Pages

August 05, 2008

Media Convert - Free online - convert and split


ဟိုတစ်နေ့ က သီချင်းဒေါင်းလုတ်လုပ်တာ wav file ပဲရတော့ mp3 ပြောင်းဖို့ ကြိုးစားရင်း Media-Convertကို စမ်းသုံးဖြစ်ခဲ့တယ်။ ပထမတော့ ကိုယ်အမြဲ သုံးလေ့ရှိတဲ့ Zamzar နဲ့  mp3 ပြောင်းဖို့ ကြိုးစားတာပါ။ Zamzar မှာ file ကို upload လုပ်ပြီး၊ နောက် ၃ နာရီကျော်ကြာတဲ့ အထိ download link ပါတဲ့ အီးမေး ရောက်မလာဘူး။ အရင်က ဒီလောက်မကြာဘူး။ ၅-၁၀ မိနစ်လောက်လောက်ပဲကြာတယ်။ သုံးတဲ့သူများလို့ လား မသိဘူး။ ဒါနဲ့  Media-Convert ကို သုံးဖြစ်သွားတယ်။

Media-Convert က 100% free service ပါ။ ယူဇာ အကောင့်တွေ ဘာတွေလုပ်ဖို့ မလိုဘူး။ သုံးပြီးရတာ အတော်လေး အဆင်ပြေတယ်။ Convert လုပ်တာ မြန်လဲ မြန်တယ်။ ကိုယ့်ရဲ့ ကွန်ပြူတာထဲက ဖိုင်တွေကို upload (Local File Conversion) လုပ်ပေးလို့ ရသလို့ ၊ အင်တာနက်ပေါ်က ဖိုင်တွေကိုလည်း URL ပေးပြီး (Conversion From Url) convert လုပ်လို့ ရပါတယ်။ ကွန်ပြူတာထဲက ဖိုင်ကို ရွေးလိုက်ရင် Input Format ကို တခါတည်း အလိုလိုရွေးပေးတာလေးကို သဘောကျတယ်။ ပြီးရင် ကိုယ်ပြောင်းချင်တဲ့ ဖိုင်အမျိုးအစားကို Output format မှာရွေးပေးလိုက်လို့ ရတယ်။

Media-Convert ကောင်းတဲ့ အချက်တစ်ခုက convert လုပ်ပြီးလိုက်တဲ့ ဖိုင်ကို တခါထဲ Split လုပ်ခိုင်းလို ရတဲ့ feature ပါနေတယ်။ File ကို Split လုပ်ချင်တယ်ဆို Convert လုပ်တဲ့အချိန်မှာ တစ်ခါတည်း ဘယ်လောက် အရွယ်အစား split လုပ်မယ်ဆိုတာ ရွေးလိုက်လို့ ရတယ်။ file တွေပြန်ဆက်ရင် HJSplit ကိုသုံးလို့ ရပါတယ်။

Media-Convert ကို အရင်သုံးလေ့ရှိတဲ့ Zamzar နဲ့  နှိုင်းယှဉ်ကြည့်မိတယ်။

  • Media-Convert မှာ ပြောင်းလို့ ရတဲ့ ဖိုင်အမျိုးအစားက Zamzar မှာပြောင်းလို့ ရတဲ့ ဖိုင်အမျိုးအစားထက် ပိုများတယ်။ ( Media-Convert Support File Format List)
  • Media-Convert မှာ Split Feature ပါတယ်။ အများဆုံး အပိုင်း ၂၀ အထိ ခွဲလို့ ရတယ်။ ZamZar မှာ မပါဘူး။
  • Media-Convert မှာ convert လုပ်မယ်ဆို file size အကြီးဆုံး 150MB အထိရပြီး၊ ZamZar မှာတော့ 100MB ရတယ်။
  • Zamzar မှာ file convert လုပ်တဲ့အခါ အီးမေးတစ်ခု ထည့်ပေးရပြီး အဲ့ဒီအီမေးကို download link ပို့ ပေး။ Media-Convert မှာတော့ အီးမေးပေးစရာ မလိုဘူး။ တခါတည်း convert လုပ်ပြီး download လုပ်ဖို့  Link ကို တန်းပေးတယ်။ ဒီတော့ convert လုပ်ပြီးတဲ့အထိ စောင့်နေဖို့ တော့ လိုတယ်။
  • Media-Convert က 100% Free။ အခုအချိန်အထိ Member Register လုပ်ဖို့ ဆိုတာ ရှိကို မရှိသေးဘူး။ Zamzar မှာတော့ Free နဲ့  Member ဆိုပြီး နှစ်ခုရှိတယ်။ Member Signup လုပ်မယ်ဆိုရင်တော့ ပိုက်ဆံပေးရပြီး ပိုကောင်းတဲ့ Feature တွေရနိုင်တယ်။
  • Media-Convert နဲ့  Zamzar(Free version) နှစ်ခုလုံးမှာ Convert လုပ်တဲ့ file ကို ၂၄ နာရီ အထိသိမ်းပေးထားတယ်။
  • Media-Convert မှာ File Hosting service ရှိတယ်။ ဖတ်ကြည့်ရသလောက်ဆို Hosting မှာ တင်ထားတဲ့ ဖိုင်တစ်ခုကို ၃ ပတ်အတွင်း ၂ ကြိမ်အနည်းဆုံး download လုပ်မယ်ဆို ရက်ပေါင်း ၁၂၀ အထိ သိမ်းပေးထားမယ်။
  • Media-Convert မှာ Image File တွေကို convert လုပ်တဲ့အခါ file အမျိုးအစားသာမကဘူး၊ Width, Height နဲ့  PNG Quality ကိုပါ ရွေးပေးလို့ ရတာတွေ့ ရတယ်။ Zamzar မှာ file အမျိုးအစား တစ်ခုပဲ ရွေးပေးလို့ မရဘူး။
  • Media-Convert မှာ Website Screenshot လုပ်ပေးတဲ့ Feature ရှိတယ်။ Zamzar မှာ မပါဘူး။
  • Media-Convert မှာ Send File to Mobile ရှိတယ်။ Zamzar မှာ မပါဘူး။ ( ဒီ Feature ကိုတော့ စိတ်မ၀င်စားလို့ ၊ Phone မှာလည်း ဘာမှ Download လုပ်လေ့မရှိတာနဲ့  မစမ်းကြည့်ဖြစ်ဘူး။ )

ကျွန်မ သတိထားမိတဲ့ ကွာခြားချက်တွေကို ဒီလောက်ပါပဲ။ အခုရပ်ပိုင်းတော့ file convert လုပ်စရာရှိရင် Media-Convert ကို သုံးဖြစ်နေတယ်။ တခါတလေ လည်း Zamzar ကိုသုံးနေတုန်းပါပဲ။ အဆင်ပြေသလိုပေါ့။ Zamzar ကို ကျွန်မ သုံးလာတာ ၂၀၀၆ ခုနှစ် လောက်ထဲကဆိုတော့ အတော်ကြာနေပြီ။ ဒီနေရာမှာလည်း တစ်ခါရေးဖူးပါတယ်။ Zamzar အကြောင်း သိချင်တယ်ဆို ဒီအောက်ကလင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။

3 comments:

Anonymous said...

ကျွန်တော်အထင် ဒီ free ပေးထားတဲ့အကြောင်းရင်းရှိလိမ့်မယ်။ ကိုယ် upload လုပ်ထားတဲ့ file ကိုသူတို့တွေအချိန်မရွေးယူသုံးလိုက်လို့ရတယ်။ WMConverter ကိုtryကြည့်ပါ။ Free Converter တွေထဲမှာအကောင်းဆုံးပဲ။

mmhan said...

တကယ်လို့ wav ကနေ၊ mp3 ပဲ အမြဲပြောင်းဖြစ်တာမျိုးဆိုရင်တော့ audacity ကို lame dll နဲ့တွဲပြီး သုံးသင့်ပါတယ်။ offline ဖြစ်တဲ့အတွက် download လုပ်ပြီးသားကို ပြန်တင်စရာမလိုသလို၊ ပြန်လဲ download ချစရာမလိုတော့ဘူးပေါ့

Nay Nay Naing said...

WA နဲ့  mmhan >> WMConverter ကို စမ်းကြည့်လိုက်ပါမယ်။ wav နဲ့  သီချင်းတွေ ရှာလို့ ရတဲ့ အခါမျိုးမှာ၊ ဘလော့ပေါ်မှာ ပြန်မျှချင်တဲ့ အခါမျိုးတွေမှာ mp3 ပြောင်းလေ့ရှိပါတယ်။ အမြဲတမ်းတော့ မပြောင်းဖြစ်ဘူး။ ကိုယ့်ဟာကို က သီချင်းနားထောင်ရင် ကွန်ပြူတာ နဲ့ ပဲ နားထောင်ဖြစ်နေတာဆိုတော့ wav နဲ့  နားထောင်လို့ လည်း အဆင်ပြေနေလို့ ပါ။ audacity ကို နည်းနည်းတော့ စမ်းသုံးဖူးတယ်။ သေချာ မသုံးဖူးဘူး။ အချိန်ရရင် စမ်းကြည့်ပါအုံးမယ်။ ဘယ်ဆိုဒ်ကိုမှ မှီခိုစရာ မလို၊ offline နဲ့ ဆိုတော့ ပိုကောင်းတာပေါ့။

ခုလို သတင်ပေးတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ ကျွန်မ အလုပ်များနေတာနဲ့  comment တွေ reply ပြန်တာ နောက်ကျသွားတယ်။ :)