Pages

July 14, 2007

Friday the 13th

ဒီနေ့  ၁၃ ရက် သောကြာတဲ့။ Gtalk က သူငယ်ချင်း တချို Status မှာ တင်ထားတာတွေ့ မှ သတိထားမိ လိုက်တယ်။ ၂၀၀၇ ရဲ့ ၁၃ ရက် သောကြာ ဟာ ကံဆိုးခြင်းတွေကို သယ်ဆောင်လာတဲ့ နေ့ ဆိုပြီး အယူကြီးသူ တချို့ က ဒီနေ့ ကို ကြောက်ကြတယ်။ သူငယ်ချင်းတစ်ယောက် ကလည်း သူများနဲ့ မတူအောင် ထူးထူးခြားခြား "Triskaidekaphobia" ဆိုပြီး Gtalk Status တင်သေးတယ်။ ဒီစကားလုံးဟာ ၁၃ ဂဏာန်းကို ကြောက်ရွံ့ မှုကို ပြောချင်တာပါ။ ၁၃ ရက် သောကြာကို ကြောက်ရွံ့  တာကိုကြတော့ paraskavedekatriaphobia ဒါမှမဟုတ် friggatriskaidekaphobia လို့ ခေါ်တယ်လို့  ဖတ်လိုက်ရတယ်။ နောင်ပိုင်း အဲ့ဒီစာလုံးမြင်ရင် ဘာပြောတာလည်း သိအောင်၊ ဗဟုသုတ အနေနဲ့  မှတ်ထားလိုက် ပါတယ်။

Triskaidekaphobia (from greek tris=three, kai=and, deka=ten) is a fear of the number 13
A specific fear of Friday the 13th is called paraskavedekatriaphobia or friggatriskaidekaphobia.

တချို့ လူတွေ ဘာလို့  ဒီလို နေ့ မျိုးကို ကြောက်ကြတာလည်း ဆိုတာ Wikipedia မှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီနှစ်မှာ Firday the 13th ဖြစ်တာ ဘယ်နှစ်ရက်ရှိနေလည်း သိချင်လို့  ရှာကြည့်မိတယ်။ ဒီနှစ်မှာ (April 13, July 13) ၂ ရက် ရှိတယ်ဆိုတော့ ဒီနှစ်အတွင်းမှာ ကြောက်တတ်သူတွေ နောက်ထပ်ကြောက်စရာရက် မရှိတော့ဘူးပေါ့။ တချို့ နှစ်(2008) တွေမှာ ၁ ခါပဲ ကြပေမယ့် တချို့ နှစ်တွေ (2009) မှာဆို ၃ ရက်တောင် ရှိတယ်။ Friday the 13th တစ်ရက်မှ မရှိတဲ့ နှစ်တော့ မတွေ့ မိဘူး။
ကျွန်မက နံပါတ် ၁၃ နဲ့  ပတ်သက်ပြီး ဘာမှ အစွဲအလန်း မရှိဘူး။ ၁၃ ရက် သောကြာနေ့  ဆိုတာကြီးကိုလည်း ထူးထူးခြားခြား ကြောက်လန့် တာမျိုး မရှိပါဘူး။ ကျွန်မအတွက် ဒီနေ့ ဟာ ထူးထူးခြားခြား ကံဆိုးတာ၊ ကံကောင်းတာတွေ ဘာမှ မဖြစ်တဲ့ သာမန် သောကြာနေ့ တစ်နေ့ ပါပဲ။

3 comments:

Mr. Programmer said...

I Love 13th. :)

Anonymous said...

Hote tae, Ma Nay yae.

I am also not afraid of 13rd number. I wear No. 13 jersey when i played soccer.

I dun wan to say 13rd is lucky number. But it is just same as other numbers.

Zin

Nay Nay Naing said...

Bro Mr. Programmer and Zin,

Thanks for your comments and glad to know that you two are not triskaidekaphobia!