ဒီနေ့  ကျွန်မရဲ့ အစ်မ တစ်ယောက်လို ချစ်ခင်ရတဲ့ သူငယ်ချင်း တစ်ယောက်မွေးနေ့ ပါ။ မနေ့ က သူု့ မွေးနေ့ ထင်ပြီး မွေးနေ့  ဆုတောင်း သွားပြောမိတယ်။ ဟီး ဟီး။ မှတ်ထားတာ နေ့  မှားပြီး မှတ်မိ ရက်သား ဖြစ်နေတာ။ တော်သေးတယ်၊ သူ့ မွေးနေ့ ကို မမှတ်မိရကောင်းလားဆိုပြီး စိတ်မဆိုးလို့ ။
သူ့ မွေးနေ့ ဆုတောင်းရင် အဲ့ဒီက သူငယ်ချင်းတွေကို သတိရသွာတယ်။ ကျွန်မရဲ့ မမေ့နိုင်တဲ့ ချစ်သူငယ်ချင်းတွေ။ သြော် မွေးနေ့ ရှင်ကို ... မ.. လို ခေါ်နေလို့  ကျွန်မထက် အသက်မရမ်းကြီးတဲ့ အစ်မကြီး တစ်ယောက်လို့  မထင်လိုက်ကျပါနဲ့ ။ ကျွန်မ နဲ့  လပိုင်းလေးပဲ ကွာတာပါ။ ကျွန်မထက်လည်း နုပျိုချောမောပါတယ်။ ဒါပေမယ့် သူက ကျွန်မ့ဆိုးအမျှ ကျွန်မအပေါ် နာလည်မှု့  အပြည့် နဲ့  ခွင့်လွတ်တတ်၊ ကျွန်မကို ညီမ တစ်ယောက်လို သဘောထားပြီး ဂရုတစိုက်လည်းရှိ၊ ကျွန်မကလည်း သူငယ်ချင်းတစ်ယောက်လိုရော၊ အစ်မတစ်ယောက်လိုပါ ခင်တွယ်တဲ့ အတွက် .. မ.. လို့  ခေါ်တာပါ။
မိန်းကလေး သူငယ်ချင်းဆို လက်ချိုးရည်ရင်တောင် လက် ၁၀ချောင်း ပြည့်အောင်မရှိတဲ့ ကျွန်မ အတွက်တော့ တကယ့် ရှားရှားပါးပါး သူငယ်ချင်း တစ်ယောက်ပါ။ မှတ်မိပါသေးတယ် ။ နောက်တစ်နေ့  ဆို ကျွန်မ ဘွဲ့ တစ်ခုယူဖို့  အတွက် နောက်ဆုံးတင်ရတဲ့ စာတမ်းက တင်ရတော့မယ်။ ဘယ်အရာမဆို အချိန်ကပ်မှ လုပ်တတ်တဲ့ ကျွန်မကလည်း ထုံစံ အတိုင်း တစ်ချို့ ဟာတွေက အဆင်သင့် မဖြစ်သေးဘူး။ တစ်ချို့ ရေးဖို့  လိုတာတွေကို ဒီနေ့  မွေးနေ့ ရှင် ကရေးပေးတယ်။ နောက် သူလို့ ပဲ ကျွန်မက အစ်မတစ်ယောက်လို ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က လိုတာတွေ စစ်ပေးတယ်။ စာအုပ်ပုံစံ တင်ရမှာဆိုတော့ လိုတာတွေ၊ ပါရမှာတွေကို မေ့ကျန်ခဲ့မှာ စိုးလို့  စစ်ပေးတာ။
အရမ်းလည်း ရယ်ဖို့ ကောင်းပါတယ်။ ကျွန်မတို့  အားလုံး IT သမားတွေ ဖြစ်ပေမယ့် ကျွန်မ အဲ့ဒီတုန်းက စာတမ်း အတွက် လုပ်တဲ့ အကြောင်းအရာက သူတို့ တွေ မသိကြပါဘူး။ ကျွန်မကိုယ်တိုင်တောင် စာတမ်း တင်ပြီးမှ ရေးရေးလေး သဘောပေါက်သလို ရှိတဲ့ အကြောင်း အရာတစ်ခုပါ။ သူတို့ က မေးတယ်။ ကျွန်မရေးနေတာ ဘာကြောင်းလဲ တဲ့။ ဟီး ဟီး။ ကျွန်မလည်း တတ်သလောက်ရှင်းပြပေမယ့် သူတို့  ကြည့်ရတာ နားလယ်တဲ့ ပုံ မပေါ်ပါဘူး။ သူတို့ မှ မဟုတ်ပါဘူး၊ အဲ့ဒီတုန်းက ကျွန်မနဲ့  ကျောင်းတူတူတက်နေတဲ့ သူတွေလည်း ကျွန်မရဲ့ စာတမ်း နာမည်ကြားရင် ဘာကြီးလဲ၊ နားမလည်ဘူး၊ ရှင်းပြပါလား၊ အဲ့လိုတွေ အမြဲမေးခံထိ ခဲ့တာပါ။ ဒါတွေထားပါ။ ကျွန်မ အခု အဓိကပြောချင်တာက ဘာမှန်းမသိတဲ့ ကြားက ရအောင် ရေးပေး၊ ကူညီပေးခဲ့ ကြတာတွေကို ကျွန်မဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျေးဇူး အရမ်းတင် ပါတယ်။
သူတို့ မှ မဟုတ်ဘူး တစ်ခြား သူငယ်ချင်းတွေ အားလုံးကလည်း ကျွန်မ လိုသမျှ၊ သူတို့ လုပ်ပေးနိုင်တာတွေ မှန်သမျှ အားလုံးကို ဘယ်တော့မဆို မငြီမငြူလုပ်ပေးခဲ့ ကြတာပါ။ ဒီမှာ တစ်ယောက်တည်း စိတ်ညစ်စရာတွေ ကြုံလာတိုင်း အဲ့ဒီတုန်းက သူငယ်ချင်းတွေနဲ့  တူတူနေခဲ့တဲ့ အချိန်တွေကို အရမ်းသတိရမိတယ်။ နောင်ဖြစ်နိုင်ရင် တစ်ချိန်ချိန်မှာတော့ သူငယ်ချင်း အားလုံးနဲ့  ပြန်ဆုံချင်ပါသေးတယ်။
ဒီနေ့ တော့ ဒီလောက်ပဲ၊ တော်ပြီ။ နောက်မှပဲ အချိန်ရရင် ကျောင်းတုန်းက အကြောင်းတွေ၊ သူငယ်ချင်းတွေ အကြောင်းတွေ ရေးတော့မယ်။
1 comment:
Thank for your wish to me
Post a Comment