Pages

November 30, 2007

Myanmar and IS UNITS

အလုပ်က စင်္ကာပူရီးယမ်း သူငယ်ချင်းတစ်ယောက်က ကမ္ဘာပေါ်မှာ IS UNITS ( International System Units) တရားဝင် မသုံးတဲ့ နိုင်ငံ ၃ နိုင်ငံပဲရရှိတဲ့ အထဲမှာ နင်တို့ မြန်မာနိုင်ငံပါတယ်၊ ဒီမှာကြည့် ဆိုပြီး ကျွန်မစီ ပို့ ပေးတဲ့ ပုံလေးပါ။ သူ မနေ့ က အင်တာနက်ပေါ်မှာ လျှောက်ကြည့်ရင်း Believe It or Not! ဆိုဒ်မှာ တွေ့ လို့  ကျွန်မကို ပြရအောင် သိမ်းထားတာ ဆိုပြီးလည်း ပြောပါသေးတယ်။
မြန်မာနိုင်ငံလိုပဲ IS Units မသုံးတဲ့ တခြား နိုင်ငံနှစ်ခုကတော့ Liberia နဲ့  USA ပါ။ အင်တာနက်ပေါ် နည်းနည်းလိုက်ကြည့် လိုက်တော့ ဒီဆိုဒ်ကို လည်း တွေ့ ရတယ်။

အင်တာနက်ပေါ်မှာ အဲ့ဒီအကြောင်း ရေးထားတာ တချို့ ကိုတွေ့ ရတယ်။ ယူအက်စ်က ဘာကြောင့် မသုံးလည်း ဘာလဲဆိုတာတွေ။ ခေါင်းရှုပ်နေလို့  လိုက်ဖတ်ရတာ စိတ်မရှည်ဖြစ်နေတယ်။ နောက် အချိန်ရ၊ စိတ်ကြည်လင်မှ ထပ်ပြီး လိုက်ရှာဖတ်ကြည့်အုံးတော့မယ်။

Other Links:
Metrication (Wiki) , The Metric System in the United States

No comments: