Pages

July 19, 2007

Citrus Fruits

ဟိုနေ့ က Orange ဆိုတဲ့ Title နဲ့  အသီးပုံလေးတချို့ ကို သဘောကျမိတာနဲ့  ဘလောမှာ တင်လိုက်မိပါတယ်။ ကျွန်မကတော့ အဲ့ဒီအသီး အကြိုက်ကြီးမဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ အမေနဲ့ ညီမလေး ကတော့ အတော်ကြိုက်ကြ၊ စားကြတယ်ဆိုတော့ သူတို့ ကို သတိရမိလို့  ပုံလေးတွေကိုလည်း နှစ်သက်တာနဲ့  သိမ်းထားလိုက်တဲ့သဘော တင်လိုက်မိတာပါ။ အဲ့ဒီပိုစ့်မှာ သူငယ်ချင်းတွေ ချန်ထားခဲ့တဲ့ Comment တွေကိုကြည့်ပြီးတော့မှ ကိုယ့်သိတဲ့ လိမ္မော်သီးလို့ လွယ်လွယ်ခေါ်ဆိုနေတဲ့ အသီးတွေမှာ အမျိုးအစား ကွဲတွေ အများကြီးရှိနေပါလားဆိုတာကို သတိထားမိလိုက်တယ်။

အင်တာနက်မှာ ရှာဖတ်ကြည့်လို့  ကျွန်မသိလိုက်ရတာ တချို့ ပါ။ Citrus Fruit တော်တော်များများကို Orange လို့ ခေါ်တယ်လို သိရတယ်။ အစေ့ပါတယ်၊ မပါတာ၊ အရွယ်အစား။ အရောင် ၊ ချိုတဲ့ အရသာ၊ ချဉ်တဲ့ အရသာ စတာတွေပေါ်မူတည်ပြီး Orange အမျိုးအစားကွဲတွေ အများကြီးရှိတယ် ဖတ်ရတာနဲ့  ဘယ်လိုတွေလည်းလို့  လိုက်ကြည့်မိပါတယ်။

Clementines: the clementine is a seedless mandarin. [Wiki]

Kumquats: the kumquat is like a citrus fruit and has an edible skin. It is the most well known of the sort fortunella which is closely related to Citrus. [Wiki]

Mandarins: type of small orange with loose skin. The mandarin got its name because it was exploited by high-ranking government officials in China (mandarins). [Wiki]

Minneolas: are a crossing between a tangerine and a grapefruit and can be recognized by "the little nose". Can be peeled manually. Is a type of Tangelo, a minneola is a specifically marketed tangelo.
Oranges: There are different types of oranges: navel oranges, Valencia oranges and blood oranges are the most cultivated races. [Wiki]

ဒီပုံက Cara Cara orange နဲ့  Pink grapefruit ကိုနှိုင်းယှဉ်ပြထားတာပါ။

Orange မှာ Blood Orange ဆိုပြီး ရှိသေးကြောင်းသိလိုက်ရတယ်။ California က Blood Orange ထွက်တယ်သိရတယ်။ Blood Orange မှာလည်း the Tarocco (native to Italy), the Sanguinello (native to Spain), and the Moro ဆိုပြီး အမျိုးအစားကွဲတွေရှိ ကြောင်းသိရပါတယ်။ [Wiki]
Tangelos: a tangelo is a crossing between a tangerine, a grapefruit and an orange. A specific kind of tangelo is the Ugli which is described further on this page. [Wiki]
Satsuma:is a very special seedling from Japan. Its skin is a bit tighter than the clementine and it doesn't have seeds as well. [Wiki]

ဒီအသီကို UK မှာဆို satsuma, Japan မှာဆို mikan, Africa မှာဆို naartjie နဲ့  Canada မှာဆို mandarin or tangerine လို ပြောကြတယ်သိရတယ်။ United States မှာတော့ satsumas ကို tangerines လိုသာ ခေါ်ဆို ရောင်းချတယ်လို့ လည်းသိရပါတယ်။

Tangerines: a tangerine is an orange-red mandarin with a particular citrus taste. Can be peeled manually. [Wiki]

Uglis: a specific kind of tangelo, easier to peel. A crossing between a tangerine, a grapefruit and an orange. Looks really ugli and sometimes has brown spots. Can be peeled manually. [Wiki]


တခြား မျိုးကွဲတွေလည်း ထပ်ရှိနိုင်ပါသေးတယ်။ ဒီထဲက အသီးတော်တော်များများကို တခါမှ မစားဖူးသေးဘူး။ လိမ္မော်သီးလို့ သာ ကျွန်မ သိခဲ့တဲ့ ဒီအသီးအမျိုးကွဲတွေကို အခွင့်အရေးကြုံရင်တော့ ဘယ်လို အရသာတွေရှိလည်းသိရအောင် စားကြည့်ဦးမယ် စိတ်ကူးတယ်။

Other Related Link:
The Fruit Pages
MSN - Encyclopedia (Orange)

No comments: