Pages

February 11, 2007

ချမ်းမြေ့စွာ ပေါင်းဖက်နိုင်စေကြောင်း..

ကိုကျော်ဇင်ဝင်း နှင့် မစုစုမာ
မင်္ဂလာဦး ဆွမ်းကျွေးအလှူ
၁၀-ဖေဖေါ်ဝါရီ-၂၀၀ရ
ချစ်ခြင်း မေတ္တာအပြည့်နဲ့  ဘ၀တစ်ခုကို အတူတည်ဆောက်ကြမယ့်
သူငယ်ချင်း ကိုကျော်ဇင်ဝင်း နဲ့  ချစ်ဇနီးချော မစုစုမာတို့  နှစ်ယောက်
ရာသက်ပန်ရိုးမြေကျ အပူပင်ကြောင့်ကြခြင်းကင်းစွာနဲ့  ပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေ။

ဒီနေ့  ဘုန်းကြီးကျောင်းမှာ သူငယ်ချင်း ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူ ရှိလို့  သွားဖြစ်ခဲ့တယ်။ ကျွန်မ ရဲ့ သူငယ်ချင်း တော်တော်များများ အိမ်ထောင်ပြုသွားကြပါပြီ။ ဒါပေမယ့် ဘယ်သူ မင်္ဂလာဆောင်မှ ကျွန်မ သွားခွင့် မကြုံခဲ့ပါတယ်။ ဒီနေ့ သွားခဲ့တဲ့ ပွဲဟာ ကျွန်မ ဘ၀မှာ ပထမဆုံးသွားဖြစ်တဲ့ သူငယ်ချင်းရဲ့ မင်္ဂလာပွဲပါ။

ဒီနေ့ ပွဲမှာ ကျွေးတဲ့ ဒန်ပေါက်က တော်တော်လေး စားကောင်းပါတယ်။ ဒီနှစ်ထဲမှာ ကျွန်မ ရဲ့ သူငယ်ချင်း တချို့ ဟာ သူတို့ ရဲ့ လူပျိုကြီးဘ၀တွေကို စွန့် လွှတ်တော့မယ်လို့  ကြွေးကြော်နေကြ ပါတယ်။ ဘယ်သူငယ်ချင်းရဲ့ ပွဲကိုများ နောက်ထပ်သွားစားခွင့် ကြုံရဦးမလဲ သိပါဘူး။ ဒီနေ့ မှာ တခြား သူငယ်ချင်း တစ်ယောက်က သူရဲ့ မွေးနေ့ ပွဲ ဖိတ်ထားပေမယ့် သွားခွင့် မရလိုက်ပါဘူး။ ဒါပေမယ့် အဲ့ဒီ သူငယ်ချင်းရဲ့ မင်္ဂလာပွဲကိုတော့ တက်ချင်ပါသေးတယ်။ :D သူငယ်ချင်းတွေ ရန်ကုန်မှာလည်း မင်္ဂလာပြန်ဆောင်ချင် ဆောင်ကြပါ၊ ဒါပေမယ့် ဒီမှာလည်း နောက်တစ်ခေါက်တော့ ထပ်ကျွေးကြပါဦလို့  တိုက်တွန်းချင်ပါတယ်။

3 comments:

Anonymous said...

Hey
the date is wrong.:)
Just telling!
I didn't have a chance to introduce myself at kzw's wedding.But I always read ur blog and I have no idea whether u have ever heard my name or not.
Nang Zarchi Latt

Nay Nay Naing said...

ဟုတ်သားပဲ၊။ သေချာ ဂရုစိုက်ရဲ့နဲ့  နေ့ စွဲကို မှားရေး လိုက်မိသေးတယ်။ ခုလို ပြောပြပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။ ပြန်ပြင်လိုက်ပါပြီ။ :) မနန်းဇာခြည်လတ် အမည်ကြားဖူး နေပါတယ်။ ဒီ ဘလောခ့်ကို အမြဲ ဖတ်ဖြစ်တယ်ဆိုတာ သိရတာ ၀မ်းသာပါတယ်။ ကျေးဇူးပါပဲ။

MYO HAN HTUN said...

အင်း .. “ပွဲကြိုက်ခင်” ဆိုတာ ဒီ Blog ပိုင်ရှင်များလားမသိ ..