Pages

September 25, 2006

25 September 2006 - At New Home

မနေ့ က အိမ်ပြောင်းလိုက်တာ ဒီနေ့  အလုပ်မသွားနိုင်ဘူး ဖြစ်သွားတယ်။ တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသလို နာနေတယ်။ ( တင်စားရေးလိုက်ခြင်း ဖြစ်ပါသည်။ တစ်ခါမှ အရိုက်မခံရဘူးပါ။) ဒါတောင် အိမ်ပြောင်းတာကို mover ခေါ်ပြီးပြောင်းလိုက်တာပါ။ ကိုယ့်ဟာကိုယ် ဘာ တခုမှ သယ်ရသေးတာ မဟုတ်ဘူး။ ပစ္စည်းတွေ ထုပ်ပိုးတာ နည်းနည်းပဲလုပ်ရတယ်။ ဒါတောင် သူငယ်ချင်းတစ်ယောက်က ပစ္စည်းသိမ်းတာကို လာကုပေးသေးတယ်။ အိမ်အသစ်ရောက်တော့လည်း သူငယ်ချင်း နှစ်ယောက်က ပစ္စည်းတွေ နေရာပြန်ချတာ၊ စာအုပ်တွေ ရှင်းတာ၊ ကွန်ပြူတာတွေ ပြန်ဆင်တာ အကုန် လုပ်ပေးသွားခဲ့တာ။ တစ်ယောက်ကဆို သူအိမ်မှာတောင် မုန့် လိုက်စားဖို့ ခေါ်သေးတယ်။ အရမ်း ချစ်ဖို့ ကောင်းတဲ သူငယ်ချင်းတွေပါပဲ။ ( သူတို့ နဲ့  ရင်နှီးချင်ရင် ပြောပါ။ မိတ်ဆက်ပေး ပါ့မယ်။ ဒါပေမယ့် ကောင်မလေး ငယ်ငယ်ချောချော လေးတွေ ဖြစ်ဖို့ တော့ လိုတာပေါ့နော်။ ဟီး ဟီး။ ) ပစ္စည်း သိမ်းတာ၊ နည်းနည်း ပါးပါး ဟိုရွှေ့  ဒီရွှေ့  လုပ်ရတာ၊ အိမ်ဟောင်းကို ရှင်းပေးရတာ၊ အဲ့လောက်လေး လုပ်တာကို ပင်ပန်းနေတယ်။ ဒါနဲ့ ပဲ ဒီနေ့  အလုပ်မသွားပဲ နေလိုက်တော့တယ်။ မနက်စောစောက မိုးရွာနေတာကလည်း အလုပ်မသွားဖြစ်ခြင်းရဲ့ အကြောင်းတစ်ခုပဲပေါ့။

အိမ်အသစ် အကြောင်း နည်းနည်းရေးဦးမယ်။ အရင် အိမ်အဟောင်းက ၃ ထပ်မှာ၊ ခု အသစ်က ၁၁ ထပ်မှာဆိုတော့ ကောင်းကင်ဘုံနဲ့  ပိုနီးစပ်သွားတဲ့ သဘောပေါ့။ လေလည်း ပိုတိုက်တယ်။ အဝေးကြီးကိုလည်း လှမ်းမြင်ရတယ်။ ကျွန်မက တက်ရဆင်းရလွယ်မယ်ဆို အထပ်မြင့်မြင့်က လေ၀င်လေထွက်ကောင်းတဲ့ အခန်း၊ အဝေးကို လှမ်းမြင်ရနိုင်တဲ့ အခန်းမျိုးမှာ နေရတာကို ပိုကြိုက်တယ်။ ဒီအခန်းက အရင် အခန်းထက်တော့ ကျဉ်းတယ်။ အရင် အခန်းက condo က master room လေ။ ခုဟာက HDB က common room ပါ။ ဒီအခန်းကလည်း အရင် ကျွန်မနေတဲ့ အခန်းနဲ့ ယှဉ်ပြောလို့ သာ ကျဉ်းတာပဲ။ သာမန် common room တွေလောက်တော့ ကျယ်တာပဲဆိုတော့ ကျွန်မ အတွက်တော့ အတော်လောက်ပါပဲ။ condo မှာနေတယ်ဆိုတာ ကလည်း သူတို့  ပေးတဲ့ facilities တွေကို အပြည့်သုံးမှ တန်တာ။ ကျွန်မက ရေလည်းမကူး၊ gem လည်းမသွား။ တစ်ခြား facilites တွေလည်းဘာမှ မသုံးတော့ condo မှာပဲ နေ နေ၊ HDB တိုက်တွေမှာပဲ နေ နေ သိပ်မထူးပါဘူး။ အဓိက က သွားရလာရ အစဉ်ပြေမယ်၊ အိမ်ခန်းတွေ သန့် မယ်ဆို ပြီးတာပါပဲ။ ခု အိမ်က HDB တုက်ဆိုပေမယ့် ထောင့်ခန်းဆိုတော့ လူ အသွားအလာ မရှုပ်ဘူး။ သာမန် အခန်းတွေဆို အိမ်ရှေ့ က လူတွေ အမြဲ ဖြတ်ဖြတ် သွားနေကိုတော့ မကြိုက်ဘူး။ ဒီ room မှာ ခု မကြိုက်တာတစ်ခုက ညက aircon ဖွင့်ထားတာကို သိပ်မအေးဘူး၊ ပူနေတယ်။ အိပ်မရဘူး။ ဒီတိုင်း window တွေ ဖွင့်တာက ပိုအေးနေတယ်။ aircon ပဲ မကောင်းတာလား မသိဘူး။ မေးကြည့်ရဦးမယ်။

မနေ့ က ၂၄ နာရီလောက် internet မသုံးပဲနေလိုက်ရတယ်။ ခု room မှာ internet မရသေးဘူး။ ကိစ္စတော့ မရှိပါဘူး။ ညက အင်တာနက် သုံးချင်တာနဲ့  wireless နဲ့ သုံးလိုက်တော့ အစဉ်ပြေသွားတယ်။ night က ကြည့်ရသလောက်တော့ ဒီနားမှာ wireless သုံးတဲ့သူတော်တော်များတာပဲ။ ၂၀ လောက်ရှိတာ router မှာ password ထဲ့ပြီး secure wireless ဖြစ်အောင်လုပ်ထားတဲ့သူက ၅ ယောက်လောက်ပဲရှိနေတယ်။ ဒီတော့ ကျန်တဲ့ ၁၅ ခုကို access လုပ်ပြီး အင်တာနက် သုံးလို့ ရတာပေါ့။ အရင်အိမ်တုန်းကဆို အနားမှာ wireless သုံးတဲ့ သူ ၁၀ ယောက်မှာ ၉ ယောက်လောက်က password ထည့်ထားကြတယ်။ ကျွန်မကိုယ်တိုင်လည်း router မှာ password ထည့်ပြီး သုံးခဲ့တာပါပဲ။ ဟီး.. ခုတော့ သူများ အင်တာနက်ကို ခိုးသုံးနေရတယ်။ ကောင်းတော့ မကောင်းဘူးပေါ့။ ဒီနေ့ တော့ ကိုယ့်အင်တာနက် ကိုယ် သုံးလို့  ရအောင် လုပ်လိုက်တော့မယ်။

ဒါနဲ့  မနေ့ ညက dual monitor စမ်းတာ ပြဿနာတက်သွားသေးတယ်။ နောက်တော့ THKZ ကူညီတာနဲ့  အားလုံး အစဉ်ပြေသွားတယ်။ ခက်တယ်။ ကိုယ်ကလည်း တစ်ခုခုဆို မေးလို့ ရမယ် သူရှိနေမှန်းသိရင် ကိုယ့်ဟာကို စမ်းကြည့်လို့ ရရဲ့သားနဲ့  မလုပ်ချင်ပဲ ရေသာခိုချင်နေတယ်။ ခုတော့ ဒီလောက်ပါပဲ။ အလုပ်မသွားတဲ့ အတူတူ အိမ်မှာ လုပ်စရာရှိတာတွေ ပြီးအောင် လုပ်လိုက်ဦးမယ်။ အဝတ်အစားတွေ နေရာ မချရသေးဘူး။ တခြာရှင်းစရာ ရှိတာ လေးတွေလည်း ပြီးအောင်ရှင်းလိုက်ဦးမယ်။ ညနေမှ ပဲ ရေးချင်စိတ်ပေါက်ရင် ထပ်ရေးတော့မယ်။ ကောင်းသောနေ့  ပါ။

6 comments:

မေ said...

အိမ်ပြောင်းတာ ဘယ်သူ လာကူကူ တကယ်ပင်ပန်းတဲ့ အလုပ်နော်။ မမေတုန်းကလည်း အိမ်ပြောင်းပြီး ညမှာပဲ ဖျားသွားတယ်။ အဲဒါ စင်ကာပူမှာ အပြင်းဆုံးဖျားဘူးတာမို့ မှတ်မှတ်ရရပဲ။

Chan Mya Soe said...

လေ၀င်လေထွက်ကောင်းပြီး ရှု့ခင်းလဲကြည့်ရတာပေါ့ မိုက်တယ် :)

Nay Nay Naing said...

ညီမလေး မြတ်ဆု .. ကျေးဇူးပဲနော်. ခုလို ဂရုတစိုက်ပြောတဲ့ အတွက်ပါ.. ဒီနေ့ တော့ ဆေးသောက်လိုက်ရတယ်. ခုတော့ ကောင်းသွားပါပြီ..

မမေ.. ဟုတ်ပ.. ဒါတောင် ကူတဲ့သူရှိလို့  ဒီလောက်ပဲ ပင်ပန်းတာ.. တစ်ယောက်တည်းသာဆို မလွယ်ဘူး.. မမေ အိမ်ပြောင်းရင် ပြောလေ.. လာကူမယ်..

cms ရေ.. ဒီက ရှု့ ခင်းက တိမ်တွေရယ် ။ တိုက်တွေရယ်.... တိမ်တွေ ကြည့်ရတာ တော့မိုက်တယ်..

NLS said...

ကျွန်တော် အိမ်ပြောင်းတုန်းက ကူမယ့်သူ မရှိဘူး။ တစ်ယောက်တည်း သယ်ရတယ်။ ပင်ပန်းလိုက်တာ။ မိုဂူအရုပ်လေး ၃ ရုပ် ကျန်ခဲ့တယ်။ ပြန်မရတော့ဘူး။ :(

မေ said...

တကယ်ပြောမှာနော် နေနေ :D
NLS >> မိုဂူးရုပ်တွေက သေးသေးလေးတွေကို ၊ တခြားပစ္စည်းတွေ ချန်ပြီး အဲဒီရုပ်တွေကို အပါသယ်ရမှာ။ မမေတုန်းက အရုပ်တွေကို အရင်ပို့ထားတာ၊ နောက်ကျရင် ကျန်ရစ်ခဲ့မှာဆိုးလို့၊ :D

Nay Nay Naing said...

မမေ နဲ့  ညီလင်းဆက်ရေ..
နောက်ဆို ဒီမှာ အိမ်ပြောင်းရင်ပြောပေါ့။ လိုက်ကူ (လိုက်ရှုပ်) ပေးမယ်။ :D
တူတူပဲ မမေရေ.. အရုပ်တွေက အရေးကြီးတယ်။ NLS က ဘယ်လို လုပ်ပြီး အရုပ်တွေမှ မေ့ကျန်ခဲ့လဲ မသိဘူး။ ပြန်သွားယူလို့ မရတော့ဘူးလား။ နှမျောစရာကြီး။