Pages

February 20, 2007

U.S. Daylight Saving Time Changes in 2007

Daylight Saving Time (DST) စတော့မယ်ဆိုတာ သတိရလို့  ဘယ်ရက်က စပြီးပြောင်းမှာလဲဆိုတာ သိချင်လို့  လိုက်ရှာကြည့်လိုက်တော့ ဒီနှစ် 2007 က စပြီး US DST အချိန်တွေ ပြောင်းသွားတယ်ဆိုတာ သိလိုက်ရတယ်။ England မှာရော ဘယ်လိုလဲဆိုတာ ထပ်ပြီး စပ်စုလိုက်တော့ Europe DST တွေတော့ မပြောင်းဘူး လို့  သိလိုက်ရပါတယ်။

အရင်ကတုန်းကဆို US DST က 1st Sunday in April to last Sunday in October ပါ။ ခုတော့ DST ပိုကြာသွားပါပြီ။ Energy Policy Act of 2005 အရ US DST ဟာ 2007 ကနေစပြီး.... 2:00 AM on 2nd Sunday in March to 2:00 AM on 1st Sunday in November ဖြစ်သွားပါပြီ။ Europe DST ကတော့ မပြောင်းမလဲ အရင်အတိုင် 1:00 Am on last Sunday in March to last Sunday in October အထိပါပဲ။


သူတို့  အဲ့လို ပြောင်းတာ အကြောင်းမဟုတ်ပေမယ့်၊ ကျွန်မတို့  IT လောကမှာ ဘာတွေ affect ဖြစ်ပြီး၊ ဘာတွေုပြဿနာ တတ်အုံး မလဲ မသိဘူး။ အားလုံးသိတဲ့ အတိုင်းပဲ IT လောက ဆိုတာ ဘာမှ မပြောင်းရင်သာ ဘာမှ မဖြစ်သလိုရှိတာ၊ မလှုပ်လိုက်နဲ့  တစ်ခုခု ဖြစ်ဖို့ က သေချာနေသလောက်ပါပဲ။ ကျွန်မစိတ်ထင် အဓိက Update လုပ်ဖို့ တွေ လိုမှာက Microsoft Servers တွေနဲ့  Database တွေ ဖြစ်မယ် ထင်တယ်။ ကျွန်မ အခုရှိနေတဲ့ တိုင်ပြည်မှ DST မှ မရှိ ပါဘူး။ ဒါပေမယ့် DST ရှိတဲ့ တိုင်းပြည်တွေ IT Field က လူတွေ ဘာတွေ ပြောင်းဖို့ လိုလဲ ၊ ဘာတွေ ပြင်ဆင်ဖို့ လိုသလဲဆိုတာ သိချင်ရင် ဒီအောက်က Link တွေမှာ ကြည့်လို့ ရပါတယ်။

U.S. DST Changes for Microsoft Environment
U.S. DST Changes for Sun Java Environment

တကယ်တော့ Daylight Saving Time (DST) ဆိုတဲ့ စကားလုံးကို ကျွန်မ စပြီး ကြားဖူးခဲ့တာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကပါ။ ကျောင်းတွေ စဖွင့်တာ September ဆိုတော့ နိုင်ငံခြားရောက်ပြီး နောက်တစ်လ အကြာ October လ မှာ Daylight Saving Time End အချိန်ရောက်ပြီဖြစ်လို့  1 Hour ရှေ့ တိုး ရမယ် ဆိုပြီး ကျောင်းကနေ email ပို့ တာကို ဖတ်လိုက်ရတော့ တော်တော် ထူးဆန်းသွားတယ်။ သိပ်ရှုပ်တာပဲလို့ လဲ ထင်သွားတယ်။ ဒီလို အချိန်တွေ ဟိုရွှေ့  ဒီရွှေ့ လုပ်တယ် ဆိုတာမျိုးကို အရင်က တစ်ခါမှ မကြားခဲ့ဖူးတာ။ နောက်တော့ နောင်တော်ကြီးတွေ ရှင်းပြတာရယ်၊ Internet မှာ လိုက်ရှာ ဖတ်ကြည့်မိတာတွေရယ်၊ ကိုယ်တိုင် ကြုံတွေ့  ရတာတွေရယ်ကြောင့် သူတို့ နိုင်ငံတွေမှာ ဘာလို့  ဒီလို အချိန်တွေ ရွှေ့ ဖို့ လိုတာလဲ ဆိုတာကို သိလာခဲ့ပါတယ်။

သူတို့  တိုင်းပြည်တွေ မှာက Spring မှာဆို နေစောစောထွက်ပြီး၊ Fall ရောက်ပြီဆို နေထွက်ချိန် နောက်ကျ ပါတယ်။ ဒီတော့ သူတို့ နိုင်ငံမှာ Spring ရာသီ ရောက်ပြီဆို နာရီကို 1 Hour နောက်ဆုတ်ပြီး 1 နာရီစော ထကြပါတယ်။ အဲ့ Fall ရောက်ပြီ ဆိုရင်တော့ 1 Hour ရှေ့  ပြန်တိုးလိုက်ပြီး ပုံမှန်အချိန် ဖြစ်အောင် ပြန်ရွှေ့ လိုက်ပါတယ်။ အဲ့ဒီတုန်းကတော့ လွယ်လွယ်ကူကူ မှတ်မိအောင် "Spring Forward , Fall Back" လို့ မှတ်သားခဲ့ဖူးတယ်။

DST ဘယ်ခေတ်က စပြီး၊ ဘယ်လို ၊ ဘာကြောင့် ဖြစ်လာတယ်။ ကမ္ဘာတ၀ှမ်း ဘယ်နေရာတွေမှာ DST ရှိပြီး၊ ဘယ်နေရာတွေမှာတော့ DST မရှိဘူး ဆိုတာတွေ အသေးစိတ်ကို သိချင်တယ်၊ ဗဟုသုတ ရအောင် ဖတ်ချင် တယ်ဆို Webexhibits - Day Light Saving မှာ အသေးစိတ် ရှင်းပြထားတာကို သွားကြည့်နိုင် ပါတယ်။

5 comments:

Thiha Kyaw Zaw said...

That do effect the synchronization in distributed systems. Synchronization is a challenging topic in distributed environment

MYO HAN HTUN said...

ကြားတော့ ကြားဖူးပါတယ် .. ဒါပေမယ့် တောသားတစ်ယောက်အနေနဲ့ ထိုနိုင်ငံကြီးမျိုးတွေမရောက်ဖူးလို့ စာပေဗဟုသုတ အနေနဲ့သာ တီးမိခေါက်မိရုံလေးပါ။ ဒါပေမယ့် နေနေနိုင်ရဲ့ IT လောကအမြင်လေးနဲ့ပါ ထည့်ရေးပေးလိုက်လို့ စဉ်းစားစရာတစ်ခုအဖြစ် ဗဟုသုတ ရတဲ့ အတွက်
ကျေးဇူးတင်မိပါတယ် ..

ကိုတိုး

Nay Nay Naing said...

THKZ >> ကျေးဇူးပဲ... အချိန်ရမှ အဲ့ဒီအကြောင်းတွေ ဖတ်ကြည့်လိုက်မယ်..

ကိုတိုး ..>> ဒီ စင်္ကာပူကလည်း ကိုတိုး အခုနေနေတဲ့  နေရာနဲ့  သိပ်မကွားပါဘူး... လာလည်ဖြစ်ရင် comments တွေ ချန်ထားပေးခဲ့တာ အတွက် ကျေးဇူးတင်ပါတယ်။ :)

Yan said...

ဗဟုသုတ တော်တော်လိုက်စားတာပဲဗျ။ ချီးကျူးပါတယ်ဗျာ…

Thiha Kyaw Zaw said...

How to update in Linux(Redhat/CentOS/Fedora)

command: yum upgrade tzdata

then, go to /usr/share/zoneinfo/America

and you can run this command to check if your server's time zone is up to date:

diff Chicago /etc/localtime