Pages

November 28, 2006

ဆုတောင်း

စပါးရွှေဝါ ၀င်းပါစေ
ပန်းတွေသင်းပါစေ။
ငှက်ကလေးတွေ မိုးတိမ်ကြား
ပျံနိုင်ကျစေသား။
နေရောင်ချည်လည်း ဖွေးပါစေ
လေပြည်အေးပါစေ။
ချစ်မိတ်ဆွေ ပေါင်းဖေါ်များ
ကျန်းမာကြစေသား။

ကျွန်မတို့  သူငယ်တန်းမှာ သင်ရတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ကျွန်မ ကလေးကဗျားလေးတွေကို စိတ်ဝင်စားပြီး၊ ငယ်ငယ်က သင်ခဲ့ ကြားခဲ့ရတဲ့ ကဗျာတော်တော်များများကို မှတ်မိနေသေးတယ်။ ဒီနေ့ လည်း နေးတစ်ဖိုရမ်မှာ ငယ်ငယ်က သင်ကြားခဲ့ရတဲ့ မှတ်မိသလောက် ကဗျာလေးတွေထဲကို ပြန်ရေးနေရင်း ဒါလေးရဲ့ အဓိပါယ်လေးကို သဘောကျသွားမိတယ်။ အားလုံး ကျန်မာ ပျော်ရွှင် ကြပါစေ။

No comments: