ကျွန်မ အခုလုပ်နေတဲ့ Company မှာ အလုပ် သဘာဝအရ တခြား Department တွေမှာ အ၀တ်အစားကို Smart ကျနေအောင် ၀တ်ရမယ် ဆိုတာမျိုးနဲ့  တခြားကန့် သတ်ချက်တွေ အရင်ထဲက ရှိပါတယ်။ ဒါပေမယ့် IT Department က လူတွေကိုတော့ နည်းနည်း လွတ်လပ်ခွင့်ပေးထားတယ်။ အမြဲ Computer တွေရှေ့ မှာပဲ ရှိနေတဲ့သူတွေ၊ Customer တွေနဲ့  တိုက်ရိုက် မထိတွေ့ ရသူတွေ အဖို့  တော်ရုံ Formal ၀တ်ရင် လုံလောက်တယ်လို့  ယူဆကြတဲ့ အတွက် ကျွန်မတို့  IT Department က Director တွေ၊ Manager တွေက အရမ်း ဆိုးဆိုးဝါးဝါး မဟုတ်ရင် ဘာမှမပြောဘူး။ သောကြာနေ့ လို "Dress-down Friday"ဆို Jeans တို့  Short pan တွေ ၀တ်တာကို လက်မခံပေမယ့် Polo Shirts တွေ ၀တ်လာလို့ ရပါတယ်။ ခုတော့ မရတော့ပါဘူး။
အမျိုးသားတွေ Tie အမြဲ တပ်ရမယ်ဆိုလို့  Project Manager တွေကအစ အားလုံး စိတ်ညစ်နေကြတယ်။ သူတို့ တွေလည်း Customer တွေနဲ့  Meeting ရှိမှ Tie တတ်လေ့ရှိကြတယ်။ အလုပ်ထဲမှာ Tie အမြဲတတ်ရတယ် ဆိုတာ Bank ကလူတွေပဲ ရှိတယ်ဆိုပြီး ပြောနေသံတွေကြားရတယ်။



Technology Sector မှာလုပ်နေရပြီး ဟိုကန့် သတ် ဒီကန့် သတ်လုပ်တာတွေကို လုံးဝ မကြိုက်ဘူး။ ဘယ်လောက် နောက်ကျပြီး အလုပ်က ပြန်ရပြန်ရ နောက်နေ့  မနက်ဆို ၉း၀၀ ကျော်မှာ အလုပ်ရောက်ရမယ် ဆိုတာမျိုးတွေ ကို IT Department မှာ စည်းကမ်း ထုတ်ထားတာတွေက ရှိသေးတယ်။ ဒီတော့ ဘာဖြစ်လည်း အလုပ်လုပ်ဖို့  ဘယ်လောက် စိတ်ပါနေပါစေဦး ညနေ ၆ နာရီထိုးတာနဲ့  အားလုံး ကွန်ပြူတာတွေ ပိတ်ပြီး ပြန်ကုန်ကြတော့ တာပေါ့။ တစ်ခုတော့ ကောင်းတယ် ညနေ ၅း၀၀ ကျော်မှ လာခိုင်းတဲ့ အလုပ်ဆို Sorry ပဲ နောက်နေ့ မှ လုပ်မယ် ပြောလို့ ရတယ်။ ၅း၃၀ ဆို ဖုန်းတွေ ပိတ်လိုက်ကြပြီ။
ဒီလို အတင်းခိုင်းလို့ မရမှန်းသိတဲ့ Project Manager တချို့ ကတော့ အလုပ်မလုပ်မှာဆိုးလို့  ထင်ပါတယ်၊ တခါတလေမှာ နားလည်မှုနဲ့  နောက်ကျခွင့် ပြုတတ်ပါတယ်။ အဲ့ဒီ နေ့ ဆို Clock In မလုပ်နဲ့ တဲ့။ အားလပ်ရက်မှာ အချိန်ပိုလာလုပ်ကြရရင် နောက်ကြိုက်တဲ့ တစ်ရက်မှာ Official Leave Form မတင်ပဲ အလုပ်မလာနဲ့ ဆိုပြီး ခွင့်ပြုတတ်တယ်။ အင်း နောက်တစ်ပတ်ထဲ ခွင့်ယူရဦးမယ်။ ဒီနေ့ တော့ PM ကပြောတယ်၊ Tie မ၀တ်ချင်ရင် အမြဲ မ၀တ်ပါနဲ့  အလုပ်မှာ Tie တစ်ခုတော့ ထားပါ၊ Slipper တွေ၊ Shoes အပိုတွေကို အလုပ်မှာထားပြီး စီးကျပါလို့ တော့ ပြောတာပဲ။ ဘယ်လို လာဦးမလဲ တော့မသိဘူး။ သေချာတာ ကတော့ နောက်ပိုင်း အလုပ် အားလပ်ရက်တွေမှာ အ၀တ်တွေကို မီးပူ သေသေချာချာတိုက်ရတဲ့ အလုပ်တွေ ပိုလာတော့မယ်၊ ခုရက်ပိုင်းမှာလည်း ဖိနပ်သွားဝယ်ရလို့  ပိုက်ဆံအပို ကုန်ပါတော့မယ်။
1 comment:
အင်း Tie တို့ shoe တို့ဝတ်ရမယ်ဆိုတော့ ကာတွန်းထဲကလိုတော့ သူပြောတာတွေကြီးဝတ်ပြီး ကျန်တာတွေ မဝတ်ပဲနဲ့တော့ မသွားပါနဲ့နော်။
များမကြာမှီမှာ N3 ကို formal နဲ့တွေ့ရအုံးမှာပေါ့. . .
ငါ့သူငယ်ချင်းက ဘယ်လိုဝတ်ဝတ် OK ပါတယ်ဟာ. . .
Post a Comment