Pages

September 12, 2008

You Can Let Go - Crystal Shawanda

ဒီသီချင်းကို Jewel Of Jewel ဘလော့က တဆင့် စပြီးရင်းနှီးခဲ့တယ်။ ပထမဆုံးအကြိမ် စပြီး နားထောင်ကတည်းက ကြိုက်နှစ်သက်ခဲ့တယ်။ အခု အချိန်အထိလည်း အကြိမ်ပေါင်းများစွာ နားထောင် ဖြစ်ခဲ့ပါတယ်။ နောင်လည်း ဆက်ပြီး နားထောင် ဖြစ်နေအုံးမှာပါ။

You Can Let Go -Crystal Shawanda
YouTube (Music Video)



"You can let go now daddy
You can let go
Oh I think I'm ready to do this on my own
It's still a little bit scary
But I want you to know
I'll be okay now daddy
You can let go"


ဒီသီချင်း နားထောင်တိုင်း ကျွန်မကို အရမ်း ချစ်၊ အရမ်း အလိုလိုက်ပြီး၊ ကျွန်မအတွက် အမြဲ စိုးရိမ်နေတတ်တဲ့ ဖေဖေကို သတိရမိတယ်။ ကျွန်မနဲ့  ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆိုရင် မေမေထက် စာရင်တောင်မှ ဖေဖေက ပိုပြီးသိချင်သလို၊ ပိုပြီးလည်း စိတ်ပူတတ်တယ်။ ဖုန်းဆက်တိုင်း အဆင်ပြေကြရဲ့လား ဆိုတဲ့ စကားက ဖေဖေ အမြဲမေးဖို့  မမေ့တဲ့စကား တစ်ခွန်းပါ။ ကျွန်မကလည်း အဖေအလို လိုက်မှန်းသိတော့ အဖေရှိတဲ့ အချိန်တွေဆိုရင် နည်းနည်း ပိုဆိုးတယ်။ တခါတလေ စိတ်မပါဘူးဆို တစ်ခွန်းမေးရုံနဲ့  ဖြေတာ မဟုတ်ဘူး။ နောက်ဆုံး ဖုန်းချခါနီးမှသာ အဆင်ပြေတယ် ဆိုတာမျိုးကို ကပ်ပြီးပြောခဲ့ တတ်တယ်။ အဲလိုမှ မပြောရင် ကျွန်မ ဘာမှ ဖြေသွားတဲ့အတွက် သာမန်မဟုတ်ဘူး၊ ဘာများဖြစ်နေသလဲ စိတ်တွေပူပြီး မေမေကို ပြောနေရင် နောက်တစ်ခါ ကျွန်မ ဖုန်းဆက်တဲ့ အခါမှာ မေမေက ဆူနိုင်တယ်လေ။ ဖေဖေကတော့ ဘယ်တော့မှ ဆူမှာမဟုတ်ဘူး။ :D ကျွန်မ နဲ့  ကျွန်မရဲ့ အဖေ အကြောင်းပြောရမယ်ဆို အများကြီးပဲ။ ကျွန်မ ဘာလုပ်လုပ် အမြဲခွင့်လွှတ်၊ အလိုလိုက်၊ ချစ်ခင်နေတဲ့ ဖေဖေ့ ကို သတိရရင် ဒီသီချင်းလေးကို နားထောင် ဖြစ်နေတယ်။ ဒီသီချင်းကို နားထောင်တိုင်း စိတ်ထဲမှာ ၀မ်းနည်းမိတယ်။ အားအင်တွေ မရှိတော့တဲ့ အခါဆိုရင်လည်း ဒီသီချင်းကို နားထောင်ရင်း ကိုယ်လုပ်နိုင်ပါတယ် ပြောခဲ့တဲ့ စကားတွေကို အမှတ်ရပြီး ရှေ့ ခရီး ဆက်ဖို့ အားပြန်တင်းဖြစ်တယ်။

Related Post: Dawn of a New Day - Crystal Shawanda

No comments: