၂၀၀၉ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့ .
၂၀၀၉ ခုနှစ် အတွင်းမှာ ဖြစ်ချင်တာတွေ ဖြစ်လာအောင် ကြိုးစားဖို့  ၆ လတိတိ ရှိတယ်။
ပျော်ရွှင်အောင်မြင်ပါစေ။
၂၀၀၉ ခုနှစ် အတွင်းမှာ ဖြစ်ချင်တာတွေ ဖြစ်လာအောင် ကြိုးစားဖို့  ၆ လတိတိ ရှိတယ်။
ပျော်ရွှင်အောင်မြင်ပါစေ။
သူငယ်ချင်း တစ်ယောက်နဲ့  ဖုန်းပြောတုန်းကတောင် ခုအသက်အရွယ်မှာ ဟိုး... အရင်ကလို ခင်မင်ဖို့ ကောင်းတဲ့၊ ရိုးရိုးသားသားခင်မင်ကြတဲ့ သူငယ်ချင်း အသစ်တွေ တွေ့ ဖို့ ဆိုတာ အရမ်းခက်တယ် ဆိုတဲ့အကြောင်းနဲ့  ငယ်ငယ်ကတည်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေရဲ့ တန်းဖိုးကို ကြာလေ ပိုပြီး သိလာရတယ်ဆိုတဲ့ အကြောင်းတွေ ပြောဖြစ်ခဲ့သေးတယ်။ နောက်ပြီး ငယ်ငယ်တုန်းက သံယောဇဉ်ဆိုတာ မေ့ရခက်တယ် မဟုတ်လား။ အထက်တန်း နဲ့  တက္ကသိုလ် တက်တုန်းက သူငယ်ချင်းတွေနဲ့  အဆက်အသွယ် ရှိသေးပေမယ့်၊ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ တော့ အဆက်အသွယ်ပြတ်နေတာ များတယ်။ ဖြစ်နိုင်မယ်ဆို ဟိုး... ငယ်ငယ်တုန်းက ကစားဖော် သူငယ်ချင်းတွေကို တခါလောက်တော့ ပြန်ဆုံချင်ပါသေးတယ်။
အကြင်နာ စကားတွေ အများအပြား မဆိုတတ်ပေမယ့်...
ဒီမှာ Haskell နဲ့ ရေးထားတဲ့ Sorting ပါ။qsort [] = []
qsort (x:xs) = qsort (filter (<>= x) xs)
void qsort(int a[], int lo, int hi) {
{
int h, l, p, t;
if (lo < l =" lo;" h =" hi;" p =" a[hi];" l =" l+1;"> l) && (a[h] >= p))
h = h-1;
if (l < h) {
t = a[l];
a[l] = a[h];
a[h] = t;
}
} while (l < h);
t = a[l];
a[l] = a[hi];
a[hi] = t;
qsort( a, lo, l-1 );
qsort( a, l+1, hi );
}
}
ဒါကမွေးနေ့ cake. မီးဖိုနားထားမိလို့  အဲ့လို ဖြစ်သွားတာ၊ ဒါပေမယ့် စားလို့ ကတော့ ကောင်မှကောင်း.. မီး မမှုတ်ခင်က ဓာတ်ပုံရိုက်ဖို့ သတိမရကြဘူး၊ cake လှီးတော့မယ်ဆိုမှ ကို TZA က သတိတရနဲ့  သူများတွေကို ပြချင်ရင် ပြနိုင်အောင်ဆိုပြီး ဓာတ်ပုံလေး ရိုက်ပေးခဲ့တာပါ။ cake ၀ယ်ပြီး၊ သယ်လာပေးတဲ့ မမေနဲ့  ဓာတ်ပုံရိုက်ပေးတဲ့ ကို TZA ကျေးဇူးတင်ပါတယ်..
တကယ့် original cake ပုံစံက ဒီလိုလေးပါ ရှင့်... cake ကြီးကလည်း မလှဘူး ထင်မှာဆိုးလို့  နဂိုပုံလေးပါ ပြထားလိုက်တာပါ
ဒီမှာကတော့ မစားခင် ရိုက်ထားတဲ့ ပုံလေးတွေ..
နောက်ပြီး နောက် ကမ္ဘာကျော်ဖြစ်လာမယ့် လူသား ၁၀ ယောက် ရဲ့ အမှတ်တရ လက်မှတ်ထိုးထားတဲ့ ဆုတောင်း ကတ်ကလေး.. လက်မှတ်တွေနဲ့  သူတို့ ဆုတောင်းတွေ scan လုပ်ထားတာတော့ရှိပါတယ်။ ဒါပေမယ့် ဒီလက်မှတ်တွေကို သူများတွေ ရကုန်မှာဆိုးလို့  Blog မှာတော့ ပိုစ့်မလုပ်တော့ပါဘူး။
