Pages

July 23, 2007

Happy Birthday to All, LEO!!

အလုပ်အားနေတာနဲ့  သတင်းတွေလိုက်ဖတ်နေရင်း Yahoo Home Page ကို ရောက်မှ ဒီနေ့ ဟာ Cancer ကနေ Leo zodiac ကို စပြောင်းတဲ့ နေ့ ဖြစ်ကြောင်း ရေးထားတာ ဖတ်လိုက်ရတယ်။ ပုံမှန်ဆို ကျွန်မ့ အဲ့ဒီ zodiac တွေကို စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် သူငယ်ချင်းချို့ ဟာ သူတို့ က Leo zodiac မှာ မွေးသူတွေဖြစ်ကြောင်း ပြောကြလို့  အဲ့ဒီ ရာသီခွင်ကို သိခဲ့ရတယ်။ နောက်ပိုင်းကြတော့ ကျွန်မ ဘ၀မှာ အရေးပါဆုံးသူတစ်ယောက် ဟာလည်း Leo ရာသီခွင်မှာ မွေးဖွါးခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သိလိုက်လို့  (အဲ့ဒီတစ်ယောက်ကတော့ သူ့ ကိုသူ LEO (The Lion) လား၊ ဘာလားဆိုတာ သိပ်စိတ်ဝင်စားမှ မဟုတ်ပါဘူး) LEO ဆိုတာကို မှတ်မှတ်သားသား ရှိနေတာပါ။
တကယ်တော့ Leo zodiac ဆိုတာ ခြင်္သေ့ရုပ်နဲ့  Pluto ဂြိုလ်ကို ကိုယ်စားပြုတယ်ဆိုတာရယ်၊ "Rules by Sun" လို့  ပြောကြတာကို ဖတ်ဖူးလို့  ကျွန်မ မှတ်မိနေတယ်။ တခြား Leo မှာ မွေးဖွားသူတွေဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာတွေကိုတော့ သိပ်ပြီး သတိမထားမိသလို၊ ဂရုလည်း မစိုက်မိဘူး။ ဒီနေ့  Yahoo မှာ ကြည့်လိုက်မိတော့မှ Leo zodiac ဆိုတာ "July 23 to August 22" အတွင်းမှာကို ခေါ်မှန်းသိလိုက်ရတယ်။
ကျွန်မ သိတဲ့ July 23 to August 22 အတွင်းမှာ မွေးဖွား သူတွေပါ...
- တချိန်မှာ ကျွန်မ၏ အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ဖြစ်မယ့် THKZ
- အစ်ကိုတစ်ယောက်လို ချစ်ခင်ရသော အမြဲရန်ဖြစ်ဖက် MPT (Py Py)
- အမြဲ အလုပ်ရှုပ်နေတတ်သော သူငယ်ချင်း AWM
- အစ်မတစ်ယောက်လို ခင်မင်ရသော ZCKK
- Nick Name "Leo" ကို သုံးလေ့ရှိသော MyanmarMp3 ရဲ့ Founder တစ်ယောက်ဖြစ်သူ KKLMT.
- အစ်မတစ်ယောက်လို ချစ်ခင်ရသော Innocent Soul
ကျွန်မ မွေးနေ့ မသိတဲ့ တခြား Leo ရာသီခွင်ဖွား သူငယ်ချင်းတွေလည်း ရှိနိုင်ပါတယ်။ အားလုံးကို ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ တွေကို ပိုင်ဆိုင်ကြပါစေလို့  ဆုတောင်းပေးချင်ပါတယ်။
တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့ လို့  အမြဲပြောနိုင်ကြပါစေ....
Happy Birthday To You All , LEO!!