
ဒီနိုင်ငံရဲ့ Public Holiday က အတော်နည်းတယ်။ တစ်နှစ်လုံးမှာမှ ၁၁ ရက်ပဲရှိတယ်။ ဒီနိုင်ငံမှာ တခြားနိုင်ငံတွေဆို ဟိုလူအတွက် ဟိုနေ့ ၊ ဒီလူ့ အတွက် ဒီနေ့ ဆိုပြီး ပိတ်တာတွေလဲ မရှိဘူး။ တော်တော် ကျေးဇူး မသိတတ်တဲ့ နိုင်ငံလို့  ဆိုရမယ်။ သူတပါး ကျေးဇူးကို အောက်မေ့၊ သတိရ၊ သိတတ်ခြင်းဟာ မင်္ဂလာတရားတပါး ဆိုတာ သူတို့ မသိဘူးနဲ့  တူပါတယ်။ အဲ့လိုသာ ပြောကျစတမ်းဆို ကျွန်မတို့  နိုင်ငံလည်း သူ့ ကျေးဇူး မသိတတ်တဲ့ နေရာမှာ ဒီနိုင်ငံနဲ့  ဘာများထူးပြီး ကွာခြားပါတော့ မလဲ။
အင်း... ဒီနိုင်ငံမှာ ကောင်းတာဆိုလို့  Holiday က Sunday နဲ့  ထပ်သွားတယ် ဆိုရင်၊ နောက်တစ်ရက် အစားပြန်ပြီး ရုံးပိတ်ပေးတာပဲ ရှိတယ်။ ပြီးတော့ ပုံမှန်အလုပ်တွေမှာဆို Annual Leave ကလည်း တစ်နှစ်လုံးမှာမှ ၁၂ ရက်ပဲ ရတယ်။ တော်တော် အလုပ်လုပ်လို့  မကောင်းတဲ့ နိုင်ငံပဲ။ ဒါဆိုဘာလို့ လုပ်နေသေးလဲလို့  အရွဲ့ တိုက် မမေးကြပါတယ်။ ရွေးစရာ မရှိလို့ ပါ။ ပျော်ရမှာ မနေရ၊ တော်ရာမှာ နေရ ဆိုတဲ့ စကားကလည်း ရှိတယ် မဟုတ်လား။ ဖြစ်နိုင်ရင်တော့ အလုပ်လုပ်မှ ပိုက်ဆံရမယ်ဆိုရင် Public Holiday များ၊ Annual Leave များ၊ တနေ့  ၈ နာရီနဲ့  ၅ ရက် လုပ်ရပြီး၊ လခများများရတဲ့ ကိုယ့်မိသာစု အသိုင်းအ၀ိုင်းနဲ့ လည်းနီး၊ ကိုယ်လည်း စိတ်ချမ်းသာ ပျော်ရွှင်မယ့်နေရာမှာပဲ အလုပ်လုပ်ချင်တာပေါ့။
ဒါနဲ့  ကျွန်မတို့  အမိမြန်မာပြည်မှာဆို များလိုက်တဲ့ Holiday တွေ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် သတင်းတွေမှာ သင်္ကြန် အားလပ်ရက်ကို ၁ ရက်တိုးပြီး၊ ၁၀ ရက် ပြောင်းသတ်မှတ်လိုက်ပြီ ဆိုတာ ရေးထားတာ ဖတ်လိုက်ရတယ်။ အဲ့လို ပိတ်သင့်တဲ့ ရက်မပိတ်ပဲ အဲ့ဒီ ရက်မှာမှ ၁ ရက် တိုးပိတ်တဲ့ ကိစ္စကို ကျွန်မကတော့ ဘာမှ မပြောလိုပါ။ ပြောလည်း ထူးမှာမှ မဟုတ်တာ။ စဉ်းစားမိတာ တစ်ခုတော့ရှိတယ်၊ ဒီ အစိုးရသာ ဆက်မြဲ နေမယ်ဆို နောက်ပိုင်းကြာလာရင် အကြိုရဲ့ အကြိုတွေကို ဆက်ပိတ်ရင်းကနေ April (သင်္ကြန်) မှာ ရုံးပိတ်ရက်ဆိုတာ 1st April က စတာဆိုပြီးတော့ ဖြစ်လာမလားလို့ ပါ။ အင်း... အဲ့ဒီကိစ္စနဲ့  ပတ်သက်ပြီး သူများတွေ ဘာတွေပြောပြီး၊ ဘယ်လို မြင်ကြလည်း သိချင်ရင် မြန်မာ ဘလောခ့်တွေမှာ လိုက်ဖတ်ကြည့်ကြပါ။ ဘလောခ့်တွေမှာ သူများရေးထားတဲ့ အမြင်လေးတွေ လိုက်ဖတ်ရတာ စိတ်ဝင်စားဖို့  တော့ အတော်လေး ကောင်းတယ်။ အချိန်အားလေးတွေများ အလုပ်မှာရရင် သွားဖတ်ကြည့် ကြပါ။
မြန်မာ နှစ်သစ်ကူး ရုံးပိတ်ရက် - Soe Moe
ရုံးပိတ်ရက်များထပ်မံတိုးလိုက်ပြီ - Mr Programmer
ပိတ်ရက်များနှင့် မြန်မာပြည် - May Dar Wii
Holidays - Thu Hnin See
3 comments:
ငယ်ငယ်တုန်းက အတိုင်းစကားကြီး စကားကျယ်တွေနဲ့ လူအမြင်ကတ်အောင်ပြောရရင် သူများသတ်မှတ်ထားတဲ့ ပိတ်ရက်များအပြင် ကိုယ်အားလပ်ရက်ကိုယ်သတ်မှတ်နိုင်တဲ့ အနေအထားရောက်အောင် ကြိုးစားနေပါတယ်လို့ ...:D
အလကား စတာ။ သုံးယောက်ထဲရှိတဲ့ သူငယ်ချင်းမှာ တယောက်နဲ့ ရန်ဖြစ်ပြီး သူ့ရဲ့စကားလုံးဒဏ်တွေပိပြီး စိတ်ဆိုးနေလို့ ကျန်နေတဲ့ တယောက်ကို
သက်သက်ရန်လာရှာတာပါ..
Hi
where r u now?
I think u r now in Sg...
R u writing this blog without knowing U???
I can't find ur profile???
If u wanna keep ur profile, I have no idea for that..
Just wanna make a fren with U..
If u care, reply me...
clef >> အဲ့လိုကြီးလား.. ရတယ် ပြောပါ ပြောပါ၊ စိတ်ကျေနပ်ပေါ့ပါးသွားအောင် ပြောချင်တာ ပြောလိုက် ပြောပါ။ ဒါနဲ့  ရန်ကုန်ရောက်ရင် ဟိုတစ်ယောက်နဲ့  တွေ့ ဖြစ်မယ် ထင်တယ်.. အဲ့ဒီကြရင် သူ့ ကို ရစ်မယ်၊ ရန်ရှာမယ်၊ စိတ်ဆိုးအောင်လုပ်လိုက်မယ်.. ဒါဆိုကြေသွားပြီပေါ့။ :D
anonymous >> ဟုတ်ပါတယ်။ profile ကို ဖျောက်ထားပါတယ်။ ဘာလို့ လည်းဆိုတော့ ဖျောက်ချင်လို့ ပါ။ ဒါနဲ့  အမည်မဖေါ်ပဲ လာရေးထားတာကို ဘယ်လို့  များ reply လုပ်ရမှာပါလိမ့်
Post a Comment