Pages

December 07, 2008

အိမ် - မိုဃ်းဇော်

အိမ်

အိမ်ကလေးကသေးတယ်
သဘောထာကြီးပါ ငါ့မိန်းမ။

ခြံကလေးကကျဉ်းတယ်
အမြင်ကျယ်ပါ ငါ့သမီး။

ခေါင်မိုးကနိမ့်တယ်
စိတ်ထားမြင့်ပါ ငါ့သား။

ဒုက္ခကများတယ်
အလိုနည်းပါ ငါ့ညီမ။

လူတွေကသေတယ်
သတ္တိမွေးပါ ငါ့ညီ။

ဘ၀ကတိုတယ်
စိတ်ရှည်ပါ ငါ့သူငယ်ချင်း။

သိပ်အထာမကျတဲ့
ကဗျာညမှာ
လိပ်ပြာလှအောင်နေကြစို့။

မိုဃ်းဇော်
( မဟော်သဓာ သုတရသစုံ မဂ္ဂဇင်း၊ အမှတ် ၁၈၊ ဇူလိုင် ၂၀၀ရ )

Credit to MgPo from MMCP forum ခံစားမှု့ ကဗျာစာစုများမှ

2 comments:

:P said...

ကဗျာကောင်းလေးပဲဟေ့

Nay Nay Naing said...

မိုဃ်းဇော် ရဲ့ ကဗျာတွေက ကောင်းတာများတယ်..