Pages

February 12, 2007

အားလပ်ရက်မှာ အနားယူခြင်း

ဒီနေ့  တနင်္ဂနွေနေ့  နေလယ်ခင်းမှာ အိပ်လို့ ကောင်းနေတုန်း မိုးရွာသံလိုလို အသံတစ်ခု ကြားခဲ့ရတယ်။ အရမ်း အိပ်ချင်နေတော့ အိပ်မက်ထဲမှာပဲ မိုးရွာနေတာလား၊ အပြင်မှာပဲ မိုးတွေရွာနေတာလား မကွဲပြားဘူး ဖြစ်နေ ခဲ့တယ်။ ဒါပေမယ့် ကျွန်မ မအိပ်ခင်က အရမ်းပူနေတာကို သတိရသွားလို့ ၊ ကြားနေရတဲ့အသံတွေ ဘယ်ကလာတာလဲ သိချင်စိတ်နဲ့  စူးစမ်းလိုက်တော့.. ကျွန်မရဲ့ အခန်းထောင့် အဲယားကွန်းကနေ ရေတွေကျလို့  ထွက်လာတဲ့ အသံတွေမှန်း သိလိုက်ရတယ်။

အရမ်းအိပ်ချင်နေတာနဲ့  အဲယားကွန်ကို သွားမကြည့်တော့ပဲ ဆက်အိပ်နေဖို့  ကြိုးစားမိသေးတယ်။ ဒါပေမယ့် အဲ့ဒီနေရာ၊ အဲယာကွန်း အောက်မှာ အမြဲ ဖွင့်ထားလေ့ရှိတယ့် ကျွန်မရဲ့ ကွန်ပြူတာကို သတိရသွားလို့  ဆက်မအိပ်နိုင်တော့ပဲ ထလိုက်ရတယ်။ သွားကြည့်လိုက်တော မော်နီတာကို ရေတွေ အတော်လေး စိုနေပါပြီ။ CPU ကိုတောင်မှ ရေတွေ စင်နေပြီ ဆိုတာ တွေ့ လိုက်ရတယ်။ ဒီတစ်ပတ် တနင်္ဂနွေနေ့ လေးတော့ အိမ်မှာ ကောင်းကောင်းအိပ်၊ အနားယူလိုက်မယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်လိုက်ရပြီး.... တနေကုန် အခန်းထဲက ပစ္စည်းတွေ ဟိုပြောင်း ဒီရွှေ့ ၊ ဟိုရှင်း ဒီရှုပ် နဲ့  ကျွန်မ အလုပ်များသွားခဲ့ ရပါတယ်။

အင်း... ဒီတစ်ပတ် အားလပ်ရက်မှာ ကျွန်မ မနားမယူလိုက်ရပေမယ့် ကျွန်မရဲ့ ကွန်ပြူတာလေးကတော့ ရေချိုးပြီး အေးအေးချမ်းချမ်းလေးနဲ့  အလုပ်မလုပ်တော့ပဲ ခဏတာမျှ အနားယူသွားပါကြောင်း သတင်းစကား ပါးချင်ပါတယ်။

2 comments:

Soe Moe said...

ခဏအနားယူရုံပဲ ဆိုရင်တော့ တော်သေးတာပေါ့. . . .

Nay Nay Naing said...

ဟုတ်ပ ကိုရင်စိုမိုးရယ် .. သူ့ ကို ဘယ် အကြာကြီး နားခွင့် ပြုနိုင်ပါ့မလဲ.. ခုတော့ အနားယူပြီးလို့ လုပ်ငန်းခွင် ပြန်ဝင်နေပါပြီ။