Pages

November 08, 2006

Free Drawing Online Tools

ကျွန်မ ရဲ့ သူငယ်ချင်းတယောက် ဟိုရက်ပိုင်းက သူ thesis အတွက် visio ကို သုံးပြီး ပုံတွေဆွဲနေရတယ်ဆိုတာ ကြားပြီးထဲက Drawing Tools တွေ အကြာင်း တွေးနေမိခဲ့တာပါ။ ရှေ့ က online file convector ပိုစ့်ကိုရေးရင်နဲ့  online drawing tools တွေ လည်းရှိမှာပဲလို့ တွေးမိလို့ လိုက်ရှာကြည့်တော့
1. CumulateLabs
2. Gliffy
ကို တွေ့ တယ်။ တစ်ခြား ကျွန်မ မတွေ့ သေးတဲ့ Free Drawing Online Tools တွေလည်း ရှိချင်ရှိမှာပါ။ သိသူများ မျှဝေ စေချင်ပါတယ်။ ခုတော့ ကျွန်မတွေ့ လိုက်တာလေးတွေအကြောင်း ဖတ်မိ၊ စမ်းမိသလောက် ရေးထားလိုက်ဦးမယ်။

CumulateLabs - Click here to Watch the CumulateLabs video at YouTube
  • user account တွေဘာတွေနဲ့  login လုပ်စရာမလိုပါဘူး။
  • draw ဆိုတာကို click လုပ်လိုက်ရုံနဲ့  ပုံစဆွဲလို့ ရပါပြီ။
  • သူ့ မှာ two types of diagrams (basic shape နဲ့  flow chart) ဆိုပြီး ပုံစံ နှစ်မျိုး ရွေးလို့ ရပါတယ်။
  • ကိုယ်ဆွဲချင်တဲ့ shape (ပုံမှာ) click လုပ်၊ ပြီးရင် drawing window မှာ သွားပြီး click လုပ် ပြီး၊ ကိုယ်လိုချင်တဲ့ size ရအောင် drag လုပ်လိုက်ရုံပါပဲ။
  • ဆွဲပြီးသား ပုံတွေကို save ဆိုတာကို click လုပ်လိုက်ရင် JPEG, PNG, SVG, PDF (alpha) and MMD/FMD ပုံစံတွေနဲ့  user တွေရဲ့ ကွန်ပြူတာမှာ သိမ်းလို့ ရ နေတယ်။
  • သူရဲ့ site မှာတော့ သိမ်းလို့ မရသေးပါဘူး။
  • ကိုယ့် ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ files တွေကို ပြန်ဖွင့်ပြီး edit လုပ်လို့  ရပါတယ်။ ခုလက်ရှိတော့ MMD/FMD format နဲ့  သိမ်းထားတာတွေကိုပဲ ပြန် edit လုပ်လို့ ရပါသေးတယ်။
  • MMD files can only be opened and modified in IE လို့ ရေးထားတာတွေ့ ပေမယ့် ကျွန်မ Firefox သုံးပြီး စမ်းကြည့်တာတော့ အဆင်ပြေနေတယ်။
  • Opensource ဖြစ်လို့  source ကို ဒေါင်းလုတ်လုပ်လို့ ရပါတယ်။ Click here to Download Source Code


အပေါ်က အချက်တွေက ခုလက်ရှိရနေတဲ့ feature တွေပါ။ ကျွန်မ အထင်တော့ CumulateLabs က opensource ဆိုတော့ ခုချိန်မှာ လုပ်နိုင်တာတွေ သိပ်မများသေးပေမယ့် နောက်ပိုင်း ဒီထက်အများကြီး ပိုကောင်းလာဖို့  အလားအလာရှိနေပါတယ်။

Gliffy - Click here to Watch the Gliffy video demo
  • flash ကိုသုံးထားတဲ့ online drawing tools ပါ။
  • သုံးမယ်ဆို user account နဲ့  login လုပ်ပြီးမှ သာ သုံးလို့ ရပါတယ်။
  • free user account create လုပ်လို့ ရပါတယ်။
  • သူ့ မှာ six types of diagrams (Flow Chart, UML, Network , User Interface, Floor Plan နဲ့  Basic Shapes) ဆိုပြီး ပုံစံ ခြောက်မျိုး ရွေးလို့ ရပါတယ်။
  • ဒီမှာက ဆွဲပြီးပုံတွေကို save လုပ်ထားလို ရပါတယ် ။ gliffy မှာက save လုပ်ထားတဲ့ file တွေကို သူရဲ့ server မှာ သိမ်းထားတာပါ။ ကိုယ့် computer မှာ သိမ်ချင်တယ်ဆိုရင် သူ့ စီမှာ Export လုပ်တဲ့ feature ပါပါတယ်။
  • Export as SVG, Export as JPEG နဲ့  Export as PNG ဆိုပြီး type သုံးမျိုးနဲ့  သိမ်းလို့ ရပါတယ်။
  • Edit လုပ်တာကတော့ သူရဲ့ server မှာ သိမ်းထားတဲ့ file တွေကိုပဲ edit ပြန်လုပ်လို့ ရပြီး export လုပ်ထားတာတွေကိုတော့ ပြန် edit လုပ်လို့ မရတော့ပါဘူး။
  • Gliffy မှာ ထူးခြားတဲ့ feature ကတော့ ကိုယ့်ဆွဲထားတဲ့ ပုံတွေကို သူများနဲ့  share လုပ်နိုင်တာပါပဲ။
  • Share မှာ type နှစ်မျိုးနဲ့  share လုပ်နိုင်ပါတယ်။
  • ၁။ Collaborate - ကို share ပေးချင်တဲ့ သူရဲ့ email address ကိုထည့်ပေးလိုက်ရုံနဲ့  တစ်ဖက်လူက ကိုယ့်ပုံကို ကြည့်ရုံမကဘူး edit ပါလုပ်နိုင်သွားပါတယ်။
  • ၂။ Publish to internet - ကိုယ်ဆွဲထားတဲ့ ပုံကို wiki, blog နဲ့  တစ်ခြား website တွေမှာ ပြလို့  ရအောင် အတွက် ပါတယ်။

CumulateLabs နဲ့  ယှဉ်ရင် Gliffy မှာလုပ်လို့ ရတယ် feature တွေပိုများပြီး ပိုကောင်းနေပါတယ်။ Galiffy က ခုချိန်မှာ free ဖြစ်ပေမယ့် နောက်ပိုင်းကြရင်တော့
Free user with limited feature နဲ့ 
Business User with premium features လို့ ခွဲမယ်လို့  ပြောထားတာကို Dliffy pricing plans မှာ ပြောထားတာကို ဖတ်ရပါတယ်။

Source : Digg , Dliffy , CumulateLabs

2 comments:

Anonymous said...

ကျေးဇူးပဲ..

Nay Nay Naing said...

မမွန် သတိတရ.. လာလည်တာ ကျေးဇူးပါပဲ..