Pages

August 28, 2006

Watched Movies at Weekend

ဒီအားလပ်ရက် ဘလောခ့်တောင် မဝင်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒီနှစ်ရက်လုံး ရုပ်ရှင်တွေ ဒေါင်းလုပ်လုပ်ပြီး ကြည့်နေတာ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကဆို အလုပ်လုပ်ရတဲ့ ရက်တွေမှည ညတိုင်း ရုပ်ရှင်တွေ ဒေါင်းလုပ်လုပ်တယ်၊ နောက် အားလပ်ရက် ရောက်ရင် အဲ့ဒီဟာတွေ ကြည့်တယ်။ ရုပ်ရှင်ကြိုက်လွန်းလို့  တော့ မဟုတ်ဘူး။ ကျွန်မ ရုပ်ရှင်ကြည့်တယ် ဆိုတာကလည်း တစ်နေရာတည်း ထိုင်ပြီး ကြည့်နေတာ မဟုတ်ဘူးလေ။ လုပ်စရာရှိတာတွေ လုပ်ရင်း ကွန်ပြူတာနဲ့  ရုပ်ရှင်ကို ဖွင့်ထား လိုက်တာ။ တစ်ချို့  ရုပ်ရှင်တွေဆို ဇတ်လမ်းကို သေချာသိဖို့ ဆို့  အနည်းဆုံး နှစ်ခါ၊ သုံးခါလောက်ကြည့်မှ သိတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ဆိုတော့ ရုပ်ရှင်ကသာ ပြီးသွားတယ်၊ ကျွန်မကတော့ ဘာတွေပြသွားမှန်း မသိလိုက်ဘူး။ အဲ့ဒီတုန်းကဆို တစ်ပတ်ကို မနည်းဆုံးတော့ ရုပ်ရှင် ၄ကား၊ ၅ ကားပြီးအောင် ဒေါင်းလုပ် လုပ်လေ့ရှိတယ်။ နောက်ပိုင်း ကျွန်မရဲ့ အစ်ကို ဒီရောက်လာတော့ ရုပ်ရှင်တွေ ဒေါင်းလုပ် မလုပ်ဖြစ်တော့ဘူး။

ပြီခဲ့တဲ့ အပတ်က ဒေါင်းလုပ် လုပ်ဖို့ လိုတဲ့ software တွေကို ပြန် install လုပ်ပြီး ရုပ်ရှင်တွေ ဒေါင်းလုပ် လုပ်ဖြစ်ပြန်တယ်။ ဒါနဲ့  ဒီင်္အားလပ်ရက်တော့ ရုပ်ရှင် ကြည့်ဖြစ်တယ်။ မဆိုးဘူး၊ မကြည့်တာ ကြာလို့  လားမသိဘူး ခုပြန်ကြည့်ဖြစ်တော့ စိတ်ဝင်တစားနဲ့  အားလုံးပြီးအောင် အစ၊အဆုံး ကြည့်ဖြစ်တယ်။ စနေ နေ့ ကြည့်လိုက်တာ ဒေါင်းလုပ် လုပ်ထားတဲ့  English ကားတွေ ကုန်သွားတယ်။ ၂ ကားပဲ ဒေါင်းလုပ် လုပ်ထားမိတာကို။ ဒါနဲ့  မနေ့ ကတော့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို website က ဒေါင်းလုပ် ပြီးကြည့်ဖြစ်သွားတယ်။ ကျွန်မက ကိုရီးယား ဇာတ်လမ်းတွဲ တွေကို သိပ်မကြိုက်ဘူး။ ဒါပေမယ့် မနေ့  ကကြည့်တဲ ဇတ်လမ်းတွဲကိုတော့ နည်းနည်း သဘောကျသွားတယ်။ နောက်မှ ကျွန်မ နဲ့  ကိုရီးယား ဇတ်လမ်းတွေ အကြောင်း စိတ်ပါရင် ရေးဦးမယ်။

အချိန်ကုန်တာကလည်း၊ မြန်လိုက်တာ။ အားလပ်ရက် နှစ်ရက်ဆိုတာ ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘူး။ ရုပ်ရှင် ကြည့်စရာတွေက ကျန်သေးတယ်။ ကြည့်ချင်တဲ့ကားတွေ အများကြီးတွေ့ ထားတယ်။ ခုလည်း အလုပ်မှာ၊ အလုပ်လုပ်ရဦးမယ်။ ဒီအလုပ်ဖွင့်ရက် တွေတော့ ရုပ်ရှင်တွေ ကြည့်နိုင်မယ် မထင်ဘူး။ ဒေါင်းလုပ်လောက်တော့ လုပ်နိုင်ကောင် ပါရဲ့။ နောက်တစ်ပတ် အလုပ်ပိတ်ရက်မှပဲ ကြည့်တော့မယ်။

6 comments:

ThuHninSee said...

မိပြီ..N3၇ဲ့ဘလော့ကို၇ှာနေတာ..

Nay Nay Naing said...

Ma Mon...Thanks for visiting my blog.. :)

Nay Nay Naing said...

ကျွန်တော် စမ်းကြည့်တယ်ဗျ။ ကျွန်တော်ဆီမှာတော့ ဘာမှမပေါ်ဘူး ဖြစ်နေတယ်။ ဘယ်ကဖြစ်လည်း ကျွန်တော် ထပ်စမ်းကြည့် ဦးမယ်။ ကျေးဇူးပဲ အစ်ကိုရေ.. ။

Chan Mya Soe said...

အချိန်ကုန်တာ နှေးလွန်းပါတယ်ဗျာ။ Time Machine နဲ့သာ ရွှေ့လိုက်ချင်တော့တယ်။

Nay Nay Naing said...

ကျွန်တော့် အတွက်တော့ အလုပ် လုပ်ရတဲ့ ရက်တွေဆို အချိန်က အကုန် အရမ်းနှေးတယ်။ အလုပ်အားတဲ့ ရက်ဆို အချိန်တွေက အကုန်မြန်လိုက်တာ။ တစ်ကယ်တော့ အချိန်က သူဟာသူ ပုံမှန် သွားနေတာပါ။ ကျွန်တော်တို့ ရဲ့ စိတ်တွေကသာ........

Nay Nay Naing said...

ကျေးဇူးပါပဲ ကိုချို။ ဒါမို့  ကျွန်တော့်စီမှာ ဘာမှ မပေါ်တာကို။ ကျွန်တော် ခု ထည့်ထားတာ ၃ခု။ ဘယ်ဟာ မှန်သလည်း၊ တိကျသလည်း၊ ဘာတွေကွာလည်း သိချင်လို့  ဗျ။ နောက်ထပ် စမ်းဦးမယ်။ ခုတလောတော့ စိတ်သိပ်မပါဘူး ဖြစ်နေတယ်ဗျာ။ သိချင်တာ သိပြီးရင်တော့ စမ်းထားတာတွေ ပြန်ဖြုတ်လိုက်မယ် စိတ်ကူးတယ်။