Pages

August 14, 2006

မိမိကိုယ်ကို ပြန် သုံးသပ်ခြင်း

Good Morning Everybody!!

တစ်ပတ်ပြီး တစ်ပတ် အချိန်တွေက အကုန်မြန်လိုက်တာနော်။ ဒီနေ့  မနက် အလုပ်ကို လာရင်းစဉ်းစားမိတယ်။ ခုတစ်လော အချိန်တွေသာ ကုန်သွားတယ်၊ ဘာများ အကျိုးရှိတဲ့ အလုပ်တွေ လုပ်ဖြစ်သလဲလို့ ။ အလုပ်သွားတယ်၊ လကုန်တော့ လခ ရတယ်ဆိုတာ ကို ထဲ့ စဉ်းစားဖို့  မလိုဘူး ထင်တယ်။ ဒါ လူတိုင်း နေ့ စဉ် မလုပ် မနေရ လုပ်နေရတဲ့ အရာတစ်ခုပဲ။ အဲ့ဒါကလွဲလို့  တစ်ခြားဟာရော၊ ပညာရေး၊ လူမှု့ ရေး ၊ အလုပ် ၊ စီးပွားရေး နဲ့  ပတ်သက်လို့ တိုးတက်မှု့ လို့  ပြစရာရှိအောင် ဘာတွေ လုပ်ဖြစ်သလဲ။ သေချာစဉ်းစား ကြည့်တယ်။ ဘာဆိုဘာမှ မလုပ်ဖြစ်ဘူး ဆိုတဲ့ အဖြေထွက်လာတယ်။

ဒီလိုပဲ အချိန်တွေ အကုန်ခံသွားတော့ မှာလား။ ကိုယ်က သာ ဒီအတိုင်းရှိနေမယ်။ အချိန်တွေကုန်ပြီး အသက်တွေ ကြီးလာတာပဲ ရှိမယ်။ တစ်ခြားတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ တစ်ခု ခုတော့ လုပ်ဦးမှ။ ဒီအတို်င်းဆက်သွား နေလို့  မဖြစ်ဘူးထင်တယ်။ တကယ်ဆို လုပ်လို့  ရတာတွေ အများကြီးပဲ။ တစ်ခု ခု မလုပ်ခင်တော့ ဘယ်အရာက ကိုယ့်အတွက် အရေးကြီးတယ်၊ ကိုယ်ဘာကို လိုအပ်တယ်၊ဘယ်လို လုပ်လို့ ရတယ် ဆိုတာတွေကို သေချာ စဉ်းစားဖို့  အရင် လိုမယ်။

ကဲ ကိုယ်ကိုကိုယ် မမေ့အောင်၊ သတိပေးတယ့် အနေနဲ့ တော့ မှတ်ထားလိုက်ပြီး။ တစ်ကယ် လုပ်ဖြစ် မဖြစ်ကတော့ စောင့်ကြည့် ရမှာပဲ။ ဘာတွေ လုပ်ဖြစ်မလဲ။

No comments: