ဒီနေရာမှာ တစ်ခုခု ရေးတင်ဖို့  ကြိုးစားနေတာ ၁ ပတ် လောက်ရှိပြီ။ ဘာအကြောင်းရေးရေး ၁ ကြောင်း ၂ ကြောင်း ထက်ပိုပြီး ရေးမရတာနဲ့  ဘာမှ မတင်ဖြစ်တာပါ။ ရေးလက်စ ရှိတုန်းကသာ ရေးလို့ ရတာ၊ မရေးတာကြာရင် ဘာကိုဘာမှ ရေးချင်စိတ် မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ ဒိုင်ယာရီလို ဖြစ်နေတဲ့ ဒီနေရာမှာ ကျွန်မကြုံတွေ့ ရတာလေးတွေကို မှတ်တမ်းအနေနဲ့  အရင်လိုပဲ ချရေးဖြစ်အောင် ကြိုးစားပါအုံးမယ်။ အမြဲလာကြည့်လေ့ ဖတ်လေ့ရှိတဲ့ သူအားလုံးကို ကျေးဇူးတင်တယ်။
ဘာလို့  ပျောက်နေတာလဲ၊ ဘာများဖြစ်နေသလဲ စိုးရိမ်ပြီး သတိတရ ဆက်သွယ်မေးမြန်းခဲ့ကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း.....

5 comments:
I think according ur music list post in ur blog, u should be oldies same like as me.... I also now stress a lot of work plus studies..... How to release out? Take care ur ealth, in sg all are busy with their things. I happened before that kind of things that why i caution u..... Also write blog a bit bit la. I quite bored already always come and read ur old ones.... :)
"နာနေဖျားနေရင် ဘယ်သူက လာပြီးစောင့်ရှောက်ပေးမလဲဟယ်။
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော် လူကြုံနဲ့စကားလေးပါးလာရင်...
အနေအထိုင်ဆင်းရဲလို့ စိတ်ညစ်တဲ့ရက်တွေမှာ ကိုယ်တစ်ယောက်
မွေ့လျော်သာပြီ..သူကိုယ်တိုင် တယုတယနဲ့ပြုစုမယ့်ရက်တွေကို
စောင့်ရကျိုးနပ်ပြီ။ "
:P စိုင်းထီးဆိုင်ရဲ့ ရာသီပြောင်းချိန်
take care
အဆင်ပြေပါစေ။
Look after yourself...
SMNTL
Anonymous >> အားပေးတာ ကျေးဇူးပါ။ သီချင်းတွေ အကြိုက်တူတယ် သိရတာ ၀မ်းသာတယ်။ ခုရက်ပိုင်း သီချင်းတွေနားထောင်ဖြစ်တယ်။ အချိန်ရမှ ထပ်တင်ပါအုံးမယ်။
ဒါနဲ့ ကျွန်မကလည်း ပျင်းလာတိုင်း ဒီမှာ တစ်ခုခု လာရေးလေ့ ရှိတယ်။ ပျင်းပျင်းနဲ့  ရေးတာတွေ ဖတ်ပြီး အပျင်းပြေတယ်ဆိုတော့ .. ကျွန်မလည်း ဒီမှာ များများရေးဖြစ်အောင်၊ ဖတ်တဲ့သူလည်း များများ လာဖတ်နိုင်အောင် ကျွန်မတို့  အချိန်ပို၊ အချိန်အားလေးတွေ များများ အမြဲရနေရင် ကောင်းမှာပဲလို့  တွေးနေမိတယ်။ တကယ်ဆို ပျင်းတယ်ဆိုတာလဲ အချိန်အားလေးရှိမှ ပျင်းလို့ ရတာ မဟုတ်လား။ ;)
မမွန် >> နေနေလည်း ဒီသီချင်းကို အားကြီးကြိုက်တယ်.. အခု ဒီမှာ မိုးတွေရွာပြီး ရာသီဥတု စပြောင်းနေပြီ။ အေးလာရင် နေလို့ မကောင်းတော့ဘူး။ ဟိုမှာလည်း ရာသီဥတု စပြောင်းနေပြီ မဟုတ်လား။
ဂရုတစိုက် ဆင်ခြင်ပြီးနေပါနော်.. :">
မခင်ဦးမေ နဲ့  ညီမ SMNTL >> ကျေးဇူးပါ။ နေကောင်းအောင် ကိုယ်ကိုကိုယ် အရင်ကထက် ဂရုစိုက်နေတယ်. ဂရုမစိုက်လို့ လဲ မဖြစ်တော့ဘူးလေ။
Post a Comment