Pages

July 27, 2007

Visual Studio 2008 , .NET 3.5 reach Beta 2


Beta 2 of Visual Studio 2008 နဲ့  Beta 2 of .NET Framework 3.5 ကို ဒီနေ့ ( Friday - 27-July-2007) စပြီး ဒေါင်းလုတ်လုပ် အသုံးပြုနိုင်ပြီဆိုတဲ့ သတင်း ဖတ်လိုက်ရတော့ အံ့သြသွားတယ်။ ကျွန်မက Microsoft Platform က မဟုတ်တော့ Microsoft ရဲ့ သတင်းတွေကို Up To Date မသိလို့ လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ သိသလောက်တော့ တချို့ နေရာတွေမှာဆို Visual Studio 2005 ကိုတောင် ပြောင်းမသုံးကြသေးဘူး။ Microsoft Platform မှာ အလုပ်လုပ်နေတဲ့ ကျွန်မ သူငယ်ချင်းတချို့ တောင် Visual Studio 2005 ကို မကျွမ်းကျင်သေးတဲ့ သူတွေရှိနေသေးတယ်။ မကျွမ်းဆို သူတို့ အလုပ်တွေမှာ သုံးမှမသုံးတာ။ နည်းပညာတွေ အသစ်ထွက်တာ အရမ်းမြန်တယ်။ ကိုယ့်ကိုကိုယ် နည်းပညာအသစ်တွေကို ကျွမ်းကျင်ဖို့  မပြောနဲ့  Technology သတင်းတွေနဲ့  Up-To-Date ဖြစ်ဖို့ ဆိုတာတောင် အတော်ကြိုးစားနေရတယ်။

ဖတ်ရတဲ့ သတင်းအရတော့ Visual Studio 2008 ကို ဒီနှစ် (2007) အကုန်မှာ ထွက်မယ်လို့ သိရတယ်။ ဒီနေ့  ထွက်မယ့် Beta VS 2008 - Beta 2 မှာ Silverlight Add-in ပါလာပြီတဲ့။ နောက်ပြီး "Go Live" License Option ကိုလည်း VS 2008 Beta 2နဲ့  .NET 3.5 Beta 2 မှာ ဆက်ပြီး ထားမယ်လို့ ပြောထားသေးတယ်။ Go Live License ဆိုတာ ဘာမှန်မသိဘူးဖြစ်သွားတယ် ကျွန်မလို လူတွေသိဖို့ ထင်တယ် ဆက်ပြီးရှင်းပေးထားတယ်။

Microsoft has decided to extend its "Go Live" license option to users of VS 2008 Beta 2 and .NET 3.5 Beta 2. "That means customers can start deploying applications they build in VS on .NET Framework in a production environment, if they accept the Go Live license"

အသေးစိတ်သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်ကြပါ။

2 comments:

Doughnut IO said...

၂၀၀၂ နဲ့တောင် ကောင်းကောင်း ကွန်ပိုင်းမလုပ်တတ်သေးတဲ့ ကျွန်တော့်လိုလူကတော့ အိုင်တီလောကထဲက ထွက်ရတော့မယ်ထင်ပါ့

Nay Nay Naing said...

.net ဆိုဘာမှ တောင်ကောင်းကောင်း မရေးတတ်ပါဘူး။ ဒါပေမယ့် ကိုယ်တတ်တဲ့အပိုင်း ကိုယ်ကျွမ်းကျင်နေရင် ပြီးတာပဲ မဟုတ်လား။