ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ.. ချစ်သူ။
ယနေ့မှစ နှစ်ပေါင်းများစွာတိုင်အောင် စိတ် ချမ်းသာ၊ ကိုယ် ကျန်းမာစွာ ဖြင့်
ဖြစ်ချင်တာ၊
ဖြစ်သင့်တာ နဲ့ 
ဖြစ်နေတာတွေ တထပ်တည်းကြပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။
ချစ်ခြင်းများစွာဖြင့်
နေနေ
4 comments:
ခင်ဗျားတို့ ချစ်သူဘ၀က ကြည်နူးစရာပါပဲဗျာ။ သီဟရော နေနေပါ ထာဝရ ပျော်ရွှင်ကြပါစေ။
မင်္ဂလာရှိလှပါတယ်ဗျာ။
မွေးနေ့ မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း နဲ့ ပြီးပြည့်စုံပြီး
နှစ်ဦးစလုံး လိုရာဆန္ဒတွေ နဲ့ ပြီးပြည့်စုံပါစေဗျာ။
ခုလို အမှတ်တရ မွေးနေ့ ဆုတောင်းပေးတဲ့ အတွက် ကိုအောင်လံမောင် နဲ့  ကိုညီလင်းဆက် ကို ကျေးဇူးပါပဲခင်ဗျာ... ပေးတဲ့ ဆုတွေနဲ့  ပြည့်ပါစေ။
ကိုညီလင်းဆက်ရော အိန္ဒိယ မှာ အရာကြီးတွေနဲ့  နေရတာ ပျော်ရဲ့လား။ ကိုညီလင်းဆက်ရဲ့ မြစ်ကြီးနားမှာ နေခဲ့တဲ့ အချိန်တွေလိုမျိုးကို သဘောကျတယ်ဗျာ။ ကျွန်တော်က ရန်ကုန်ထက် နယ်တွေမှာ နေရတာကို ပိုသဘောကျတယ်။ တစ်ချိန်ချိန်တော့ ဗမာပြည် ပြန်နိုင်ကောင်းရဲ့။
ကိုအော်လံမောင် ရဲ့ သီချင်းတွေ အတွက်လည်း ကျေးဇူးပါပဲခင်ဗျာ။ ကျွန်တော် မွေးနေ့ အိပ်ရာထထချင်းမှာ ကိုအော်လံမောင်ရဲ့ မေတ္တာအခါတော်နေ့  ပိုစ့်ကို ဖတ်ရတဲ့ အတွက် မင်္ဂလာရှိ လှပါတယ် ခင်ဗျာ။
ကိုညီလင်းဆက် နဲ့  ကိုအော်လံမောင် ကို ကျေးဇူးတင်ပါတယ်။ နှစ်ယောက်လုံးတောင်ပေးတဲ့ ဆုတွေလည်း ပြည့်ပါစေ။
Post a Comment