Pages

February 14, 2007

ချစ်သူအတွက်

အကြင်နာ စကားတွေ အများအပြား မဆိုတတ်ပေမယ့်...
ဘ၀နှစ်ခုထပ်တူဖြစ်အောင် အမြဲတမ်းစဉ်းစား လုပ်ဆောင်တတ်တဲ့...
ကျွန်မရဲ့ ချစ်သူ...

ယုံကြည်ပါလို့  ကတိသစ္စာစကားတွေ ဆိုလေ့မရှိပေမယ့်...
သ၀န်တိုဒေါသတွေနဲ့ပူလောင်မှုသောကတွေ မပွါးရအောင် နေထိုင်ပေးတဲ့ ...
ကျွန်မရဲ့ ချစ်သူ...

တားဆီးပိတ်ပင်မှုတွေ အလွန်အကျွံ မဆိုတတ်ပေမယ့်
အကြင်နာ အပြုံးများနဲ့  နားလည် ခွင့်လွှတ်ရင်း လိုရာပုံသွင်းစကားဆိုတတ်တဲ့
ကျွန်မရဲ့ ချစ်သူ

ပျော်ရွှင်မှုတွေကိုသာ အမြဲ ဆောင်ကျဉ်းပေးမယ် မဆိုတတ်ပေမယ့်..
နားထောင်တတ်တဲ့နားတစ်စုံ၊ ချိုသာစကားတချို့ နဲ့  နှလုံးသားကို အေးချမ်းစွာညှို့ယူတတ်တဲ့
ကျွန်မရဲ့ ချစ်သူ...

ဘ၀ပြဿနာတွေ အကုန်ဖယ်ရှားပေးမယ်လို့  အပိုစကားတွေ ဆိုလေ့မရှိပေမယ့်
ဒုက္ခတွေကို မျှဝေခံစားရင်းနဲ့  အနာဂတ်သစ်အတွက် တဖန်အားတင်းစေတတ်တဲ့...
ကျွန်မရဲ့ ချစ်သူ...

( မှတ်ချက်။ ။ ကျွန်မ ကဗျာရေးခြင်းမဟုတ်ပါ။ ကျွန်မသိသော ကျွန်မ၏ချစ်သူအကြောင်းကို ရေးသားထားခြင်းသာ ဖြစ်ပါသည်။ )

5 comments:

Unknown said...

တင်ထားတဲ့စာသားလေးတွေနဲ့ သီချင်းလေးနဲ့ အရမ်းလိုက်တယ်။ နင် . . တော်တာဟာ.

Soe Moe said...

ကျွန်တော် နေနေ့ Blog ကိုအမြဲ လိုလိုဖတ်လေ့ ရှိပေမဲ့ နေနေ ဒီလောက် ကဗျာ ရေးတတ် လိမ့်လို့ ထင်မထားတာတော့ အမှန်ပါ။ ရေးထားတာ အရမ်းကောင်းပါတယ်။ နောက်လဲ ထပ်ရေးပါအုံး။ အားပေးပါတယ်။

Unknown said...

I really enjoy reading the poem. I can't believe that programmer can write the beautiful touchy poem. I'm sure that he would like to read more poem in the future. Keep it up. :)
Sorry that I didn't have a chance to wish "Happy Valentine's Day” to you and Thiha yesterday. I know you guys are thousands miles away for now but I feel how strong you guys’ love is. Wishing you guys to be together as soon as possible.

azk

Anonymous said...

wow... nice poem

Nay Nay Naing said...

ZKT >> ကျေးဇူးပဲ။ အပေါင်းအသင်းတွေကြောင့် တိုးတက်လာတယ် ဆိုရမလား။

Soe Moe >> အားပေးတာ ကျေးဇူးတင်ပါတယ်။

Ko AZK >> ထူးထူးခြားခြား Comment ရေးပေးသွားတာရယ်၊ ဆုတောင်းပေးတာတွေရယ် အတွက် ကျေးဇူးတင်ပါတယ်။ ကို AZK လည်း ပျော်ရွှင်မှု့ တွေ အမြန်ဆုံးရနိုင်ပါစေလို့  ပြန်ပြီး ဆုတောင်းပေးချင်ပါတယ်။ :) ..

Ma Mon >> Thanks Sis :D..