အလုပ်များတဲ့ နေ့ တစ်နေ့ .. 12 November 2007
အလုပ်ရောက်တာနဲ့  UAT ၀င်မရဘူး ဆိုတဲ့ ဖုန်းဝင်လာတယ်။ ဆက်တိုက်ပဲ Production ကို Login လုပ်မရဘူးဆိုပြီး အကြောင်းကြားတဲ့ အီးမေးတွေ ဖုန်းတွေ ၀င်လာတယ်။ Mobile Application တွေမှာလည်း Software Update လုပ်မရဘူး၊ ဟိုဟာလုပ်မရ ဒီဟာလုပ်မရပါဆိုတဲ့ ဖုန်းတွေ ၀င်လာပြန်တယ်။ အလုပ်က ကျွန်မရဲ့ စီနီယာတွေမှာ တစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေ အားလုံး မလေးရှား ရောက်နေတယ် ဆိုတော့ Application သာ ပြဿနာတတ်ပြီဆို တာဝန်ယူရှင်းရတော့မယ် ဆိုပြီး ခေါင်းပူသွားတယ်။ အနောက်မှာ ထိုင်နေတဲ့ တခြား Application ကို တာဝန်ယူထားသူစီလည်း ဖုန်းတွေ ၀င်လာလို့  ဖြေနေသံတွေ ကြားလိုက်ရတော့ ကိုယ့် Application တစ်ခုထဲ ပြဿနာတတ်နေတာ မဟုတ်ဘူး သိလိုက်ရတယ်။ တော်ပါသေးတယ်။ ဒါနဲ့  ဘာကြောင့်လည်း ဆိုတာ ဖုန်းဆက်မေးလိုက်တော့ Network ပြဿနာတတ်တာတဲ့။ သူတို့  ပြဿနာဆို ကိစ္စမရှိတော့ဘူး။ ကိုယ့်ပြဿနာမဖြစ်ဖို့ အရေးကြီးတယ်လေ။ ခဏနေတော့ Internal Backend Network Services မှာ ပြဿနာတတ်နေတဲ့ အတွက် Application အတော်များများ သုံးလို့  မရဖြစ်နေပါလိမ့်မယ် ဆိုတဲ့ Staff အားလုံးနဲ့  HelpDesk Centers တွေအားလုံးစီကို အကြောင်းကြားတဲ့ အီးမေးဝင်လာတယ်။ လာသမျှ ဖုန်းတွေကို Network Problem ဖြစ်နေလို့  ဆိုတဲ့အကြောင်း ရှင်းပြနေရတယ်။ HelpDesk Centers ကလူတချို့ က အီးမေးမကြည့်ဘူး ထင်ပါတယ်။ နေ့ လယ်လောက်မှ Services တစ်ချို့ ပြန်ပြီး အလုပ်လုပ်ပေမယ့် တချို့ ဟာတွေ အလုပ်မလုပ်သေးတော့ ဖုန်းတွေ၊ အီးမေးတွေက ၀င်နေတုန်း၊ ပြန်ရှင်းနေရတုန်းပေါ့။ ညနေ ၅း၀၀ လောက်ကြတော့ အားလုံး အဆင်ပြေသွားပြီဆိုတဲ့ အီးမေးဝင်လာတယ်။ တစ်နေကုန်နီးပါး ဆိုတော့ အဲ့ဒီက တာဝန်ရှိသူတွေ အထက်ပိုင်းကလူတွေကို ရှင်းလင်းချက်တွေ အတော်လေးပေးရမယ် ထင်တယ်။
အဲ့ဒီ ပြဿနာက တစ်ဖက်၊ နောက်ပြဿနာ တစ်ခုက တစ်ဖက်မှာ တက်လာတယ်။ ဒီညနေမှာ ဘာဏ်တစ်ခုအတွက် Application တစ်ခုရဲ့ release လုပ်ပေးစရာရှိတယ်။ ဟိုကလာသမျှ ဖုန်းတွေကို ရှင်းနေတုန်း ဒီဘက်က Business Analysis(BA) က သူရဲ့ UAT Offline မှာ Testing လုပ်နေတာ အမှားတစ်ခုတွေ့ တယ်။ Ciritical Problem တဲ့၊ ဒါကြီးနဲ့  Prodcution လွှတ်လို့ မရဘူးတဲ့။ ကြည့်ပေးလို့  လာပြောတယ်။ ကိုယ်က Deployment ပဲလုပ်တာ၊ အဲ့ဒီ code ရေးတဲ့သူအားလုံး မလေးရှား ရောက်နေတယ်။ အခုအမှားကို ပြင်နိုင်အုံးတောင်မှ SIT နဲ့  UAT မှာ Server တွေမှာ အရင် စမ်းရမယ်။ ဟိုမှာ SIT နဲ့  UAT Server တွေအားလုံးက Down နေတယ်။ BA က ဆက်ပြောတယ် အဲ့ဒီ ပြဿနာက နိုဝင်ဘာ ၆ ရက်နေ့ က Testing လုပ်ထားတဲ့ record ရှိတယ်။ အဲ့ဒီတုန်းက မှန်တယ်၊ အခုမှ မှားနေတာဆိုတော့ Software ရဲ့ Deployment History ကို ပြန်ကြည့်ရတော့မယ်။ သူ User တွေကို ဘယ်လို့ ရှင်းရမလဲ၊ ကူညီပါတဲ့။ သူကလည်း သူ့ အထက် စီနီယာ ခွင့်သွားလို့  အဲ့ဒီ application ကို တာဝန်ယူထားတာ။ နောက်ဆုံး ရွေးချယ်စရာ လမ်းမရှိတော့ ၆ ရက်နေ့ နောက်ပိုင်း Deployment လုပ်ထားသမျှ တစ်ခုချင်းစီကို CVS ထဲက version တွေကို reverse ပြန်လုပ်ပြီး စမ်းကြည့်ရတယ်။ Server/ Database တွေက down နေတော့ သာမန်လို မလွယ်ကူဘူးပေါ့။ နောက်ဆုံး အရင်က မှန်နေပါတယ်ဆိုတဲ့ version အထိ reverse လုပ်ပြီး တဲ့ အချိန်မှာ ညနေ ၄ နာရီထိုးနေပြီ။ ဒါပေမယ့် အမှားက ရှိနေတုန်းပဲ။ ဒီနေ့ တော့ Production release မလုပ်နိုင်တာသေချာသွားပြီလေ။ အီးမေးတွေပို့  ၊ ဖုန်းတွေဆက်ပြီး deployment လုပ်မယ့် အစီအစဉ်တွေကို ဖျက်ရတော့တာပေါ့။ ကိုယ့်ဘက်က အမှားဆိုတော့ ချိုချိုသာသာလေးနဲ့  အဆင်ပြေပြေလေးဖြစ်အောင် ပြောဆိုရတယ်။ မလွယ်ပါလားနော်။
ဘာမှားလည်းဆိုတာ ဒီနေ့ ရှာနိုင်မှ ဖြစ်မှာ။ မလေးရှားကို လိုက်မသွားပဲ ကျန်နေတဲ့ စီနီယာတစ်ယောက်က Coding တွေကို လာကူ ကြည့်ပေးတယ်။ သူက structure အကုန်သိနေတော့ တော်ပါသေးတယ်။ နောက်ဆုံး coding မှားတာ မဟုတ်ဘူးလို့  အဲ့ဒီလူကလည်း ပြောတယ်။ နောက်ဆုံး တနည်းအနေနဲ့  Procution Server ထဲမှာရှိနေတဲ့ ဒီရက်ပိုင်း ချိန်းလိုက်တဲ့ configuration files တွေနဲ့  properties files တွေ ဒေါင်းလုတ်လုပ်ယူပြီး UAT နဲ့  SIT က files တွေနဲ့  နှိုင်းယှဉ်ကြည့်မှ propertie file တစ်ခုမှာ လွဲနေတဲ့အချက်တွေ တွေ့ ရတယ်။ CVS ထဲမှာ အဲ့ဒီ version ရှိမနေဘူး။ ဘာကြောင့်လည်းဆိုတာ မေးဖို့ လဲ လူမရှိ၊ ကိုယ့်ဟာကိုပဲ ပြင်လိုက်ပြီး Testing လုပ်ကြည့်လိုက်တော့ အဆင်ပြေသွားတယ်။ ညနေ ၆ နာရီက ထိုးတော့မယ်၊ BA ကလည်း ဒီနေ့ UAT အရောက်ပို့ ပေးပါလို့  တဂျီဂျီ လာပြောနေတယ်။ SIT က ကိုယ်တာဝန်ယူတာဆိုတော့ ဘယ်အချိန် လုပ်လုပ်ရတယ်။ UAT က တခြား Department က Deployment လုပ်ပေးမှ ရတာဆိုတော့ ဖုန်းတစ်ချက် ဆက်ပြီး လုပ်ပေးနိုင်မလားလို့  မျက်နှာချိုသွေး ချိုချိုသာသာလေး မေးရတယ်။ အခုပို့ ပေးမယ်ဆို လုပ်ပေးနိုင်ပါတယ်တဲ့။ စိတ်ကောင်းဝင်နေပုံပဲ။ မောင်မင်းကြီးသား ကျန်းမာပါစေ ဆုတောင်း၊ အမြန် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး package တွေ ပို့ ပေးလိုက်တော့ ချက်ချင်း deploy လုပ်ပေးပါတယ်။ အဲ့ဒီလူက ပြောသေးတယ်၊ သူမပြန်သေးပဲ စောင့်နေမယ်တဲ့။ Testing လုပ်ပါ၊ နောက်ထပ် ပြင်ဆင်စရာရှိရင် ထပ်ပို့ နိုင်ပါတယ်တဲ့။ တစ်နေ့ လုံး ကံဆိုးနေသမျှ ညနေပိုင်းလေးမှ ကံဇာတာတက်လာတာ ထင်ပါတယ်။ BA ၀င်ပြီး Testing လုပ်ရင် ကြာနေမှာ စိုးတာနဲ့  ကိုယ့်ဘာသာကိုယ် Testing လုပ်ကြည့်တော့ အဆင်ပြေနေတာနဲ့  ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်း ပြောရတယ်။ ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်သွားတယ်။ အင်း ၇ နာရီ ကျော်ပြီဆိုတော့ သူတို့ လည်း ပြန်ချင်နေမှာပေါ့။ ကိုယ်ကတော့ မပြန်နိုင်သေးဘူး။ အီးမေး ၂၀ လောက် မဖတ်ရသေးတာ ရှိနေတယ်။ အီးမေးတွေ အမြန်ဖတ်ပြီး ချက်ချင်းရှင်ပေးနိုင်တာတွေကို ရှင်း၊ reply လုပ်စရာရှိတာတွေဆို reply လုပ်ရတယ်။ အဲ့ဒီ အီးမေးတွေ ပြန်ဖို့  လူ ၄ ယောက်မှာ တာဝန်ရှိပေမယ့် ဒီနေ့ ကျွန်မ တစ်ယောက်ပဲ ရှိတဲ့အချိန်မှာ အီးမေး တစ်စောင်မှ မပြန်ပဲနေလိုက်ရင် မကောင်းဘူးလေ။ အိမ်ပြန်တဲ့အချိန်က ည ၈ နာရီနီးပါး ရှိနေပါပြီ်။
တစ်နေကုန် စိတ်ပင်ပန်းလာတော့ အိမ်ပြန်ရောက်တဲ့အချိန်မှာ ခေါင်းကိုက်နေပြီ။ ဒီခေါင်းကိုက်တာကလည်း အခုရက်ပိုင်း အဖြစ်များနေတယ်။ ဒီနေ့ တစ်နေ့ လုံး အလုပ်ရှုပ်ပြီး စိတ်ပင်ပန်းနေလို့  ရေသောက်ဖို့ တောင် မေ့နေတယ်။ အချိန်မရဘူးလို့ ပဲ ပြောရမလား။ ဒီနေ့  နေ့ လယ်ဆို သောက်နေကြ ရေနွေးကြမ်းတောင်သွားယူ မသောက်ဖြစ်ဘူး။ ထမင်းစားရင်း စာနည်းနည်းရေး၊ နောက်တော့ ရေအမြန်ချိုးပြီး တခြား ဘာမှမလုပ်နိုင်ပဲ စောစော အိပ်ရာဝင်ဖြစ်သွားပါတယ်။ တကယ့်ကို အလုပ်ရှုပ်တဲ့ နေ့ တစ်နေ့ ပါပဲ။
11 comments:
တနင်္လာကတော့ တစ်ကယ် ရှုပ်တယ်ဗျ ... :)
ခေါင်းကိုက်ရင် မျက်စိစစ်ကြည့်ပါလား။
မျက်စိကိုက်ရင်ရောခေါင်းစစ်ကြည့် ဘို့ လိုသလားဟင်....
အဲ ..မသိဘူးအေ့။ကျုပ်ကတော့ မျက်မှန်သမားမို့ထင်တယ်၊
ခေါင်းကိုက်လို့ မျက်စိသွားစစ်..
မျက်မှန်ပြောင်းလိုက်ရင် ခေါင်းကိုက်တာပျောက်ရော
မမွန် ပြောတာ ဖြစ်နိုင်တယ်၊ မျက်မှန်တတ်လေ့မရှိတော့ သတိမထားမိဘူး။ အားတဲ့တစ်ရက်မှ မျက်မှန်ပါဝါ ဘယ်လောက်ရှိနေလဲ သွားစစ်ကြည့်ပါအုံးမယ်။ မျက်မှန်တတ်ဖို့ လိုရင် တတ်မှ ဖြစ်မယ်။ ကျေးဇူး ပါပဲ မမွန် :)
ကိုသီဟ ခုရက်ပိုင်း အတော်လေးအားနေတယ်နဲ့ တူတယ်။ ဟိုနေရာတွေ့ လိုက်၊ ဒီနေရာ တွေ့ လိုက်နဲ့ ။ :>
အမ်... သေဖော်သေဖက် ညှိနေသလိုပါပဲလား...
သူလုပ်ချင်တာတွေလုပ်ပြီး နေနေ့ ကို အရင်ပြောပြီးလုပ်တာလို့  တရားခံလာရှာတော့မယ်..
ရတယ်.. ကိုသီဟ... ကြိုအသိမပေးလဲ ရတယ်..
တစ်ခုခုဆို တားလို့ ရမှာလည်း မဟုတ်တော့ ... လွတ်လွတ်လပ်လပ် စိတ်ကြိုက်သာရေးပါလေ..
အာ.... ဒီတစ်ယောက် .. ဘာဖြစ်နေတာလဲ...
ထူးတော့ ထူးနေပြီ...
ကိုသီဟလား အိမ်လေးတစ်လုံး လိုချင်နေတာဖြစ်မှာပေါ့။
အိမ်မြန်မြန်ဆောက်ပေးလိုက်ပါလား။
အယ်.. ဘယ်လို ဖြစ်လို့  comment တွေ delete လုပ်သွားတာလဲ။ မရေးချင်ရင် အစတည်းက မရေးပါနဲ့ လား၊ ဘယ်သူမှ အတင်းမရေးခိုင်းပါဘူး။ :>
Post a Comment