနှုန်းနဲ့  လိုချင်တာကို ရနိုင်တဲ့အခြေအနေမို့  ချက်ချင်းသွား ၀ယ်ဖြစ်လိုက်တယ်။ မဟုတ်လို့  ဆက်ပြီး စဉ်းစားနေမယ်ဆို ဘာမှ ၀ယ်ဖြစ်တော့မှာ မဟုတ်ဘူးလေ။
Sperical thanks to Bro OKP and his family :)
ဒီရက်ပိုင်း ဖုန်းအသစ်ကို ဟိုကလိ ဒီကလိ လုပ်ရင်း အတော်လေး သဘောကျတယ်။ စမ်းစရာ ပစ္စည်းတစ်ခု၊ ကစားစရာတစ်ခု လက်ထဲရောက်နေ သလိုပဲ။ ဒါတောင် အချိန်သိပ်မအားလို့  ကိုယ် စမ်းချင်သလောက် မစမ်းရသေးဘူး။ ဖုန်း Plan မှာ BroadBand on Mobile Data Bundle 50GB ရတာကိုပါ တွဲယူထားတာကြောင့် Wireless မရှိလည်း အင်တာနက် အသုံးပြုလို့ ရနေတယ်။ တစ်လကို 50GB ဆိုတာ လုံလောက်မယ်လို့ တော့ မျှော်လင့်ရ ပါတယ်။ ဖုန်းကနေ Safari သုံးပြီး Suff လုပ်တဲ့အခါတွေမှာ ပုံမှန် ကွန်ပြူတာတွေ ကလိုမျိုး ရှင်းရှင်းလင်းလင်း မြင်ရတာကို အရမ်းကို သဘောကျနေတယ်။သုံးနေတဲ့သူတွေက SMS forword လုပ်မရတာကို မကြိုက်ဘူး ပြောကြတယ်။ ကျွန်မ အတွက်တော့ အရေးမကြီးဘူး။ ကျွန်မက SMS ပို့ လေ့မှ မရှိတာ။ SMS ကို တော်ရုံ ပို့ လေ့ မရှိဘူး။ စိတ်မရှည်ဘူး။ ပြောစရာရှိရင် ဖုန်းပဲခေါ်လိုက်တာ များတယ်၊ အရင်သုံးတဲ့ ဖုန်းလိုင်း တုန်းကဆို ဖုန်း Plan မှာကို SMS ထည့်မယူထားဘူး။ အခု Plan မှာရတဲ့ free 500 SMS ကို ဘယ်လို သုံးရမယ်မှန်း မသိဘူး။ အဲဒီ 500 sms ကို ဖုန်းမိနစ်ပြောင်းလို့  ရတယ်ဆိုလဲ ကောင်းသား။ အခုတော့ အလကား ပိုနေတော့မှာပဲ။ အင်း တခြားတစ်ယောက်ကို ဒီ SMS တွေ လွှဲပေးလို့ ရတယ်ဆို လွှဲပေးလိုက်ချင်ပါတယ်။
နောက်တစ်ခုက Bluetooth ပါပေမယ့် Filetransfer နဲ့  တခြား ဟာတွေ လုပ်မရဘူး။ Headset နဲ့ ချိန်ပြီး စကားပြောတာ သီချင်းနားထောင်တာပဲ လုပ်လို့ ရတယ်။ ဒါကလည်း ကိစ္စမရှိဘူး၊ ကျွန်မ အနေနဲ့  ခွင့်လွှတ်နိုင်ပါတယ်။ ကျွန်မ အရင် ဖုန်းကို သုံးတုန်းကတောင် ၃ နှစ်အတွင်း bluetooth နဲ့  filetransfer လုပ်တဲ့အကြိမ်က ၁၀ ကြိမ်အောက်မှာပဲရှိမယ်။ ရရင်တော့ ကောင်းတာပေါ့။ မရတော့လည်း ကိစ္စမရှိဘူးပေါ့လေ။
အခုအချိန်အထိ ဒီဖုန်းမှာ အဓိက စိတ်တိုင်းမကျတာဆိုလို့  တစ်ခုပဲ ရှိသေးတယ်။ TalkTime သိပ်မခံတာပဲ။ ဖုန်းပြောမယ်ဆို 5 hours ပဲရတယ်။ တကယ် စိတ်ကုန်တယ်။ နောက်တော့လည်း စိတ်ဖြေလိုက်ပါတယ်။ ကိုယ်စမ်းချင်တာတွေ စမ်းရဖို့ တော့ TalkTime မခံတာလေးကို သည်းခံမှဖြစ်မယ်။ သည်းမခံနိုင်တဲ့ အဆုံးဖြစ်လာတော့လည်း ကြာကြာပြောလို့ ရနိုင်မယ့် ဘာ function မှ မပါတဲ့ ရိုးရိုး ဖုန်းတစ်လုံး ထပ်ဝယ် လိုက်တာပေါ့။ :D
Maximum Battery Life
3G offers up to 5 hours of talk time on 3G
5 hours of Internet use on 3G2,
6 hours of Internet use on Wi-Fi,
7 hours of video playback
24 hours of audio playback on a full charge at original capacity.
In addition, iPhone features up to 300 hours of standby time.
4 comments:
Hey sis, I think one month 50 GB free is wrong. :P
Because:
* iFlexi Value
- 1GB free for one month
* iFlexi Plus
- 2GB free for one month
* iFlexi Premium
- 3GB free for one month
Could you pls tell me what is your plan? Cos I've also got! :D
Bro rEx xEnon >>
Singtel က Apple Plans တွေ ဖြစ်တဲ့ iFlexi နဲ့  စတဲ့ Plan တွေယူရင် Free Local Data 1GB/ 2GB/ 3GB ရတာ ဟုတ်တယ်။ ဒါပေမယ့် အစ်မက အဲဒီ Plan တွေယူတာမဟုတ်ဘူး။ ပုံမှန် SingTel Plan တွေထဲက iTwo Value Plan ယူလိုက်တာ။
ပြီးတော့မှ ဖုန်းမှာ အင်တာနက်သုံးလို့ ရအောင် Broadbad on Mobile Plan ကို တွဲယူလိုက်တာ။ Broadband on mobile plan တွေမှာ တစ်လကို FreeLocal Bandle Usage 50GB ရတဲ့ Plan တွေရှိတယ်လေ..
အသေးစိတ်သိချင်တယ်ဆို
Singtel iPhone - http://home.singtel.com/iphone/
Singtel Broadband on Mobile - http://home.singtel.com/bbmobile/
နဲ့ 
Buy online iphone - https://www.singtelshop.com/iphone/
တွေမှာ သွားကြည့်လို့ ရတယ်။ Brother က လက်ရှိ Singtel သုံးနေတာဆို အဲဒီမှာ Recontract ဆိုတာပါတယ်။ ပြီးတော့ iFlexi plan မယူပဲ SingTel Plan ထဲက တစ်ခုခု ယူပြီး Broadband on mobile ထည့်မယ်ဆို Value Added Service မှာ ထည့်ကြည့်လို့ ရတယ်။ ဘယ်လောက်ကုန်မလဲ သိရတာပေါ့။
အစ်မ ယူတဲ့ line က ဈေးသက်သာတယ်။ အသိတစ်ယောက် ၀ယ်ပေးတာ။ ပုံမှန်ဈေးထက် သက်သာတယ်။ ဒါကြောင့် ယူဖြစ်သွားတာ။ ထပ်သိချင်တာရှိသေးတယ် ဆိုရင် ဖုန်းခေါ်လိုက်ပါ။ ဖုန်းနံပါတ်လည်း သိနေတာပဲ။
Hello sis,
Thanks for your reply! I'll go & check at SingTel shop later...
:)
hi,
any web to download 3 rd party progrm for i phone? if u know, please share.....
Post a Comment