Pages

July 13, 2007

ငါ

ငါ

ငါ့ မှာလည်း ငါ ၊ သူ့ မှာ ငါနှင့်
ငါ့ ငါ သူ့ ငါ ၊ တွေ့ ကြခါဝယ်
ငါ နှင့် ငါ ချင်း ၊ ငါ စစ်ခင်းလျက်
ပူပြင်းလျှံရဲ ငါ ပေါက်ကွဲ၏ ။

ငါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း ၊ ခွင့်ခါ ချောင်းလျက်
ငါကောင်းကို ရှာ ၊ ငါဆိုး ခွာသော်
ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း
ခေါင်းလျှို့ ကိုယ့်ခွေ ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။

အို - ဖွားဖက် ငါ ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း ၊ အားအင် စမ်းအံ့ ။
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့် ။
ငါမူ ငါ့ကို အောင်မည်လော။ ။
ငါ့ကို ငါက အောင်မည်လော။ ။

မင်းသုဝဏ်
မတ်လ၊ ၁၉၈၂။
ရှုမ၀ မဂ္ဂဇင်းမှ

1 comment:

Unknown said...

ငါလည်း အဲဒီငါဆိုတဲ့ ကဗျာကို ငါ့ဘလော့ခ်မှာ တင်မလို့ပဲ၊ ငါလည်း ငါဘာသာငါ ရှုပ်နေတာနဲ့ ငါကွန်ပျူတာထဲ ငါဘယ်နားသိမ်းမိမှန်း မသိတော့ပါဘူးဟာ။ နင်တင်ပေးလိုက်တဲ့ ကျေးဇူးပါ။