Pages

July 23, 2007

Next version of Windows

ပြီးခဲ့တဲ့ သောကြာနေက Microsoft ကနေပြီး Window OS အသစ်ကို နောက် ၃ နှစ်အကြာ ၂၀၁၀ အတွင်းမှာ ထွက်ရှိမယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ အသစ်ထွက်မယ့် Window OS ရဲ့ Internal Code Name ကို Window 7 လို့  အမည်ပေးထားကြောင်း သိရတယ်။ အရင်တုန်းကတော့ နောက်ထွက်မယ့် Microsoft Window Version ရဲ့ code name ကို "Vienna" ဆိုပြီး သိခဲ့ကြတာပါ။ Window 7 ဟာ "A full OS release" ဖြစ်မယ့်အကြောင်း ပြောထားတယ်။ Window 7 ကို အရင် Vista လိုပဲ Consumer နဲ့  Business Version အနေနဲ့  32-bit နဲ့  64-bit မှာပါ Run လို့ ရအောင် ထုတ်မှာဖြစ်ကြောင်း သိရတယ်။ အရင် Window Vista တုန်းက ၅ နှစ်ကြာအောင် Develope လုပ်ခဲ့ကြပေမယ့် ဒီနောက်ပိုင်းထွက်ရှိမယ့် Window OS တွေမှာတော့ အဲ့ဒီလောက် အချိန်ကြာတော့မှာ မဟုတ်ကြောင်းကိုလည်း ဖတ်လိုက်ရတယ်။
Window 7 နဲ့  ပတ်သက်တဲ့ Screen Shoots တွေများရှိမလားလို့  လိုက်ရှာကြည့်တာ တစ်ခုပဲတွေ့ တယ်။ ဒါကလည်း လွန်ခဲ့တဲ့ June လ က တင်ထားထာဖြစ်ပြီး အဲ့ဒီပုံတွေက အစစ်မဟုတ်ဘူးလို့  တချို့ နေရာတွေမှာ ရေးထားတာကိုလည်း ဖတ်ရပါတယ်။ အဲ့ဒီပုံတွေ မှန်မမှန်တော့ ကျွန်မလည်း မပြောတတ်ဘူး။ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်လို့ ရ ပါတယ်။ ကျွန်မ ဟိုတလောက Window Vista ကို သွင်းပြီး စမ်းသုံးကြည့်ပါတယ်။ ကျွန်မမှာရှိတဲ့ Scanner နဲ့ လည်း အဆင်မပြေ၊ တခြား Software တချို့ လည်း သုံးမရတာနဲ့  ခေါင်းရှုပ်မခံချင်လို့  Window XP ကိုပဲ ပြန်ပြောင်းသုံးလိုက်တယ်။ နောက် ၂ နှစ် ၃ နှစ်လောက်အကြာ Window Vista Stable ဖြစ်လောက်မယ့် အချိန်ကြမှပဲ Vista ကို သုံးတော့မယ် စိတ်ကူးထားတာ၊ အခု အနေအထားအရတော့ Vista ပြောင်း မသုံးတော့ပဲ နောက်ထွက်မယ့် Window 7 ကို စောင့်ပြီး သုံးတာပဲ ပိုများ ကောင်းလေမလားလို့  တွေးနေရပါပြီ။ OpenSource တွေကို ဘယ်လောက်ကြိုက်ကြိုက်၊ Window OS တွေကို ပြစ်ပယ်ဖို့ က မဖြစ်နိုင်သေးဘူး မဟုတ်လား။ အနည်းဆုံး အိမ်က Computer တစ်လုံး လုံးမှာတော့ Window OS သွင်းထားမှ အဆင်ပြေမယ် ထင်မိတယ်။

3 comments:

Su said...

Hi, Nay
(man, it strange to call u that coz that's my fiancee's name)
thank you very much for your blog.
it can really brighten my days.
i also get a lot of songs from u.
really feel like i found a new friend.

thanks again.

@}---

Nay Nay Naing said...

နာမည်ကတော့ နောက်ဆုံး စာလုံးကို ခေါ်လို့ လည်းရပါတယ်။ သူငယ်ချင်းတွေထဲမှာ အဲ့ဒီစာလုံးကို ခေါ်သူတွေရှိပါတယ်။ ဒီရက်ပိုင်း ဒီမှာရေးထားတာတွေ အကုန်ဖတ်နေတယ်နဲ့ တူတယ်။ :) ကျွန်မ ရေးချင်တာတွေ ရေးထားတဲ့ ဒီဘလော့ကို ဖတ်ပြီး သူငယ်ချင်း အသစ်တစ်ယောက်ရသလို လည်း ခံစားရတယ်ဆို တာသိရလို့  ၀မ်းသာပါတယ်။

Su said...

heee
that last word also in his name.
:D
may be thats why i feel like a close friend to u ( just kiddin )
u writing is very relaxed and interesting.
just like Ju.
i also read other ppl's burmese blog.
but urs is the one i regularly( almost 2,3 times a day) visit.
i'm a fan of Ju since her " a way kyeet hman pyaung" is in Shu ma wa magazine.
take care Nay.
oh..btw..i'm a Sagittarius :P