Pages

December 24, 2008

My Blog : IE vs Other Browsers

ဟိုတစ်နေ့ က သူငယ်ချင်းတစ်ယောက်က မေးတယ်။ ကျွန်မ ဘလော့ရဲ့ အရောင်က ဘာအရောင်လဲတဲ့။ ကြည့်တဲ့ Browser ပေါ်မူတည်ပြီး အရောင်ကွာမယ်လို့ ဖြေလိုက်တယ်။
ဒီဘလော့ကို IE Browser နဲ့ ကြည့်မယ်ဆို မြင်ရတဲ့အရောင်နဲ့  တခြား Browsers တွေနဲ့ ကြည့်မယ်ဆို မြင်ရတဲ့ အရောင် မတူဘူး။ စပြီး Template ပြောင်းကထဲက အဲဒီလို မတူအောင် လုပ်ထားတာပါ။ လူအများစုက ကိုယ်သုံးနေကျ Browser တစ်ခုကိုသာ အမြဲသုံးလေ့ ရှိကြတော့ သတိမထားမိကြဘူး ထင်ပါတယ်။ အရင်သုံးတဲ့ Template အဖြူရောင် နောက်ခံနဲ့  တုန်းကလဲ အခုလိုပဲ တချို့ နေရာလေးတွေမှာ မတူအောင် လုပ်ထားတယ်။ လက်ရှိသုံးထားတဲ့ Template ပုံစံက ရိုးရိုးရှင်းရှင်းပုံစံဆိုတော့ နောက်ခံအရောင်ကိုပဲ မတူအောင် လုပ်ထားဖြစ်ခဲ့တယ်။

ကျွန်မ သူငယ်ချင်းက အဲဒီနေ့ မှ IE သုံးပြီး ကျွန်မ ဘလော့ကို ကြည့်ဖြစ်တယ် ထင်ပါတယ်။ မေးတယ်။ ဘာကြောင့် အဲလို လုပ်ထားတာလဲ တဲ့။ ကျွန်မလည်း ဘာရယ် မဟုတ်၊ လုပ်ချင်လို့  လုပ်ထားတာလို့  အရှင်းဆုံးဖြေပေး လိုက်တယ်။ တမျိုးစီ မြင်ရတော့ အပြောင်းအလဲ ဖြစ်တာပေါ့။ ဖြစ်နိုင်ရင် Browser တမျိုးနဲ့ ကြည့် တရောင်စီ မြင်ရအောင် စမ်းကြည့်ချင်တဲ့ စိတ်ရှိပေမယ့် အချိန်မပေးနိုင်လို့  မလုပ်အားသေးဘူး။

ဒါနဲ့ ... ဒီနေ့  Christmas Eve နေ့ တ၀က်ပဲ ၁ နာရီအထိပဲ အလုပ်လုပ်ရမယ်။ ၁၂ မှာ နေ့ လယ်စာ ထမင်းထွက် စားမယ်။ ပြီးရင် အိမ်ပြန်ပြီ။ အားလုံးပဲ Happy Holidays ပါ။

5 comments:

Myo Kyaw Htun said...

Nice !!

By the way, Search engine က indexing မလုပ်အောင် ဒီဘလော့ဂ်ကို လုပ်ထားတာလား ?

I found in header code
<meta content='NOINDEX,NOFOLLOW' name='robots'/>

:D

:P said...

ဂလိုလား.. အိုင်အီးနဲ့ ကြည့်ကြည့်မယ်
လာလေ့ ..............

:P said...

IE မှ မန့်ပါသည်။

Nay Nay Naing said...

ကိုဖြိုး >> indexing နဲ့ ပတ်သက်တာကတော့ တမင်လုပ်ထားတာ မဟုတ်ဘူး။ :D

sin dan lar >> ကြည့်ပြီးသွားပြီပေါ့ . :P

JulyDream said...

အလည်တခေါက် လာရောက် လည်ပတ်သွားပါတယ်။ ပျော်ရွှင်ဖွယ် ခရစ်စမတ် ကာလလေး ဖြစ်ပါစေဗျာ။