Pages

July 25, 2007

ကြေးအိုး

ရွှေတောင်တန်းက ကြေးအိုး။


ပုံကြီး ကြည့်ချင်တယ်ဆို ဓာတ်ပုံတွေပေါ် Click လုပ်ပြီး ကြည့်ပါ။
ကျွန်မ အကြိုက်ဆုံးအစားအစာတွေထဲမှာ ကြေးအိုးလည်းပါတယ်။ ကြေးအိုး၊ ရခိုင်မုန့် တီ (အာပူရှာပူ)၊ ကြာဇံဟင်းခါးလို (အစာပလာ အရမ်းများတဲ့ ကြာဇံချက်ကိုတော့ သိပ်မကြိုက်ဘူး) ပူပူလောက်လောင်နဲ့  စားတဲ့အခါ ပါးစပ်ထဲမှာ ရှုပ်မနေတ်တဲ့ ဟင်းရည်ပူတွေကို ကြိုက်ပါတယ်။ ကျွန်မ ကြိုက်တဲ့ အစားအစာကလည်း အတော်ရှားတယ် ဆိုတော့ ကြိုက်တတ်တာတွေကိုဆို အိမ်က အမြဲချက်ပေး၊ ၀ယ်ကျွေးလေ့ရှိတယ်။ ခုလည်း ဗိုက်ဆာလာတာနဲ့  ကြေးအိုး သောက်ချင်စိတ်ပေါက်လို့  အရင်တစ်ခေါက် ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ အစားအသောက်ပုံတွေ ရှာပြီး တင်လိုက်တာပါ။

ပြီးခဲ့တဲ့ တစ်ခေါက် ရန်ကုန် ပြန်တုန်းက တစ်ရက်ခြား တစ်ခါလောက် ညနေပိုင်းတွေမှာ ကြေးအိုး စားဖြစ်ခဲ့တယ်။ ဆေးခန်းသွားတဲ့ နေ့ တိုင်း စားဖြစ်တာလို့  ပြောလို့ ရမယ်။ သွားရတဲ့ ဆေးခန်းက ရွှေတောင်တန်းမှာမို့  အဲ့ဒီအနီးတ၀ိုက်က ကြေးအိုးဆိုင်တွေမှာ ၀ယ်စားဖြစ်တယ်။ ကြက်ငှက်တုတ်ကွေးကြောင့် ကြက်သားစားမရလို့  ၀က်သားနဲ့ ကြီးပဲ စားဖြစ်ခဲ့တယ်။ ခုတင်ထားတဲ့  ဓာတ်ပုံက ရွှေတောင်တန်း ကြေးအိုးဆိုင်မှာ ရိုက်ထားတာ။ မှတ်မိသေးတယ်။ ပုံမှန် ဆေးခန်းသွားရင် မေမေနဲ့  ဖေဖေပဲ လိုက်လေ့ရှိပေမယ့် အဲ့ဒီ ဓာတ်ပုံရိုက်ဖြစ်တဲ့ အခေါက်က ညီမလေးလဲ ပါတယ်။ ဆေးခန်းမသွားခင်မှာ ကျွန်မကို မေမေက ညနေစာ ထမင်းကြိုပြီး ကျွေးတားတာဆိုတော့ ကျွန်မက ဗိုက်သိပ်မဆာတတ်ဘူး။ ညီမလေးကတော့ ဆေးရုံက အပြန်ဆိုတော့ အရမ်းဗိုက်ဆာနေတဲ့  အချိန်ပေါ့။ သူအတွက်မှာထားတဲ့ ကြေးအိုးပန်ကန် လာချချိန်မှာ သူစားမယ် ပြင်နေတုန်း၊ ခန နေဦး ဓာတ်ပုံရိုက်ဦးမယ်ဆိုပြီး အတင်းယူရိုက်ထားတာ။ သူ့ ကို နောက်ချင်တာလဲ ပါတယ်၊ တခါတလေမှ ပြန်လာတဲ့သူဆိုပြီး မေမေနဲ့  ဖေဖေက အလိုလိုက်ထားချိန်မို့  ညီမကို အနိုင်ကျင့်ချင်တာလဲပါ ပါတယ်။ အဲ့ဒီ ကြေးအိုးပန်းကန်ကို ရိုက်ထားတဲ့ပုံတွေ အများကြီး ရှိသေးတယ်။ ပုံတွေကို ကြည့်ရင်း ဓာတ်ပုံရိုက်နေတဲ့ အချိန်တုန်းက ကျွန်မရဲ့ ရှေ့ မှာ ဆူပုတ်ပုတ်နဲ့  ထိုင်နေတဲ့  ညီမလေးကို သတိရမိတယ်။

ကြေးအိုးကို ဒီနိုင်ငံမှာလည်း ၀ယ်စားလို့ ရပါတယ်။ ဒါပေမယ့် ရန်ကုန်က အရသာနဲ့  မတူဘူး။ ကိုယ်တိုင်လုပ်စားလို့ လည်း ရတယ်။ ကျွန်မကတော့ မလုပ်တတ်ပါဘူး။ ကျွန်မသူငယ်ချင်းတချို့ တော့ တတ်တယ်ပြောတာပါ။ သင်ပေးမယ် ပြောပေမယ့် တခါမှတော့ သင်ယူတဲ့ အဆင့်ထိ မရောက်သေးဘူး။ ကျွန်မ ဒီမှာ ကြေးအိုး အရမ်းစားချင်လာရင်၊ အရသာမတူလည်း ရှိတာစားရမှာပဲ ဆိုပြီး ကိုယ်တိုင်ချက်စားဖို့  စိတ်မကူးပဲ ရှိတဲ့ မြန်မာဆိုင်မှာပဲ ၀ယ်စားဖြစ်ပါတယ်။

4 comments:

AungKyawThein said...

aku tot ngar ka nint nyi ma's place ko yout nay b...
Monitor shay. mhar suu pote pote nae htin pee Kyay Oo pics twe ko kyi nay ya tal...
Damn it..
U always do like that..

SZA said...

that look so yummy..i wanna eat..so m any meat as well..different the one from inle at pennisula :D

Thiha Kyaw Zaw said...

it looks so delicious

Nay Nay Naing said...

AKT>> ဆူပုတ်ပုတ်ဖြစ်နေမယ့် နင့်ရဲ့ ရုပ်ကို တွေးကြည့်တာ ရီချင်လာတယ်။ :P. ခုတော့ ပုံလေးပဲ ကြည့်ပေါ့ဟာ.. ဒီကိုလာလည်ရင် ဒီက မြန်မာဆိုင်က ကြေးအိုး ၀ယ်ကျွေးပါ့မယ်..

SZA >> အင်းလေးက ကြေးအိုးက စားမကောင်းဘူး။ အသားလည်းမပါဘူး ပြီးတော့ ဈေးက အရမ်းကြီးသေးတယ်။ ခု GST တက်ပြီးနောက် အင်းလေးက အရင်ကထက်တောင် ဈေးကြီးသွားသေးတယ်။ အပေါ်က ဆိုင်တွေမှာ ရောင်းတဲ့ ကြေးအိုးက ပိုစားကောင်းတယ်။

THKZ>> အမြင်တင်မဟုတ်ဘူး။ စားကြည့်ရင်လည်း အရမ်းစားလို့ ကောင်းပါတယ်။ ကြေးအိုး မစားချင်ဘူးလား။