Pages

November 23, 2006

22 November 2006

ကျွန်မ ရန်ကုန်က ထွက်လာတဲ့ နှစ်ကလွဲရင် မွေးနေ့ ဆို မနက်စောစော ဘုရားရှစ်ခိုး၊ အိမ်ကိုဖုန်းခေါ်၊ ပြီးရင် ကျောင်းသွား၊အလုပ်သွား၊ ညနေ အချိန်ရမယ်ဆို အရင်းနှီးဆုံး သူငယ်ချင်း ၂ ယောက်၊ ၃ ယောက်နဲ့  မုန့်  သွားစားတာကလွဲရင် တခြား ဘာမှ လုပ်လေ့မရှိခဲ့ဘူး။ မုန့် သွားစားတာကလည်း အားလုံးက အလုပ် လုပ်နေကြတာဆိုတော့ မွေးနေ့ ရက်မှာ သပ်သပ်သွား မစားဖြစ်ပဲ အားတဲ့ နေ့ မှသာ သွားစားဖြစ်တာများပါတယ်။ ဒီနေ့ တော့ ကျွန်မရဲ့ ဘလောခ့်တွေနဲ့ နေးတစ်ဖိုရမ် ကတဆင့်ရင်းနှီးတဲ့ သူငယ်ချင်းတွေရယ်၊ ကျွန်မ အရင်ထဲက ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ နဲ့  ညစာ သွားစားဖြစ်ခဲ့တယ်။ တကယ်ကို ပျော်စရာကောင်းတဲ့ အမှတ်တရ ပွဲလေးတစ်ခုပါပဲ။

ဒီမှာတော့ အမှတ်တရ ရိုက်ထားတဲ့ ပုံတစ်ချို့ .. ဓာတ်ပုံရိုက်ထားတာတွေက အများကြီးပါ။ ဒါပေမယ့် အစားအစာပုံပဲ တင်လိုက်တော့မယ်။ သတိတရ camera ယူလာပြီး စောစော ၀အောင်စားပြီး သူများတွေ မစားခင်၊ စားနေချိန်မှာ နဲ့  စားပြီးချိန်တွေမှာပါ ဓာတ်ပုံတွေလိုက်ရိုက်ပေးခဲ့တဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

ဒါက သူတို့ ပေးတဲ့ မွေးနေ့ လက်ဆောင်..
ဒါကမွေးနေ့ cake. မီးဖိုနားထားမိလို့  အဲ့လို ဖြစ်သွားတာ၊ ဒါပေမယ့် စားလို့ ကတော့ ကောင်မှကောင်း.. မီး မမှုတ်ခင်က ဓာတ်ပုံရိုက်ဖို့ သတိမရကြဘူး၊ cake လှီးတော့မယ်ဆိုမှ ကို TZA က သတိတရနဲ့  သူများတွေကို ပြချင်ရင် ပြနိုင်အောင်ဆိုပြီး ဓာတ်ပုံလေး ရိုက်ပေးခဲ့တာပါ။ cake ၀ယ်ပြီး၊ သယ်လာပေးတဲ့ မမေနဲ့  ဓာတ်ပုံရိုက်ပေးတဲ့ ကို TZA ကျေးဇူးတင်ပါတယ်..
တကယ့် original cake ပုံစံက ဒီလိုလေးပါ ရှင့်... cake ကြီးကလည်း မလှဘူး ထင်မှာဆိုးလို့  နဂိုပုံလေးပါ ပြထားလိုက်တာပါ
ဒီမှာကတော့ မစားခင် ရိုက်ထားတဲ့ ပုံလေးတွေ..

နောက်ပြီး နောက် ကမ္ဘာကျော်ဖြစ်လာမယ့် လူသား ၁၀ ယောက် ရဲ့ အမှတ်တရ လက်မှတ်ထိုးထားတဲ့ ဆုတောင်း ကတ်ကလေး.. လက်မှတ်တွေနဲ့  သူတို့ ဆုတောင်းတွေ scan လုပ်ထားတာတော့ရှိပါတယ်။ ဒါပေမယ့် ဒီလက်မှတ်တွေကို သူများတွေ ရကုန်မှာဆိုးလို့  Blog မှာတော့ ပိုစ့်မလုပ်တော့ပါဘူး။Thanks to All
ဒီမှာက ကောင်မလေး ကိုယ်တိုင်လုပ်ထားတဲ့ ချစ်ဖို့ ကောင်းတဲ့ မွေးနေ့  ကတ်ကလေး
Thanks Kaung Ma Lay
ကျွန်မရဲ့ မွေးနေ့ ကို အမှတ်တရ ဖြစ်စေ၊ ပျော်ရွှင်စေခဲ့တဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။

3 comments:

sisain said...

Happy Belated Birthday..maNay.. :P

Anonymous said...

့happy belated birthday ma nay nay naing!

i always wish u b happy and healthy!

this year birthday did u celebrate something special with ur friends?

r u ok at everything?

take care n b happy!
longing for ur new posts..

Nay Nay Naing said...

မွေးနေ့  ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။
ပုံမှန် နေ့ တွေလိုပါပဲ။ မွေးနေ့ ဆိုပြီး ဘာမှ ထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး။
၂၀၀၆ တစ်နှစ်ပဲ နေးတစ်ဖိုရမ်က လူတွေ စုံဖြစ်အောင်သာ စီစဉ်ဖြစ်ခဲ့တာ။
ရန်ကုန်မှာတော့ အိမ်က အလှူအတန်းတချို့ လုပ်ဖြစ်မယ်ပြောတယ်။
အင်း.. ဒီနှစ် ထူးတာဆိုလို့  ရှမ်းရိုးရာ နှစ်ကူးပွဲ ရောက်သွားတယ်။ ဒါလည်း တိုင်ဆိုင်မှု့ တစ်ခုပါပဲ။
အခုရက်ပိုင်း ကျွန်မ ဘာမှ လုပ်ချင်စိတ်မရှိလို့  ငြိမ်နေတာ။ အသက်ကြီးသွားလို့  ပိုငြိမ်သွားတာလည်း ဖြစ်နိုင်တယ် :D
နောက်ရက်တွေတော့ ဒီနေရာမှာ နည်းနည်း ပြန်ရေးဖြစ်မယ် ထင်ပါတယ်။