Pages

September 05, 2006

The Lion Sleeps Tonight

ခုလေးတင် ပြန်နားထောင် ဖြစ်လိုက်တဲ့ သီချင်းတစ်ပုဒ်။ NSync - The Lion Sleeps Tonight ဒီသီချင်းကို Lion King ရှပ်ရှင်မှာ စနားထောင်ဘူးထဲက သဘောကျတယ်။ Disney က ကာတွန်း ရုပ်ရှင်တွေကို အရမ်း သဘောကျလို့  ဒေါင်းလုတ်လုပ် သိမ်းထားပြီး အမြဲ ကြည့်လေ့ရှိတယ်။ ပြီးတော့ အဲ့ဒီထဲက သီချင်းတွေကိုလည်း နားထောင်လေ့ရှိတယ်။ ဒီနေတော့ The Lion Sleeps Tonight ကို ပြန်နားထောင်ဖြစ်ရင်း Lion King I, II and III သုံးခွေလုံးကို ပြန်ကြည့်ချင်စိတ်ပေါက်သွားတယ်။ Lion King ကို ကြည့်ချင်တာနဲ့  သူငယ်ချင်း တစ်ယောက်ပို့ ပေးဘူးတာလေးကို သတိရသွားလို့  ပြန်ရှာကြည့်လိုက်တာ ...



အရင်ကရှိခဲ့ဘူးတဲ့ ကာတွန်းကား စာရင်း၊ အားလုံး DVD ကွာလတီကို ရှာထားခဲ့တာ။ ဟိုတလောက အရှင်းကောင်းလိုက်တာ moive တွေ အကုန်ပါသွားတယ်။ ပြန်စုဖို့ က လည်း စိက်မရှည်တော့ဘူး။ အခွေ ဝယ်ရင် ရနိုင်ပေမယ့် ဝယ်ပြီးရင်၊ သိမ်းထားရတဲ့ ဒုက္ခက ရှိသေးလို့  မဝယ်ချင်ဘူး။ ဒေါင်းလုတ်မလုပ်ပဲ အကုန်ပြန်ရချင်လိုက်တာနော်။ ဟီး...

Snow White And The Seven Dwarfs
Bambi
Cinderella
Sleeping Beauty
The Jungle Book
The Many Adventures Of Winnie The Pooh
Beauty And The Beast
The Lion King I,II,III
Pocahontas I,II
Mulan I,II
Tarzan
Ice Age
Brother Bear
Madagascar

6 comments:

sttw2201 said...

Hee, if u find Mulan II and Ice Age, pls give me the links too....thnx :D

Unknown said...

အကြိုက်ချင်းကတော့တူနေပြီ။စနိုးဝှိုက်ထဲကလူပုလေးတွေ၊
Jungle Book ထဲကသီချင်းတွေကြိုက်တယ်ဗျ။ငယ်ငယ်ကတည်း
ကကြည့်လာတာအခုထိမရိုးသေးဘူး။သီချင်းလေးတွေကလည်း
ဆွဲဆောင်အားတော်တော်ကောင်းတယ်။

Nay Nay Naing said...

ဒေါင်းလုတ် လုပ်ပြီးရင် ပေးမယ်။ ခုရက်ပိုင်းတော့ မလုပ်အားသေးဘူး.။ အရှုပ်တွေ လုပ်နေရတယ်။

ကိုဝေဖြိုး.. အကြိုက်ချင်းတူတယ်ဆိုလို့  ဝမ်းသာပါတယ်ဗျာ။ တစ်ချို့ ကတော့ ပြောကြတယ်ဗျ။ ကာတွန်းကား ကြည့်တာ ကလေးတွေ အလုပ်တဲ့။ ကျွန်တော်တော့ အဲ့လို မထင်ပါဘူး။

THET NAI TUN said...

Beauty And The Beast ကိုအကြိုက်ဆုံးပဲ

မေ said...

အင်းလေ။ ကာတွန်းကားကြည့်တာ ကလေးအလုပ် မဟုတ်ပါဘူးနော်။ အစ်မတော့ ကာတွန်းကားပဲကြိုက်တယ်။ ဟဲဟဲ ...
ခု နေနေ့စာရင်းထဲက ကားလေးတွေ ကြည့်ချင်လိုက်တာ။ Ice Age 1, 2 တော့ရှိတယ်။

Nay Nay Naing said...

မမေ.. ကျွန်တော် အခု အဲ့ဒီလစ်ထဲက ကာတွန်းကားတွေ ပြန်ပြီး ဒေါင်းလုတ် လုပ်နေတယ်။ ရရင် စီဒီနဲ့ ကူးပေးမယ်။ ကာတွန်းကား ကြည့်ရတာ စိတ်ချမ်းသာတယ်။ ဘယ်တော့ မှလည်း ရိုးမသွားဘူး။ ကလေးဆန်တယ် ပြောချင်ရင်လည်း ပြောကြပါစေတော့။ ကြည့်မှာပဲ။ :D