၆ နာရီထိုးပြီ.. မနက်ဖြန် ရုံးပိတ်ရက်.. အိမ်စောစောပြန်မယ်စဉ်းစားတာ အခုတော့ ပြန်ရမှာ ပျင်းနေတယ်။ ဗိုက်လည်း ဆာတယ်။ အိမ်တန်း ပြန်ရင်ကောင်းမလား၊ တစ်ခုခု သွားစားပြီးမှ ပြန်ရင်ကောင်းမလား မသိဘူး။ ဆုံးဖြတ်လို့ မရသေးဘူး။ ဒီတော့ ဒီညစာအတွက် ဘာစားရင်ကောင်းမလဲ စဉ်းစားရင် အရင်ဓာတ်ပုံရိုက်ထားတဲ့ အစားအသောက်တွေထဲက စားချင်တဲ့ အစားသောက်ပုံတွေ တင်ပြီး စားချင်တာလေးတွေ ရေးလိုက်အုံးမယ်။

ဓာတ်ပုံတွေ ပြန်ကြည့်ရင်း The Cafe' Cartel က အစားအသောက်တွေ စားချင်လာတယ်။ အဲဒီက နာမည်ကြီး St. Louis Pork Ribs (905) ဒါမှမဟုတ် Grilled Chicken (921) တစ်ခုခု စားချင်တယ်။ အဲဒီဆိုင်မှာ သွားစားတဲ့ အခါ ဗိုက်အရမ်း မဆာရင်တော့ Club Sandwiches (360+) ထဲက တစ်မျိုးမျိုးမှာ စားဖြစ်တယ်။ ဗိုက်ဆာရင်တော့ အပေါ်က ပြောထားတဲ နှစ်မျိုးထဲ က တစ်ခုခု မှာ စားလေ့ရှိတယ်။ Complete Meal ဖြစ်ဖို့  ( Soup of the day+ ပေါင်မုန့်  နဲ့  အအေးတစ်ခုခု) အတွက် S$ 3.90 ထပ်ပေးရတာဆိုတော့ Meal မှာစားတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက် ကတော့ အဲဒီက Sirloin Steak ကို သွားစားတဲ့ အခါတိုင်း နီးပါးစားတယ်။ ကောင်းတယ်ပြောတာပဲ။ ဒီထက်ပိုစားနိုင်သေးတယ် ထင်တဲ့ အခါမျိုးတွေမှာ Snackers တစ်မျိုးမျိုးလည်း ထပ်မှာ စားတတ်တယ်။ အဲဒီက Sea Food Combo တွေကို မစားဖူးသေးဘူး။ အကြော်တွေကို ကြိုက်တယ်။ စားကြည့်မယ် စိတ်ကူးပေမယ့် စားတိုင်း ဟိုနှစ်မျိုးပဲ စားဖြစ်နေတယ်။ ဗိုက် အတော်လေး ဆာလာပြီ။ အခုနေသွားစားရင် Complete Meal + Snack စားဖြစ်မှာ သေချာတယ်။ ဓာတ်ပုံရိုက်ထားတာ Pork Ribs ပုံ ရှိတယ်။ Grilled Chicken ပုံမရှိဘူး။ ရှိတဲ့ ပုံလေးတွေပဲ တင်လို့  ဘယ်သူမှ စိတ်ဆိုးမယ် မထင်ပါဘူး။ အဲဒီမှာ ရတဲ့ တခြား အစားအသောက်ပုံတွေ ကြည့်ချင်တယ်၊ ဘာတွေရလဲ သိချင်တယ်ဆို
The Cafe Cartel - Menu မှာ သွားကြည့်လိုက်ပါ။
St. Louis Pork Ribs (905)

Complete Meal - St. Louis Pork Ribs

Chicken & Fish Combo (922)

St. Louis Prok Ribs + Chicken & Fish Combo

မှတ်မှတ်ရရ.. ဒီပုံတွေက ကျွန်မ အခုလက်ရှိသုံးနေတဲ့ ဖုန်းနဲ့  ပထမဆုံး ရိုက်ဖြစ်တဲ့ အစားအသောက်ပုံတွေပါ။ အခု ဖုန်းထဲမှာ ပုံပေါင်း ၅၀၀ ကျော်ရှိနေတယ်။ ခရီးထွက်ဖြစ်သွားလို့  ပုံတွေ အများကြီး ရိုက်ဖြစ်သွားတယ်။ ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အကြောင်းတိုက်ဆိုင်မှ၊ အားမှပဲ အေးအေးဆေးဆေး ကြွားတော့မယ်။ အခု ဒီရက်ပိုင်းမှာတော့ ကျွန်မအတွက် အစားအသောက်က နံပါတ် ၁ ဦးစားပေး အရာ ဖြစ်နေတာကြောင့် အစားအသောက်ပုံတွေပဲ တင်ဖြစ်နေဦးမယ် ထင်ပါတယ်။
1 comment:
အတူတူပဲ အစားအသောက်ဆို
နံပါတ်၁ ကျန်တာတွေကနောက်မှ
ဟီး
Post a Comment