ဗိုက်ဆာတယ်။ အလုပ်လုပ်စရာလေးတွေ လည်းရှိတယ်။ ဗိုက်ဆာနေတော့ အလုပ်လုပ်ဖို့  စိတ်မပါဘူး။ စိတ်ထဲမှာ ဒီနေ့  နေ့လယ်စာ စားရင် ဘယ်နေရာမှာ၊ ဘာသွား စားရင်ကောင်းမလဲ ဆိုတာကိုပဲ စဉ်းစားနေတယ်။ တွေးရင်း ဟိုးအရင် နေ့ လယ်စာ စားတဲ့ အချိန်တွေမှာ ရိုက်ထားတဲ့ စားသောက်စရာ ပုံတွေကို သတိရသွားတယ်။ အဲဒီပုံတွေ ရိုက်ထားတာ ၁ လ လောက်တော့ ရှိတော့မယ် ထင်တယ်။ တိုးတက်လာတယ် ပြောရမယ်၊ အရင်က ထက်စာရင် အစားအသောက် စားဖို့ ကို ပိုပြီး စိတ်ပါလာပြီ။ ခုနောက်ပိုင်း ကျန်းမာရေးနဲ့  ညီညွတ်အောင် ညစာကို လျှော့စား၊ မနက်စာကို မှန်မှန်စားပြီး၊ နေ့ လယ်စားစားတဲ့ အချိန်တွေမှာ ပိုပြီး များများ စားဖြစ်နေတယ်။
Life is a journey of taste & travel. Everyhing else is a waste of time.

Deli-Vege Restaurant မှာ သားသတ်လွတ်သွားစားရင်း အဲဒီက စာသားလေးကိုကြိုက်လို့ ရိုက်ဖြစ်သွားတာ။ အစားအသောက်တွေကို ရိုက်ဖို့  စိတ်ကူးမပေါ်လိုက်ဘူး။ အဲဒီက Cheese ကို ကြော်ထားတာ ကြိုက်တယ်။
HK Kim Gary Restaurant (VivoCity)

HK Kim Gary က ၀က်နံရိုး နဲ့  ထမင်း ..
အချိန်ရတယ်ဆို နေ့ လယ်စာစားချိန်မှာ VivoCity အထိသွားပြီး စားဖြစ်တယ်။ စားတိုင်း အိမ်ကို သတိရတယ်။ ၀က်နံရိုးကြော် ကြိုက်တတ်လို့  အိမ်ပြန်တိုင်း အမြဲကြော်ကျွေး သလို၊ လူကြုံရှိရင်လည်း ထည့်ပေးလေ့ရှိတဲ့ အမေ့ကိုလည်း သတိရတယ်။ အိမ်ကို သတိရလို့  သွားသွားစားဖြစ်တာပါ။ :D
အဲဒီနေ့ က အတူသွားစားတဲ့ သူငယ်ချင်းတွေက တမျိုးတည်းကို လိုက်မှာကြတော့ ဓာတ်ပုံရိုက်တဲ့အခါ အောက်ကပုံ ထွက်လာတယ်။


မိုးတွေအရမ်းရွာတဲ့ နေ့ က မိုးစိုမှာ စိုးတာနဲ့  နီးနီးနားနားရှိတဲ့ ဆိုင်မှာပဲ စားဖြစ်သွားတယ်။ ဒီအလုပ်မှာ ဒီဆိုင်ထက် နီးတဲ့ဆိုင် မရှိတော့ဘူး။
Irrawaddy Myanmar Resturant

ကြေးအိုး၊ ၀က်သားဟင်းနှင့် ထမင်း - ကြေးအိုးကတော့ မဆိုးပါဘူး စားလို့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီနေ့ က ကြာဇံဖတ်က နည်းနည်းမှာသလိုပဲ။ ပထမ တခါက ပိုအဆင်ပြေတယ်။ ၀က်သားဟင်းက ကောင်းပါတယ်။ ဒါပေမယ့် အစပ်ချက် ချက်ထားတာဆိုတော့ ကျွန်မအကြိုက် မဟုတ်ဘူး။ ကျွန်မက ၀က်သားဟင်းဆို အချိုချက်၊ ဒါမှမဟုတ် အိမ်ကချက်ပေးသလို အအီပြေ အချဉ်လေး နည်းနည်း ထက်ချက်ထားတာမျိုးကိုပဲ ကြိုက်တယ်။

Bumbu Thai-Indonesian Resturant

အလုပ်ကလူတွေနဲ့  Team Lunch အနေနဲ့ သွားစားဖြစ်တာ။ စားပြီးမှပဲ ဓာတ်ပုံရိုက်ဖို့  သတိကြတော့တယ်။
Team တစ်ခုလုံး ဆိုတော့ ၁၀ ယောက်စာ ဆက်မီနူးကို နှစ်ဆက်မှာရတယ်။ အားလုံး ၂ ၀ိုင်း ထိုင်ကြတယ်။ စားလို့ ကောင်းပါတယ်။ အဲဒီဆိုင်မှာ order သွားလုပ်တော့ order ယူတဲ့ ကောင်မလေးက ကျွန်မကို မြန်မာလားလို့ မေးတယ်။ ဘယ်လို သိသလဲ စဉ်းစားမိတယ်။ သူက မြန်မာ မဟုတ်တာ သေချာပါတယ်။ တကယ် အုပ်စုလိုက် သွားစားတော့မှပဲ အစားသောက်လာ ချပေးတဲ့သူတွေ၊ အဲဒီ ဆိုင်က လူအတော်များများက မြန်မာတွေ ဖြစ်နေတာ သိလိုက်ရတယ်။ သူတို့ က ကျွန်မကို မြန်မာမှန်း ကြိုသိနေတယ်။ အရင်နေ့ တွေက ကျွန်မ ဖုန်းပြောနေတာကို ကြားဖူးတယ် ထင်တယ်။

Lunch @ Deli-Vege Restaurant
2 comments:
ဝက်နံရိုး စားချင်တယ်ဗျို့...။ လက်မှတ်လဲ လာရောင်းသွားတယ်...။
Kim Gary က တခြားနေရာတွေမှာလဲ ဆိုင်ခွဲတွေ ရှိတယ်။ ကိုဘွိုင်းဇ် စားချင်တယ်၊ တစ်ယောက်တည်း သွားစားရမှာ ပျင်းတယ်ဆို ဖုန်းလေး တစ်ချက်ခေါ်လိုက်ပါ။ ၀ယ်ကျွေးမယ်ဆို လိုက်စားပေးမယ်။ :D
လက်မှတ် ကိစ္စ အီးမေးက reply လုပ်ပြီးပြီ။ နှစ်သစ်ကူးပွဲတော်မှာ တွေ့ အုံးမှာပေါ့...
Post a Comment