Pages

August 04, 2008

The World's first grass flip flops

မြက်ခင်းပေါ်တွင် လမ်းလျှောက်ရခြင်းကို ကြိုက်နှစ်သက်သူ အစ်မတစ်ယောက် သို့ သတိတရ....
ကမ္ဘာပထမဆုံး Krispy Kreme က ထုတ်လုပ်တဲ့ Grass Flip Flops။ Summer အတွက် ရည်ရွယ်ပြီး ထုတ်တာလို့ သိရတယ်။ အလုပ်ခွင်မှာ အလုပ်ရှုပ်ပြီး အပြင်ထွက်ပြီး summer ရဲ့ အရသာကို မခံစားနိုင်အားတဲ့ သူတွေအတွက်။ ရေမှန်မှန်လောင်း ပေးမယ်ဆို ဖိနပ်တစ်ရံကို season တစ်ခုအကြာ ၄ လ ကျော် အထိခံတယ်လို့  ပြောထားတယ်။ မြက်ပင်လေးတွေ ကြီးလာဖို့  ၃ ပတ်လောက် ကြာမှာ ဖြစ်ပြီး၊ shoe တစ်ခုစီမှာ မြက်ပင်ပေါင်း ၅၀၀၀ လောက်ပါတယ် လို့ သိရပါတယ်။ အခုလက်ရှိအချိန်မှာ ဒီလိုဖိနပ်တွေကို London မှာပဲ ၀ယ်လို့ ရပါသေးတယ်။ နောက်မကြာမှီမှာတော့ Krispy Kreme ကနေပြီး ဒီလို ဖိနပ်တွေကို တကမ္ဘာလုံးသို့  ဖြန့် ချီ ရောင်းချရန် plan ရှိကြောင်း သိရှိရပါတယ်။

3 comments:

Anonymous said...

မြက်ခင်းပေါ်မှာ လမ်းလျှောက်ရတာ အရမ်း သဘောကျတာ ဟီး စမ်းပြီးစီးကြည့်ချင်လိုက်တာ။

KMN said...

စမ်းပြီးတော့ စီးချင်ပါတယ်...း)
ဒါပေသည့် ဖိနပ်ထဲမှာ အကောင်ဘလောင်တွေရောက်နေရင် ဘီလိုလုပ်မလဲး( ဟီးဟီး...

Nay Nay Naing said...

ဟုတ်ပါ့... ဖိနပ်လေးက စီးတော့ စီးချင်စရာလေး..
ဒါပေမယ့် မြက်ပင်တွေကြားမှာ ကျွတ်တွေ၊ မျှော့တွေ၊ တီကောင်တွေ .. အင်း ..အနည်းဆုံး ပုရွက်ဆိတ်တွေ ရောက်နေရင် ဘယ်လို နေမလဲ မသိဘူး..
အတော်လေး ဂရုတစိုက် ထားရမယ်..