Pages

February 12, 2007

Best Wishes For Both Of You

အသဲနှလုံးတစ်စုံ
တစ်နေရာတည်းစုဝေးနေရင်
ဆုံဆည်းဖို့ဆိုတာ မဝေးပါ အကိုနဲ့မမ။

မိုင်တွေထောင်ချီဝေး
မမြင်မတွေ့ရပေမယ့်
နှလုံးသားထောင့်တစ်နေရာ
ချစ်သူသာရှိနေခဲ့ရင်
ကြိုးစားမှုတိုင်းနောက်ကွယ်
ရှင်တော်ဘုရားရှိနေမှာပါ အကိုနဲ့မမ။

ယုံကြည်မှုတွေထပ်လောင်း
နားလည်မှုတွေဝိုင်းကာရံ
မြတ်နိုးခြင်းမေတ္တာအပြည့်နဲ့
ရှေ့ဆက်ဘ၀ခရီးလမ်းတစ်လျှောက်
အောင်မြင်မှုပေါင်းနောက်ကွယ်
ပျော်ရွှင်မှုအပြည့်နဲ့
အကိုနဲ့မမ အမြဲလက်တွဲနိုင်ပါစေ... ။

ခင်မင်လျက်
ညီမလေး

ကျွန်မတို့ ရဲ့ အွန်လိုင်း ညီမလေးတစ်ယောက်က ကျွန်မတို့  အတွက် ပေးတဲ့ လက်ဆောင် တစ်ခုပါ။ ဒီကဗျာလေးအတွက် အထူး ကျေးဇူးတင်ပါတယ် ညီမလေးရေ။ ကြိုးစားပါ၊ ညီမရဲ့ အိပ်မက်တွေ တနေ့ မှာ ပြည့်စုံလာမယ်လို့  ယုံကြည်ပါတယ်။ အစစ အရာရာ အားလုံး အဆင်ပြေ ကံကောင်းပါစေ။

5 comments:

Anonymous said...

ချစ်စရာကောင်းလိုက်တဲ့ကဗျာလေး

Anonymous said...

ကျွန်တော် ဘလောက်တွေကို လိုက်ကြည့်တယ်ဗျ.. ဘယ်သူများ ပြည်ထောင်စုနေ့ကို မှတ်မှတ်ရရ တင်ထားမလား…အလုပ်ပဲရှုပ်နေကြလို့လား.. … အင်း.. မနက်ဖြန်ဆိုရင် ဗိုလ်ချုပ်မွေးနေ့ရောက်ပြန်ပြီ… မေ့ပဲမေ့နေကြလို့လား …… ချစ်သူများနေ့ကိုတော့ လူတော်တော်များများသတိတရရှိကြသားပဲ..
… ကောင်းတယ်ဗျာ..

MYO HAN HTUN said...

ဖတ်ရင်းနဲ့ ငိုတောင်ငိုချင်လာတယ် ဗျာ .. “အကိုနဲ့မမ” ဆိုလို့ ..

Nay Nay Naing said...

ဒုက္ခပါပဲ။ စည်ပင်ရဲလို ဟာမျိုးနဲ့  လာတွေ့ နေတယ်၊ ဘလောခ့်တစ်ခုမှာ ပြည်ထောင်စုနေ့ ပိုစ့် အနည်းဆုံး တစ်ခု မတင်မနေ ဆိုပြီး ရက်ကွက်ထဲမှာ ညက လော်စပီကာ နဲ့  လိုက်အော်တာကို မကြား လိုက်လို့ ပါ။ ဒဏ်ငွေရော တတ်ဦးမှာလား။

Anonymous said...

အဲဒီကဗျာလေးထဲကအတိုင်းပဲထပ်ဆုတောင်းပေးလိုက်ပါတယ် ချစ်သော မမနဲ့အကို