Pages

July 21, 2007

သက်တံမြစ်

သက်တံမြစ်

ညနေခင်းတစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ
ဟာ...
လှလိုက်တဲ့
သက်တံကြီးတစ်စင်း
စီးဆင်းနေတာ တွေ့ တယ်။

ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့။

ဘ၀ဆိုတာ
သက်တံလိုပါလား..
ရှိတော့ရှိရဲ့
ဒါပေမဲ့
အရှိမဲ့။

ထူးအိမ်သင်

ထူးအိမ်သင်ရေးသားသော ဤကဗျာကို ၂၀၀၆ နိုဝင်ဘာလထုတ် သရဖူ မဂ္ဂဇင်းတွင် ပါသော နိုင်ဇော်ရေးသားသည့် ထူးအိမ်သင်အကြောင်း "အဆုံးအစမဲ့ မိုးသားထဲ သွားရဦးမယ်" ဂီတရုပ်ပုံလွှာ ဆောင်းပါးမှ ကူးယူဖေါ်ပြခြင်း ဖြစ်သည်။

4 comments:

Su said...

Hi Nay,

i admit that my eyes welled up when i read the poem.
its not the most touching or romantic poem, but it was written by Ko Hngat.
he's the epitome of free spirited artist.
his music, his art and his takes on our nation will be missed by all dearly.

@}---

Nay Nay Naing said...

ဟိုနေ့ ညက အိပ်ခါနီးမှာ မဂ္ဂဇင်းဖတ်နေရင်း ဒီကဗျာကို ဖတ်မိပြီး တမျိုးလေးခံစားရလို့  ဒီမှာ မှတ်ထားလိုက်တာ။ ထူးအိမ်သင်ကိုကြိုက်တယ်။ သူရေးတဲ့ ကဗျာတွေထဲကဆို " အသက်သည် အိမ်မက်" ဆိုတဲ့ ကဗျာကို အကြိုက်ဆုံးပါပဲ။

Nwai Hninn said...

Thanks for your sharing! I like this poem. :)

Nay Nay Naing said...

နွေးနှင်း.. >> ဒီကိုလာသွားတာ သိလိုက်ရပြီး ဒီကဗျာလေး ကြိုက်တယ်ဆိုတာပါ ပြောထားခဲ့လို့ ၀မ်းသာပါတယ်။ :)