အလုပ် လုပ်ရတာ စိတ်မဖြောင့်ဘူး ဖြစ်နေတယ်။ ခု သူ ဗိုက်အောင့်နေ ပြန်ပြီလေ။ ဘာလို့  ခဏ ခဏ ဗိုက့်အောင့်နေရတာလဲ။ အစာ များများစားတာနဲ့ ဖြစ်ရောပဲ။ တော်တော့်ကို ပေတိ ပေကပ်နဲ့  လုပ်ချင်တာလုပ်၊ စာချင်တာ စားတယ်။ ဒီနေ့  ဗိုက်အောင့်နိုင်တယ် စိတ်ထဲ ထင်နေလို့  မနေ့ ညက ကိုယ်မအိပ်ခင် သူ့ စီ ဖုန်းခေါ်ဖို့  ကြိုစားသေးတယ်။ အစာ စားတာ ဂရုတစိုက်စားဖို့ ၊ အစာကျေလွယ်တာတွေပဲစားဖို့  မှာမလို့ဟာကို ဖုန်းကဆက်လို့  မရ။ မနက် မိုးလင်း၊ အလုပ်သွားခါနီး ဖုန်းထပ်ဆက်တော့ မှပဲ ရတော့တယ်။ ဖုန်းဆက်လို့  ရတဲ့ အချိန်ကြတော့ ညစာက စားပြီးနေလို့  အိမ်တောင်ပြန်တော့မယ်။ ခု အိမ်ပြန် ရောက်တော့ ဗိုက်ကအောင့်ပြီ။ ခက်တယ်။
ကိုယ်က အနီးအနားမှာ ဆိုလည်း အစား၊ အသောက်ကိစ္စကို ကိုယ်တတ်နိုင် သလောက် ဂရုတစိုက် လိုက်လုပ်ပေးလို့  ရသေးတယ်။ ခုဟာက အဝေးကြီး။ ဘာလုပ် ပေးရ မှန်းကို မသိတော့ဘူး။ ခုရော အိပ်လို့ ပျော်ရဲ့ လား မသိဘူး။ ဖုန်းဆက်လို့  လည်း မဖြစ်ဘူး။ အိပ်ပျော်နေရင် နိုးသွားမှာ စိုးရသေးတယ်။
သူ့ မှာ ကျန်တာတွေ ဘာမှ စိတ်ပူစရာ၊ စိုးရိမ်စရာ မရှိဘူး။ ဒီ အစားအသောက် ကိစ္စတစ်ခုပဲ စိုးရိမ်နေရတယ်။ အစာအိမ်ကလည်း ကောင်းတာ မဟုတ်။ အစားမျုားများ စားရင်ဗိုက်က အောင့်ပြီ။ ဟင်း... ဒီလို ဗိုက်အောင့်နေပြီဆို သူလည်း ခံရတာ မသက်မသာ၊ ကိုယ်လည်း စိတ်ပူပြီ ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်ဆို အစားအသောက် ဂရုစိုက်ဖို့  အမြဲသတိပေးနေမှ ဖြစ်တော့မယ်။
မနက်ကြရင်လည်း အလုပ် သွားရအုံးမယ်။ ခုတော့ သူ ဗိုက်အောင့် သက်သာပြီး အိပ်သွားပါစေလို့ ပဲ ဆုတောင်းရတော့မှာပဲ။ ကျန်တာ ဘာမှ လုပ်ပေးလို့  မှမရတာ။
No comments:
Post a Comment