Pages

February 24, 2007

Linux breakthrough for Visual Basic developers

www.regdeveloper.co.uk က ပိုစ့်တစ်ခုရဲ့ Title ကိုကြည့်ပြီး စိတ်ဝင်စားသွားလို့  သွားဖတ်ကြည့် လိုက်တော့....

Novell ရဲ့ ထောက်ပံ့မှု့  နဲ့  ရပ်တည်နေတဲ့ Open Source Project တစ်ခုကို သုံးပြီး Windows developers တွေဟာ VB applications တွေကို ဘာပြောင်းလည်းမှု့ မှ ထပ်မလုပ်ပဲ Linux မှာ အသုံးပြုနိုင်ပြီလို့  ရေးထားတာ တွေ့ ရတယ်။ Mono Visual Basic Compiler ကို သုံးပြီးတော့ပါ။ အဲ့ဒီ Mono VB Complier Version 1.2.3 ကို Visual Basic 8.0 နဲ့  ရေးထားတာလို့ လည်း အဲ့ဒီ ပိုစ့်မှာ ဖေါ်ပြထားပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်ကို ဒီမှာ Linux breakthrough for Visual Basic developers ဖတ်ကြည့်ကြပါ။

ကျွန်မတော့ အဲ့ဒီ ပိုစ့်ကိုဖတ်ရင်း တွေ့ ရတဲ့ Mono Porject ဆိုတာလေးကို သိချင်သွားလို့  Google လိုက်တော့ Mono Project ရဲ့ www.mono-project.com ကို ရှာတွေ့ ပါတယ်။ အဲ့ဒီမှာ Mono Project အကြောင်းကို ဒီလို ရှင်းထားတယ်လေ....

What is Mono?
Mono provides the necessary software to develop and run .NET client and server applications on Linux, Solaris, Mac OS X, Windows, and Unix. Sponsored by Novell (http://www.novell.com), the Mono open source project has an active and enthusiastic contributing community and is positioned to become the leading choice for development of Linux applications.

ကျွန်မ ဒီနေ့ တစ်နေ့ လုံး အလုပ်ရှုပ်နေတာနဲ့  အဲ့ဒီ Mono Project Website ကို အသေးစိတ် မဖတ်နိုင်သေး ပါဘူး။ ဒါပေမယ့် ကျွန်မ သူငယ်ချင်းအများစုက .Net သမားတွေ များတာမို့  သူတို့ အတွက် အသုံးဝင်မယ် ထင်တာနဲ့  သူတို့  အားလုံးကို သိစေချင်လို့  ကျွန်မဘလောခ့်မှာ ပိုစ့်တင်လိုက်တာပါ။ တစ်ယောက်ချင်းကိုလည်း ဒီအကြောင်း လိုက်ပြော မနေအားလို့ ပါ။

2 comments:

MYO HAN HTUN said...

ဗဟုသုတနဲ့ အသိပညာရတဲ့အတွက် ကျေးဇူးတင်ပါတယ် ..

Myo Kyaw Htun said...

မနေရဲ့ ကမ္ဘာသေးလေးက ပို့စ်တွေက ကျွန်တော့်အတွက်တော့ ဗဟုသုတ အများကြီးရစရာ ကမ္ဘာကြီးပါပဲ။ ဒီပို့စ်တွေအတွက်လည်း ကျေးဇူးပါပဲ မနေ။ ဆက်၍လည်း ဒီလိုရေးနိုင်ပါစေဗျာ။