Pages

July 12, 2007

နားထောင်မိသော သီချင်းများ

မနေ့ က ညနေပိုင်း သူ့ ရဲ့ နောက်ဆုံးသတင်းကို ပြောနေသံကြားလိုက်ရတော့ အံ့သြ စိတ်မကောင်းဖြစ်မိတယ်။ ကြားကြားချင်းမှာ လုံးဝ မှန်မယ် မထင်မိတဲ့ သတင်းတစ်ခု ပါပဲ။ တနေနေ့ မှာ ခွဲခွါကြရမယ်မှန်း လူတိုင်းသိနေကြပေမယ့် ဒီလို ရုတ်တရက်ကြီးဆိုတော့ သက်ဆိုင်သူ မိသားစုတွေ အတော်ခံစားရမှာပဲ။ စိတ်မကောင်းပါဘူး။

ကျွန်မရဲ့ အမြဲမဟုတ်တောင် စိတ်ကူးပေါက်တိုင်း နားထောင်လေ့ဖြစ်တဲ့ သီချင်းတွေထဲမှာ ပါဝင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒွေး သီဆိုထားတဲ့ သီချင်း ၃ ပုဒ်ကို ပြန်နားထောင်ကြည့်မိတယ်။ သူသီဆိုထားတဲ့ သီချင်းခွေ နှစ်ခု ကျွန်မမှာ ရှိပေနေမယ့် ဒီသီချင်း ၃ ပုဒ်ကိုပဲ နားထောင်လေ့ရှိခဲ့တယ်။ ဒီနေ့ နားထောင်ဖြစ်တဲ့ အခါမှာ အရင်နားထောင်ခဲ့တုန်းက နဲ့ မတူဘူး၊ အဲ့ဒီ သီချင်းတွေနားထောင်ရင်း စိတ်ထဲမှာ တွေးမိတာ၊ စဉ်းစားနေမိတာတွေ ကတော့ အများကြီးပေါ့။

မင်းလေးကို ချစ်လို့ 
ခဏလောက်ဝေးဝေးနေမယ်
ဖြေစရာမလိုတဲ့ အမေး

ဘ၀တစ်ခု ပြီးဆုံးသွားပြီဆိုတော့ နောင်သံသရာက မလွတ်ခင် ကြုံတွေ့ ရမယ့် ဘ၀တွေတိုင်းမှာ ငြိမ်းချမ်းပါစေလို့ ပဲ ဆုတောင်းပေးမိတယ်။

Update :
မူပိုင်ရှင်မကြီး မမခိုင် ( ဘ၀သခင်)
မူပိုင်ရှင်မကြီး မမခိုင်-v1 (မောင့်မူပိုင်ရှင်)

မောင့်မူပိုင်ရှင်အခွေကို အပင်ပန်းခံပြန်တင်ပေးတဲ့ ရည်မွန် နဲ့  ပထမဆုံး မျှဝေသူ နေးတစ်ဖိုရမ်မှာ ကိုဟိုးမာကို ကျေးဇူးတင်ပါတယ်။

6 comments:

Thiha Kyaw Zaw said...

Tekong and I are very sad for Dwe. So, we gonna get drunk this weekend for Dwe. :D

MYO HAN HTUN said...

မာမူ့ပိုင်ရှင် .. အဲယောင်လို့ .. မောင့်မူပိုင်ရှင်ထဲက “မူပိုင်ရှင်မကြီး မမခိုင်” ဆိုတဲ့သီချင်းလေးများရှိရင် ငါ့ညီမ နေနေနိုင်ရေ .. မျှပေးပါ ..

အစဉ်လေးစားလျှက်

ကိုတိုး

Nay Nay Naing said...

THKZ >> ဘာမှလဲ မဆိုင်ဘူး။ တမင် အကြောင်းရှာနေသလား မှတ်ရတယ်။ :>

Ko Toe > မောင့် မူပိုင်ရှင် အခွေမရှိဘူး ဖြစ်နေတယ်။ ဒါပေမယ့် ဘ၀သခင် အခွေရှိနေလို့  အဲ့ဒီ ထဲမှာပါတဲ့ “မူပိုင်ရှင်မကြီး မမခိုင်” ကို မျှလိုက်ပါတယ်။ ဒါပေမယ့် မောင့်မူပိုင်ရှင် အခွေက ဗားရှင်းက ပိုကောင်းသလိုပဲ။ အဲ့ဒီအခွေ သူငယ်ချင်းတွေစီ လိုက် တောင်းထားတယ်။ တွေ့ ရင် ထပ်တင်ပေးပါမယ်။

MYO HAN HTUN said...

“မူပိုင်ရှင်မကြီး မမခိုင်” သီချင်းတွေကို တကူးတကရှာတင်ပေးတဲ့ နေနေနိုင်နဲ့ နေနေနိုင့်သူငယ်ချင်း ရည်မွန် နဲ့ ကိုဟိုးမားကို ပါ ကျေးဇူးအထူးတင်ပါတယ်။

အစဉ်လေးစားလျှက်

ကိုတိုး

Steven Alexander said...

ကျွန်တော်ဆိုနေကြသီချင်းလေး၊ လိုချင်နေတဲ့သီချင်းလေးအတွက် ကျေးဇူး

Nay Nay Naing said...

လိုချင်တဲ့ သီချင်းတွေ ရသွာတယ်သိရလို ၀မ်းသာပါတယ်။ :)..