Pages

February 10, 2007

အားလုံးရဲ့ ပုဂံ

Irrawaddy - ဘဝရုပ်ပုံလွှာကဏ္ဍ
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်) - တင်မိုး
မှ...

သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲ မီးလောင်တိုက် သွင်းဖို့ ကြံစည် နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေး မေတ္တာရပ်ခံခဲ့တဲ့ အတွက် ပုဂံစေတီ ယဉ်ကျေးမှု အမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ ပါတယ်။ ဒီအကြောင်းကို ဆရာမင်းသုဝဏ်က "ပုဂံနှင့်ဝေဠု" ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူး ပါတယ်။

ပုဂံနှင့် ဝေဠု (မင်းသုဝဏ်)
ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း။

ဒီအထက်က ကဗျာလေးပါတဲ့ ဆောင်းပါး (ပုဂံချစ်တဲ့ ဆရာကြီးလု(စ်) - တင်မိုး)ကို ဖတ်ရတဲ့ အချိန်မှာ ...
ကျွန်မတို့ အားလုံး ရဲ့ ဂုဏ်ယူဖွယ် ကောင်းတဲ့ ပုဂံက ရှေးဟောင်း အမွေအနှစ် တွေဟာ နိုင်ငံခြားသား တစ်ယောက်ရဲ့ တန်းဖိုးထားတတ်မှု့ ကြောင့် ဒုတိယကမ္ဘာစစ် အတွင်းမှာတောင် ပျက်ဆီး ဆုံးရှုံးမှု့ မရှိခဲ့ပေမယ့်... ခုချိန်ရောက်မှသာ ရှေးဟောင်း အမွေးအနှစ်ရဲ့ တန်ဖိုးကို နားမလည်သူတွေရဲ့ လက်ထဲမှာ ဖျက်ဆီးခံနေရ ပါလားလို့  စိတ်မကောင်းဖြစ်မိတယ်။

ကျွန်မစိတ်ထဲမှာ ငယ်ငယ်ကသာ တခါတခေါက် ရောက်ခဲ့ဖူးတဲ့ ရှေးရှေးတုန်းက ပုဂံကို အခွင့်ရရင် နောက် တစ်ခေါက်လောက်တော့ သွားကြည့်ချင်စိတ် ရှိပေမယ့် ခုခေတ်မှာ လုပ်ထားတဲ့ ပြုပြင်ပြောင်းလဲမှု့ တွေကို လက်သင့်မခံနိုင်လို့  ကြည့်ချင်စိတ်လည်း မရှိ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး တစ်ခေါက် လောက်တော့ ထပ်ရောက်အောင် သွားပါဦးမယ်။ ပုဂံကို ရောက်တဲ့ အချိန်မှာ
"မကြည့်ချင်တာတွေကို မမြင်နိုင်၊ ကြည့်ချင်တာတွေကိုသာ ကွက်ပြီး မြင်နိုင်တဲ့ မျက်စိလေးတွေများ ရှိရင်" သိပ်ကောင်းမှာပဲ လို့  တွေးနေမိပါတယ်။

2 comments:

AwLanMg said...

ပုဂံ ရာဇ၀င်(ပြီးခဲ့တာတွေကို) တုတ်ထမ်း။ဒါးထမ်း ပြောရမယ့် အချိန် မဟုတ်တော့ဘူး။ ပုဂံ ကို ဘယ်သူ ဖျက်သလဲ(ဖျက်နေသလဲ) ဆိုတာ ကို တုတ်ထမ်း။ဒါးထမ်း ပြောရမယ့် အချိန် ရောက်လို့နေပြီ လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်ဗျ။ညီမလေး ရဲ့ ပို့စ် ဖတ်ရတာ ပေါက္ကံရာမ ကို လွမ်းသွားပြီ။

Nay Nay Naing said...

အစ်ကိုကြီးရေ.. ညီမလဲ အဲ့ဒီ ဆောင်းပါး ဖတ်ပြီး နောက် ခုရက်ပိုင်း ပုဂံနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို သူငယ်ချင်းတစ်ယောက် စီက ယူပြီး ဖတ်နေတာ စိတ်ထဲ ပိုပြီး နှမျောပြီး တမျိုးကြီး ဖြစ်နေတယ်။ ပုဂံ ကို ဘယ်သူ ဖျက်သလဲ(ဖျက်နေသလဲ) ဆိုတာ အားလုံး သိသင့် ပါတယ်။