Pages

August 03, 2006

Microsoft Launches Windows Live Spaces

ဒီနေ့  ကျွန်မကို THKZ က Microsoft ကနေပြီးတော့ Window Live Spaces ဆိုတာကို စသုံးလို့ ရပြီ ဆိုပြီ သတင်းပေးပါတယ်။ အသစ်ဆို တော့ ဘယ်လိုဟာလည်းလို့  သိချင်၊ စမ်းချင် သွားတယ်။

MSN Spaces မှာ ကျွန်မရဲ့ hotmail နဲ့  လုပ်ထားတဲ့ site တစ်ခုရှိပါတယ်။ http://spaces.msn.com/naynaynaing ဆိုတဲ့ site ပါ။ Window Live Spaces ဆိုလို့  MSN Spaces နဲ့  ဘာကွာ လည်း သိချင်လို့  http://spaces.live.com/ မှာ account သွား လုပ်တာ၊ hotmail နဲ့  password ထည့်လိုက်တော့ ကျွန်မ ဘာမှ မလုပ်ရပဲ account က ရှိနေတယ်။ တော်တော် အံ့သြသွားတယ်။ ဘာဖြစ်လို့ လည်းလို့ ၊ သေချာကြည့် မှ သိတော့ တယ်။ အဲ့ဒီက data တွေက ကျွန်မရဲ့ MSN Spaces က data တွေပဲ။ Window Live Spaces ဆိုတာ MSN Spaces ပဲလို့  အဲ့ဒီမှ သိတော့တယ်။

MSN Spaces မှာ account မရှိသေးတဲ့ သူတွေမှသာ Window Live Spaces မှာ new account လုပ်ဖို့ လိုတာပါ။ ကျွန်မတို့ လို MSN Spaces မှာ account ရှိပြီးသာလူတွေကြတော့ ဘာမှ ထပ်လုပ်ဖို့ မလိုတော့ပါဘူး။ Micorsoft က MSN spaces ကနေ Window Live Spaces လို့  နာမည်ပြောင်းပြီး Feature အသစ်တွေ ထပ်ထည့်ပေးထားတာပဲလေ။ တူတူပဲပေါ့။ ကျွန်မကို ကလည်း တော်တော်ကို တုန်းပါတယ်၊ တုန်းရုံ မက စာဖတ်တာ လည်းပျင်းတော့ MSN Live Spaces အကြောင်းကို သေချာဖတ် မကြည့်ပဲ၊ ဒီတိုင်း စမ်းကြည့် လိုက်တာပါ။ နောက်မှ ကျွန်မရဲ့ MSN spaces site link ကို သွားကြည့်တော့ http://naynaynaing.spaces.live.com/ ဒီလင်ခ့်ကို redirect လုပ်သွားတာတွေရတယ်။ ခုဆို MSN Spaces ဆိုတာ မရှိတော့ ပါဘူး။ MSN Live Spaces ဆိုတာပဲ ရှိပါတော့တယ်။

ထုံစံ အတိုင်း အသစ်ဆိုလို့  သာ စမ်းကြည့်ချင်တာ။ ခုဟာက account ရှိပြီး သားဆို တော့ စမ်းကြည့်ဖို့  စိတ်မပါတော့ဘူး။ ဘာ Feature အသစ်တွေပါ လည်းဆိုတာကိုတော့ နောက်၊ အားမှ စမ်းကြည့်တော့မယ်။ ခုတော့ ပျင်းသွားပြီ။

Window Live Spaces အကြောင်း သိချင်ကြရင်တော့ အောက်ကလင်ခ့် မှာ ဖတ်လို့  ရပါတယ်။
DailyTech (Window Live Spaces)

ဒါ ကျွန်မ ဖတ်ဖို့ ဆိုပြီး THKZ က ပို့ ပေးတဲ့ လင့်ခ်ပါ။ ကိုယ်ဟာကို ဆို ဘာမှ မဖတ်ဘူး။ ပျင်းတယ်။

2 comments:

NLS said...

Yap, I've tested yesterday too.
Not much different with Yahoo 360.

Nay Nay Naing said...

yes.. not much different, but Window Live is slower than Yahoo 360